Main menu

Background

အာဆီယံဒေသကို ကမ္ဘာ့ခေါင်းဆောင်များ ချဉ်းကပ်လာ

Wed, 06/15/2016 - 09:41 -- journal_editor

          ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက  ဂျီ-၇ အုပ်စုဝင်  နိုင်ငံခေါင်းဆောင်များနဲ့  ဂျပန်နိုင်ငံမှာ  ဆွေးနွေးနိုင်ရေးအတွက် မေ ၂၆ ရက်မှာ လာအိုနဲ့ ဗီယက်နမ် အပါအဝင် အရှေ့တောင်အာရှမှ  ခုနစ်နိုင်ငံခေါင်းဆောင်တွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။ အာဆီယံဒေသမှာ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလိုအပ်ပုံကိုလည်း အစည်းအဝေးမှာ  အလေးပေးပြောကြားခဲ့ကြောင်း ကိုရီးယားတိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ မေ ၂၃ ရက် ကလည်း အေ မရိကန်သမ္မတအိုဘားမား  ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိပြီး ဗီယက်နမ်နိုင်ငံအား စစ်လက်နက်ပစ္စည်းရောင်းချမှု ပိတ်ပင်ထား တာကို အပြည့်အဝရုပ်သိမ်းပေးခဲ့ကာ ဗီယက်နမ်နဲ့ ပုံမှန်ဆက်ဆံမှုပြုလုပ်သွား မှာဖြစ်ကြောင်း ကြေ ညာခဲ့ပါတယ်။
           မေ ၁၉ ရက်နဲ့ ၂၀ ရက်တွေမှာ သမ္မတဗလာဒီမာပူတင်က အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ က အပြန်အလှန်ဆက်ဆံရေး ထူထောင်ပြီးနောက် ရုရှားေြ မပေါ်မှာ အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ် ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေတွေက လွန်ခဲ့တဲ့တစ်လအတွင်း ကမ္ဘာ့အင်အားကြီး သုံး နိုင်ငံကခေါင်းဆောင်များက ဆောင်ရွက်ခဲ့တဲ့ ဖြစ်ပေါ် တိုးတ က်မှုတွေ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေကို သီးခြားစီကြည့်မယ်ဆိုရင် ဘာမှထူးခြားမှုရှိမှာ မဟုတ်ပါဘူး။ နှစ်နိုင်ငံအပြန်အလှန် ဆက်ဆံရေးအတွက် ကမ္ဘာ့ခေါင်းဆောင် များရဲ့ သံတမန်ရေးလှုပ်ရှားမှုတစ်ခုမျှသာ ဖြစ်ပါတယ်။
ဒါပေမယ့် အားလုံးစုစည်းကြည့်ပြီး နောက်ကွယ်ကအချက်တွေကို စဉ်း စားကြည့်မယ်ဆိုရင် အဓိပ္ပာယ်အများကြီးရှိတာကို တွေ့ရပါမယ်။ အမေရိကန် ပြည်ထောင်စု၊ ရုရှား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတွေက အာဆီယံဒေသမှာ စိတ်အား ထက်သန်စွာ လှုပ်ရှားလာတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့လှုပ်ရှားမှုတွေကို ကြည့်ရင် အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်တဲ့ အုပ်စုအတွင်း   နိုင်ငံရေးနဲ့ စီးပွားရေးနယ် ပယ်နှစ်ခု စလုံးမှာလက်ဦးမှုရယူနိုင်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။ ဒီဒေသတွင်း မှာ ယှဉ်ပြိုင်မှုတွေပြင်းထန်လာဖို့ အစပျိုးနေတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။
           တစ်နည်းပြောရရင် ၂၀၁၅ ခုနှစ်က ဖွဲ့စည်းထူထောင်ခဲ့တဲ့ အာဆီယံ စီးပွားရေးအသိုက်အဝန်း (အေအီးစီ)က ဖန်တီးပေးလိုက်တဲ့ အခွင့်အလမ်းတွေကို ရယူနိုင်ဖို့အတွက် ဆန္ဒရှိကြောင်း ပြသလျက်ရှိနေပါတယ်။ စုစုေ ပါင်း ပြည်တွင်းထုတ်လုပ်မှု (ဂျီဒီပီ) အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ သန်းရှိနေတဲ့ အာဆီယံရဲ့ စီးပွားရေးက  ကမ္ဘာမှာ သတ္တမမြောက် အကြီးဆုံး ဖြစ်ပြီး ၆၂၂ သန်းရှိတဲ့ဒေသတွင်းရှိ လူဦးရေကလည်း ကမ္ဘာမှာ တတိယများ ဆုံး ဖြစ်ပါတယ်။ 

 

ဉာဏ်တင်