Main menu

Background

အိုပက်အဖွဲ့အစည်းအဝေးမှာ ရေနံထုတ်လုပ်မှုထိန်းချုပ်ဖို့ သဘောတူညီမှုမရ

Wed, 06/08/2016 - 15:02 -- journal_editor

             အီရန်နိုင်ငံက ရေနံထုတ်လုပ်မှု တိုးမြှင့်ရန် တိုက်တွန်းလျက်ရှိတဲ့အတွက် ရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့ (အိုပက်) အစည်းအဝေးမှာ ထုတ်လုပ် မှုဆိုင်ရာမူဝါဒကို ချမှတ်နိုင်ခြင်း  မရှိပေမယ့် ဈေးကွက်အတွင်းသို့ ရေနံ များ ကို  အလျှံပယ်တင် ပို့မှာ မဟုတ်ကြောင်း ဆော်ဒီအာရေးဘီးယားနိုင်ငံ က ဇွန် ၂ ရက်က ကတိပြုခဲ့ကြောင်း  ဒိုမိန်း ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြပါတယ်။ ၂၀၁၅ ခုနှစ်ဒီဇင်ဘာကကျင်းပတဲ့ အစည်း အဝေးမှာ ရေနံထုတ်လုပ်မှု  ရည်မှန်းချက်ချမှတ် ဖို့ကြိုးပမ်းချက်က နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အောင်မြင်မှု မရရှိခဲ့ပါဘူး။ ၂၀၁၅ ခုနှစ် အစည်းအဝေးနောက်ပိုင်း ကျင်းပတဲ့ အစည်းအဝေးအများအပြားမှာလည်း ဆော်ဒီအာရေးဘီးယားနဲ့ အီရန်နိုင်ငံတို့အကြား တင်းမာမှုတွေရှိခဲ့ပါတယ်။
             ဆော်ဒီအာရေးဘီးယားနိုင်ငံက စေ့စပ်ညှိနှိုင်းလိုတဲ့ဆန္ဒရှိကြောင်း ရေနံဝန်ကြီးသစ် ခါလစ်အယ်ဖာလစ်က ပြသလာခြင်းနဲ့ အိုပက်အဖွဲ့ အထွေထွေအတွင်းရေးမှူးသစ်အဖြစ် နိုင်ဂျီးရီးယားနိုင်ငံမှ မိုဟာမက်ဘာကင်ဒို ကို ရွေးချယ်ဖို့ အိုပက်အဖွဲ့က တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခြင်းစတဲ့အချက်များကြောင့် ဇွန် ၂၁ ရက်မှာ  တင်းမာမှုတွေ လျော့ပါးခဲ့ရပါတယ်။ ကျဆင်းနေတဲ့အိုပက်အဖွဲ့ရဲ့  အရေးပါမှု ကိုပြန်လည်မြှင့်တင်ဖို့နဲ့ ဈေးနှု န်း နဲ့ရင်းနှီးမြှုပ်နှံမှုကို ကျဆင်းစေတဲ့ ဈေးကွက်ဝေစုတိုက်ပွဲ အဆုံး သတ်ဖို့အတွက် ကြိုးပမ်းမှုတစ်ရပ်အဖြစ် ဆော်ဒီအာရေးဘီးယားနဲ့ ပင်လယ်ကွေ့မဟာမိတ် နိုင်ငံ တွေက  အမြင့်ဆုံးထုတ်လုပ်မှု  ကန့်သတ်ချက် အသစ်ကို သ တ်မှတ်ဖို့ကြိုးပမ်းခဲ့ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။  
           ဒါပေမယ့် ကုန်ထုတ်လုပ်မှုမူဝါဒနဲ့ အမြင့်ဆုံးထုတ်လုပ်မှုပမာဏ သတ်မှတ်ဖို့အတွက် ကြိုးပမ်းချက်မအောင်မြင်ခဲ့ရကြောင်း အိုပက်သတင်း ရပ်ကွက်က ပြောပါတယ်။ သဘောတူညီမှုမရရင် အိုပက်အဖွဲ့မှာ ရေနံစိမ်း  အ များဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံက  ပြိုင်ဘက်တွေကို ဒဏ်ခတ်ပြီး ဈေးကွက်ဝေစုပိုမိုရဖို့အတွက် ထုတ်လုပ်မှုမြှင့်တင်မှာကို ဈေးကွက်ကစိုးရိမ်လျက်ရှိပါတယ်။ ဒါပေမယ့် ဆော်ဒီအာရေး ဘီးယား ရဲ့ ဆောင်ရွက်မှုကြောင့် ဈေးကွက်ကို စိတ်သက်သာ မှုရစေခဲ့ပါတယ်။ "ဆော်ဒီအာရေးဘီးယားက ရေနံတွေ အလျှံပယ်ထုတ်လုပ်မှာကို စိုးရိမ်စရာအကြောင်း လုံးဝမရှိပါဘူး"လို့ ဈေးကွက်အတွင်းသို့ ရေနံတွေ တိုးမြှင့်တင် ပို့ဖို့ ရှိမရှိ မေးခွန်းနဲ့ပတ်သက်လို့ မေးမြန်းချက်ကိုဖြေကြားရာမှာ သူက ပြောပါ တယ်။      

 

ဉာဏ်တင်