Main menu

Background

အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်း တိုးမြှင့်ပါက ကမ္ဘာ့ဈေးကွက်များက ရင်ဆိုင်နိုင်မယ့်အနေအထားရှိ

Wed, 06/08/2016 - 11:42 -- journal_editor

           အမေရိကန်ဗဟိုဘဏ်က နွေရာသီမှာ ဗဟိုဘဏ်အတိုး နှုန်းကိုမြှင့်တင်မယ်ဆိုရင် ကမ္ဘာ့ဈေးကွက်တွေကလည်း ရင် ဆိုင်နိုင်ဖို့ အသင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း မေ ၃၀ ရက်က စိန့်လူးဝစ်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျိမ်းဘူးလ တ်ရဲ့ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပါတယ်။ ဘူးလတ်က မူဝါဒအပြောင်းအလဲ ပြုလုပ်မယ့်ရက်ကိုတော့ အတိအကျ ပြောကြားခြင်း မရှိပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့  ဂျီဒီပီ တိုးတက်မှုနှုန်း နာလန် ထူမှုက ဒုတိယသုံးလပတ်မှာ အကောင်အထည်ပေါ် လာတော့မှာဖြစ်ကြောင်း သူက  ပြောပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက အတိုးနှုန်းမြှင့်တင်မယ့်အချိန်ကို သူကအတိအကျ ပြောကြားခြင်းမရှိပါဘူး။  ဇွန်နဲ့ ဇူလို င်လ မှာမူဝါဒဆိုင်ရာ အစည်းအဝေးနှစ်ခု ကျင်းပဖို့ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စု ပထမသုံးလပတ် စီးပွားရေးတိုးတက်မှုနှုန်းက မူလခန့်မှန်းထားသလောက် အားနည်းမှုမရှိတာကို တွေ့ရပြီးနောက် သူ့ရဲ့ ဝေဖန်သုံးသပ် ချက်ထွက်ပေါ် ခဲ့တာဖြစ်ပါတယ်။
           ဒုတိယသုံးလပတ်မှာ စီးပွားရေးဖွံ့ဖြိုးတော့မယ့် အလားအလာများနဲ့အတူ အမေရိကန်တို့ရဲ့ ဝင်ငွေကလည်း ခိုင်မာတိုးတက်လာတဲ့အတွက် အမေရိကန်ဗဟိုဘဏ်အတိုး နှုန်းကို ဇွန်မှာ အစောဆုံးထားပြီး မြှင့်တင်မယ့် အလားအလာရှိကြောင်း စီးပွားရေးပညာရှင်တွေက ခန့်မှန်းပါတယ်။အကယ်၍ အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်သာ သမ္မတအဖြစ် ရွေးချယ်ခံရပါက မူဝါဒပြောင်း၊ မပြောင်း  မစ္စတာဘူးလတ် ကို မေးမြ န်းခဲ့ပါတယ်။ အမေရိကန်ဗဟိုဘဏ်က လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ် ပြီး နိုင်ငံရေးအရ  ဖိအားပေးမှုကို  လိုက်နာမှာမဟုတ်ကြောင်း သူက ပြောပါတယ်။