Main menu

Background

စင်ကာပူအီးကောမတ်ဈေးကွက် ၂၀၂၅ ခုနှစ်မှာ စင်ကာပူဒေါ်လာ ခုနစ်ဘီလီယံကျော် ရောက်ရှိမည်

Fri, 06/03/2016 - 15:02 -- journal_editor

၂၀၂၅ ခုနှစ်မှာ စင်ကာပူနိုင်ငံရှိ အီး-ကောမတ်ဈေးကွက်က   အမေရိ ကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ (စင် ကာပူဒေါ်လာ ၇ ဒသမ ၄၆ ဘီလီယံ) အထိရှိမယ်လို့   ခန့်မှန်းထားကြောင်း တီးမားဆက်နဲ့
 ဂူးဂဲတို့ရဲ့ မေ ၂၄ ရက် ကထုတ်ပြန်တဲ့ အစီရင်ခံစာကို ကိုးကား ပြီး  ချန်နယ်နယူးအေးရှ   သတင်းမှာ ဖော်ပြပါတယ်။ ဖော်ပြပါ   ပမာဏက ၂၀၁၅ ခုနှစ်က အမေရိကန်ဒေါ်လာ ၄ ဘီလီယံအထိရောက်ရှိ
ခဲ့တဲ့ ကာစီနို လုပ်ငန်းရဲ့   ဝင်ငွေနဲ့နှိုင်းယှဉ်ရင် ပိုမို များပြားခဲ့တာကို  တွေ့ရပါတယ်။အီးကောမတ်     ဈေးကွက်က ၂၀၁၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ    ရှိခဲ့တဲ့အတွက် အွန်လိုင်းရောင်းချမှုက   လက်လီရောင်း ချမှုစုစုပေါင်းရဲ့ ၂ ဒသမ ၁ ရာခိုင်နှုန်း အထိပါဝင်လာတာကို တွေ့ရပါတယ်။ အဆိုပါနှုန်းထားကိုကြည့်ရင်  စစ်တမ်း ကောက်ယူခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အမြင့်ဆုံးဖြစ်ပါတယ်။ လာမယ့် ၂၀၂၅ ခုနှစ်ရောက်ရှိပါက စင်ကာပူနိုင်ငံရဲ့ လက်လီရောင်းချမှုမှာ အီးကောမတ်ဈေးကွက်ရဲ့     ပါဝင်မှု အချိုးအစားက ၆ ဒသမ ၇ ရာခိုင်နှုန်း အထိရောက်ရှိမယ်လိုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စစ်တမ်းကောက် ယူခဲ့တဲ့    နိုင်ငံ တွေထဲမှာ   အင်ဒိုနီးရှား၊   ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင် း၊ မလေးရှားနဲ့ စင်ကာပူ နိုင်ငံတို့ ပါဝင်ပါတယ်။Grab နဲ့  Uber  တို့အပါအဝင် အွန်လိုင်းစနစ်သုံးတက္ကစီ ဝန်ဆောင်မှုလုပ်ငန်းတွေကို လည်း အစီ ရင်ခံစာမှာ အလေးပေး  ဖော်ပြထားပါ တယ်။ ၂၀၁၅ ခုနှစ်မှာ    အွန်လိုင်းစနစ်သုံး တက္ကစီဝန်ဆောင်မှု ဈေးကွက်ရဲ့ဝင်ငွေ က  အမေရိကန်ဒေါ်လာ သန်း ၈၀၀ အထိရောက်ရှိခဲ့တဲ့အတွက် အင်ဒိုနီးရှား နိုင်ငံနဲ့တူညီနေတာကို တွေ့ရပါတယ်။ အားလုံးခြုံကြည့်ရင် ဒေသတစ်ခုလုံး ရဲ့ အွန်လိုင်းတက္ကစီ ဝန်ဆောင်မှုတန်ဖိုးက ၂၀၁၅ ခုနှစ်က အမေရိကန်ဒေါ်လာ ၂  ဒသမ ၅ ဘီလီယံရှိပြီး၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ အ ထိ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။အရှေ့တောင်အာရှ ဒေသမှာရှိ တဲ့ အင်တာနက်သုံးစွဲသူ လက်ရှိ အရေ အတွက်က သန်း ၂၆၀ ရှိပြီး  အင်တာ နက်ဖွံ့ဖြိုးမှုအလျင်အမြန်ဆုံး ဒေသ ဖြစ်ကြောင်း  စစ်တမ်းအရတွေ့ရပါ တယ်။ ၂၀၂၀ ပြည့်နှစ်
မှာ အင်တာ နက်သုံးစွဲသူဦးရေ သန်း ၄၈၀ ရှိမယ် လို့ ခန့်မှန်းပါတယ်။ ဒါကြောင့် ၂၀၂၅ ခုနှစ် မှာ အရှေ့တောင်အာရှရဲ့ အင်တာနက် စီးပွားရေးက အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ အထိရှိမယ်လို့ ခန့်မှန်း
ထားပါတယ်။