Main menu

Background

ဧပြီလမှာ အမေရိကန်စီးပွားရေးအနည်းငယ်တိုးတက်ကြောင်းဗဟိုဘဏ်စစ်တမ်းမှာ ဖော်ပြ

Wed, 06/08/2016 - 11:37 -- journal_editor

            အမေရိကန်နိုင်ငံရဲ့ စီးပွားရေးက ဧပြီမှ မေလအထိအနည်းငယ်တိုးတက် မှုရှိခဲ့ကြောင်းနဲ့ အလုပ်သမားဈေးကွက် အကျပ်အတည်းကြောင့် လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းများကို မြင့်တက်စေခဲ့ ကြောင်း ဇွန် ၁ ရက်က  ထု တ်ပြန်တဲ့ အမေရိကန်ဗဟိုဘဏ် စစ်တမ်းမှာ ဖော်ပြပါတယ်။ စားသုံးသူသုံးစွဲမှုနဲ့ အိမ်ခြံမြေဈေးကွက်ဖွံ့ဖြိုးမှုကြောင့် ခရိုင် အများစုမှာ ဧပြီမှ မေလလယ်အထိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအနည်းငယ် ရှိခဲ့ကြောင်း ခရိုင် ၁၂ ခရိုင်ရဲ့ စီးပွားရေး အခြေအနေကို ဆန်းစစ်ဖော်ပြတဲ့ နောက်ဆုံးထုတ် Beige Book မှာ ဖော်ပြ ထားတာကိုရှင်ဝှာသတင်းက ကိုးကား ဖော်ပြပါတယ်။
              ဧပြီမှစပြီး  အလုပ်အကိုင်ရရှိမှု အနည်းငယ်တိုးတက်ခဲ့ကြောင်း ၊ ဒါပေမယ့် ခရိုင်အများစုမှာရှိတဲ့ လုပ်သားဈေး ကွက်တွေမှာ အကျပ်အတည်းရှိတာကို တွေ့ရကြောင်း စစ်တမ်းမှာ  ဖော်ပြပါတယ်။ လုပ်သားဈေးကွက် မှာ အကျပ် အတည်းဖြစ်ပေါ်မှုနဲ့ အတူလုပ်ခလစာနဲ့ ကုန်ဈေးနှုန်းတွေက  ဧပြီကစပြီး တိုး တက်လာတာကို တွေ့ရပါတယ်။ အမေရိကန်စီးပွားရေးအခြေ အနေဆက်လက်ကောင်းမွန်လာရင် လာမယ့်လတွေမှာ ဗဟိုဘဏ်အတိုးနှု န်းကို မြှင့်တင်ပေးမှာဖြစ်ကြောင်း ဗဟိုဘဏ်အရာရှိများကပြောကြားထားပြီး ဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ မူဝါဒရေးဆွဲရေး အဖွဲ့ဖြစ်တဲ့ ပြည်ထောင်စုလွတ်လပ် သော  ဈေးကွက်ကော်မတီက ဇွန် ၁၄ ရက်နဲ့ ၁၅ ရက်မှာ အစည်း အဝေး ကျင်းပပြီး အတိုးနှုန်းမြှင့်သင့်မမြှင့်သင့် ဆွေးနွေး မှာ ဖြစ်ပါတယ်။

 

ဉာဏ်တင်