Main menu

Background

အိန္ဒိယနိုင်ငံက အီလက်ထရွန်းနစ်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၅၆ ဘီလီယံရင်းနှီးမြှုပ်နံှဖို့ ရည်မှန်း

Wed, 06/08/2016 - 12:21 -- journal_editor

        တိုးတက်လျက်ရှိနေတဲ့ ဝယ်လို အားကိုဖြည့်ဆည်းဖို့အတွက် အီလက် ထရွန်းနစ်ကဏ္ဍမှာ လာမယ့်လေးနှစ်အတွင်း အိန္ဒိယနိုင်ငံက အမေရိကန် ဒေါ်လာ ၅၆ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ခန့်မှန်းထားကြောင်း တိုင်းမ်အော့ အိန္ဒိ ယသတင်းမှာ ဖော်ပြပါတယ်။ "၂၀၂၀ ပြည့်နှစ်   ရောက်ရင် အီလက်ထရွန်းနစ်ကဏ္ဍရဲ့ ဝယ်လိုအား ကို ဖြည့်ဆည်းနိုင်ဖို့အတွက် အမေရိ ကန်ဒေါ်လာ ဘီလီယံ ၄၀၀ ဖိုးထုတ် လုပ်ပြီး ပြည်ပကိုအမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ ဖိုး  တင်ပို့မယ်လို့ ခန့်မှန်း ထားပါတယ်" လို့ အီလက်ထရွန်းနစ်နဲ့ အိုင်တီဝန်ကြီးဌာန  ညွှန်ကြားရေးမှူး အက်စ်ကေမာဝါယာက ပြောပါတယ်။
          အီလက်ထရွန်းနစ်ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အိန္ဒိယနိုင်ငံ က ၁၀၀ ရာခိုင်နှုန်း ခွင့်ပြုထားပြီး အစိုးရကထောက်ပံ့ကြေးကို ၂၅ ရာခိုင် နှုန်းအထိပေးထားကြောင်း မေ ၃၁ ရက် မှ ဇွန် ၃ ရက်အထိ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့  "India Connect"  စီးပွား ရေးဖိုရမ်မှာ သူကပြောပါတယ်။ နိုင်ငံအတွင်း  တည်ဆောက် လျက်ရှိတဲ့ ခေတ်မီမြို့တော်  (Smart City)၉၈ ခုကနေ   တိုးတက်လာမယ့် ဝယ်လိုအားကြောင့် လာမယ့်လေးနှစ် အတွင်းမှာ အီလက်ထရွန်းနစ်ကဏ္ဍရဲ့ ထုတ်လုပ်မှုကို အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ဖိုးထပ်မံတိုးတက်အောင် ဆောင်ရွက်ဖို့လိုကြောင်း သူကရှင်း လင်းတင်ပြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လက်ရှိအီလက်ထရွန်းနစ် ဝယ်လိုအားက အမေရိ ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ရှိပါတယ်။ ယခုအချိန်ထိ အီလက်ထရွန်းနစ်ကဏ္ဍအတွက် လက်ခံရရှိထားတဲ့ ရင်းနှီးမြှုပ်နှံမှုက အမေရိကန် ဒေါ်လာ ၁၆ ဘီလီယံရှိပါတယ်လို့ မာဝါယာက ခန့်မှန်းပါတယ်။
           ဤကဏ္ဍကနေ ရင်းနှီးမြှုပ်နှံမှု တွေပိုမိုဆွဲဆောင်နိုင်ဖို့အတွက် ဈေး ကွက်ရှာဖွေရေးလှုပ်ရှားမှုတွေကို ကမ္ဘာတစ်ဝန်းမှာ ဆောင်ရွက်လျက်ရှိပါ တယ်။ အီလက်ထရွန်းနစ် ကဏ္ဍရဲ့ ပို့ကုန်တန်ဖိုးက  အမေရိကန်ဒေါ်လာ ဘီလီယံ ၈၀ အထိ ရှိမယ်လို့လည်း မာဝါယာက ပြောပါတယ်။ အဆိုပါပြပွဲကို စင်ကာပူပြပွဲ ဝန်ဆောင်မှုလုပ်ငန်းက စီစဉ်ကျင်းပ တာဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ကုမ္ပဏီပေါင်း ၅၄ ခုက အသံလွှင့် လုပ်ငန်း၊ ဆက်သွယ် ရေး အစရှိတဲ့ အီလက်ထရွန်နစ်နဲ့ဆိုင်တဲ့ ကုန်ပစ္စည်းတွေကို ပြသခဲ့ကြပါတယ်။