Main menu

Background

စီးပွားရေးလုပ်ငန်းများကို အထောက်အပံ့ပေးဖို့ဘဏ်လုပ်ငန်းကဏ္ဍကို ဗီယက်နမ်ဗဟိုဘဏ်ကတိုက်တွန်း

Wed, 06/08/2016 - 11:26 -- journal_editor

           ယခုအချိန်မှစပြီး နှစ်အကုန်အထိချမှတ်ဆောင် ရွက်မယ့် ငွေကြေးမူဝါဒတွေမှာ ဘဏ်လုပ်ငန်းစနစ် ဘေးကင်းလုံခြုံရေးနဲ့ ငွေကြေးဖောင်းပွမှု တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ရေးလုပ်ငန်းများကို ဦးစားပေး အဖြစ် ဆောင်ရွက်ကာ စီးပွားရေးလုပ်ငန်းများကို အထောက်အပံ့ပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ဖို့လိုကြောင်း ဗီယက်နမ် ဗဟိုဘဏ် ညွှန်ကြားချက်အမိန့်ကို ကိုးကားပြီး ဗီယက်နမ် သတင်း အေဂျင်စီရဲ့သတင်းမှာ ဖော်ပြပါ တယ်။
         သက်ဆိုင်ရာအေဂျင်စီများက မေခရို စီးပွားရေး ငွေကြေးဈေးကွက်နဲ့ ချေးငွေလုပ်ငန်းများရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်လေ့လာသွားမှာဖြစ်ကြောင်းနဲ့ ငွေဖြစ်လွယ်မှုနဲ့ ချေးငွေအဖွဲ့အစည်းများအတွက် ရင်းနှီးေ ငွရရှိစေမယ့် အရင်းအမြစ်များဖြစ်ပေါ်စေရေးကို ရည်ရွယ်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ အစီအမံများကို ဆောင်ရွက်ရမှာဖြစ်ကြောင်း ဗီယက်နမ် ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးလေမင်ဟန်က ပြောပါတယ်။ ဒါပေမယ့် ယခုနှစ်အတွ င်း ငွေကြေး ဖောင်းပွမှုကို ငါးရာခိုင်နှုန်းအောက်ထားရှိဖို့ သတ်မှတ်ထားတဲ့ အစိုးရရဲ့ရည်မှန်းချက်ကို ထိခိုက်မှုမရှိအောင် အေဂျင်စီများက ဆောင်ရွက်သွားရပါမယ်။ "ငွေဖြစ်လွယ်မှုကို အာမခံချက်ရှိစေရန်အတွက် ရင်းနှီးငွေအရ င်း အမြစ် ခွဲဝေဖြန့်ကျက်ပြီး ချေးငွေအဖွဲ့အစည်းတွေက ချေးငွေလုပ်ငန်းများကို ချိန်သား ကိုက်ညီမှုရှိအောင် ဆောင်ရွက်ရပါမယ်။ ချေးငွေ ဖွံ့ဖြိုးမှုနှုန်းကိုလည်း ရင်းနှီးငွေဖြန့်ကြက်ထားမှုနဲ့ ဗဟိုဘဏ်ကချမှတ်ပေးတဲ့ ချေးငွေခွဲ တ မ်းများနဲ့အညီ ဖွံ့ဖြိုးမှုရှိအောင်ဆောင်ရွက်ပြီးချေးငွေဖွံ့ဖြိုးမှုကို လုံခြုံ စိတ်ချမှုရှိအောင်ဆောင်ရွက်ရပါမယ်။ စီးပွားရေး လုပ်ငန်းများအတွက်လည်း ချေးငွေရရှိမှုလွယ်ကူဆောင် ရွက်ပေးရပါမယ်"လို့ ညွှန်ကြားချက်ထဲမှာ ဖော်ပြထား ပါတယ်။ ညွှန်ကြားချက်အရ ချေးငွေဖွံ့ဖြိုးမှုနှုန်း မြင့် မားပြီး စွန့်စားမှုအလားအလာများတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ချေးငွေအဖွဲ့အစည်းများအား တွေ့ရှိပါက အနီးကပ်ကြီးကြပ်ပြီး သတိပေးချက်တွေ ထုတ်ပြန်သွားမှာ ဖြ စ်ပါတယ်။ ဒီလိုဆောင်ရွက်မယ့်လုပ်ငန်း တွေထဲမှာ အထူးသဖြင့် အိမ်ခြံ မြေ၊ ဘီအိုတီ  (Build-Transfer-BT) နဲ့ ဘီတီ  (Build-Transfer-BT) စီမံကိန်းတွေ ပါဝင်ပါတယ်။