Main menu

Background

၂၀၂၅ ခုနှစ် အာဆီယံစီးပွားရေးအသိုက်အဝန်းစီမံချက်မှာ အကောက်ခွန်မဟုတ်တဲ့ အတားအဆီးဖယ်ရှားရေးကို ဦးစားပေး

Wed, 06/08/2016 - 13:03 -- journal_editor

        ဒေသတွင်းစီးပွားရေး  ပေါင်းစည်းမှုမှထွက်ပါ် လာမယ့် အကျိုးစီးပွားများကို အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများ (အက်စ်အမ်အီး) ရယူခံစားနိုင် စေရန်အတွက် အကောက်ခွန်မဟုတ်တဲ့ အတားအဆီး များကို ဖယ်ရှားရေး၊ စီးပွားရေးလုပ်ငန်းသစ်များဖန်တီး ရေးနဲ့ ရေရှည်တည်တံ့တဲ့ စီးပွားရေးဖွံ့ဖြိုးမှုထူထောင် ရေးတို့ကို ၂၀၁၅ ခု  အာဆီယံစီးပွားရေးအသိုက်အဝန်း စီမံချက်မှာ ဦးစားပေးအဖြစ်  ချမှတ်ထားကြောင်း ချန်နယ်နယူးေ အရှသတင်းမှာ ဖော်ပြပါတယ်။
        အေအီးစီက  ထူးထူးခြားခြား  အစီအမံတွေကို အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ နယ်နိမိတ်ဖြတ်ကျော် ဆက်ဆံရေးများကို အရှိန်အဟုန်မြှင့်   ဆောင်ရွက်နိုင်ဖို့အတွက် ချမှတ်ထားတဲ့ အစီအစဉ်တွေကို စင်ကာပူကုန်သွယ်ရေးနဲ့ စက်မှုလုပ် ငန်းဝန်ကြီး လင်းဟင်းကျန်က မေ ၃၁ ရက်မှာ ကျင်းပတဲ့ ၂၀၁၆ ခုနှစ်အာဆီယံကွန်ဖရင့်မှာ ပြောပါတယ်။ အာဆီယံက အကောင်အထည်ဖော်တော့မယ့် ASEAN  Single Window နဲ့ Self- Certification Scheme တွေကြောင့်   အကောက်ခွန်ရှင်းလင်းရာမှာ ပိုမိုမြန်ဆန်ပြီး  စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာမှာ အချိန်ငွေကြေးကုန်ကျစရိတ်  သက်သာစေလိမ့်မယ် လို့သူကပြောပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အတွ က် ပွင့်လင်းမြင်သာ၊ တည်ငြိမ်ပြီးကြိုတင်ခန့်မှန်းနိုင်တဲ့ ပတ်ဝန်းကျင် မျိုးကိုဖန်တီးပေးနိုင်ဖို့အတွက် အာဆီယံကပယ်ဖျက် ပေးမယ့် အကောက်ခွန်မဟုတ်တဲ့  အတားအဆီးတွေ ထဲမှာ သွင်းကုန်လိုင်စင်လုပ်ထုံး လုပ်နည်းတွေက  အစ ပြုပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းအတွက် အခြားလိုအပ် ချက်တွေပါဝင်ကြောင်း သူကပြောပါတယ်။
        ၂၀၂၅ ခုနှစ် အေအီးစီအသေးစိတ်စီမံချက်က ခေတ်မီစီးပွားရေးစနစ်မှာ  လိုအပ်တဲ့နယ်ပယ်တွေကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးမယ့်အပြင် အီးကောမတ်နဲ့ ကုန်ထုတ်လုပ်မှုမှာပေါ်ထွန်းလာမယ့် တခြားအ လားအလာများကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လွယ်ကူချောမွေ့မှုရှိစေမယ့်နည်း လမ်းတွေကိုဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာအခြေအနေကို ပြန်လည်သုံးသပ်ပါက အာဆီယံရဲ့ ၂၀၁၅ ခုနှ စ်အေအီးစီ အသေးစိတ်စီမံချက်ပါ ရည်မှန်းချက်များရဲ့ ၉၃ ရာခိုင်နှုန်းကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ၂၀၁၅ ခု အေအီးစီစီမံချက်ပါ  ကျန်အစီအမံတွေကို ယခုနှစ်မှာ ဆက်လက်အကောင်အထည်ဖော်မှာ ဖြစ် ပါတယ်။

 

ဉာဏ်တင်