Main menu

Background

စင်ကာပူဆေးဝါးကုမ္ပဏီက အင်ဒိုနီးရှားမှာ ဆေးဝါးကုမ္ပဏီထူထောင်ဖို့ စိတ်ဝင်စား

Wed, 06/15/2016 - 09:47 -- journal_editor

              စင်ကာပူကုမ္ပဏီတစ်ခုက  အင်ဒိုနီးရှားနိုင်ငံမှာ အမေရိကန်ဒေါ်လာလေးသန်း ရင်းနှီးမြှုပ်နှံပြီး ဆေးဝါးစက်ရုံတည်ဆောက်ဖို့ စိတ်ဝင်စားနေတယ်လို့ အင်ဒိုနီးရှားရင်းနှီးမြှုပ်နှံမှု ပေါင်းစပ်ညှိနှိုင်းရေးဘုတ် အဖွဲ့ (Indone -sian Investment Coordinating Board-BKPM) ကပြောကြောင်း အန်တာရာနယူးစ်သတင်း မှာ ဖော်ပြပါတယ်။ ငွေကြေးဖလှယ်နှုန်းကို  အမေရိကန်တစ်ဒေါ် လာလျှင် ရူပြား ၁၃၉၀၀ နှုန်းနဲ့ထားပြီးတွက်ရင် ဆေးဝါး စက်ရုံတန်ဖိုးက ရူပြား ၅၅ ဒသမ ၆ ဘီလီယံ ရှိမှာ ဖြစ်ပါတယ်။
            "စက်ရုံတန်ဖိုးက   ထူးထူးခြားခြား  အရေးမပါ ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုပြုလုပ် ရေးမဟာဗျူဟာအရ  ဆေးဝါးတွေက အဓိကဦးစား ပေးကဏ္ဍမှာ ပါဝင်နေပါတယ်"လို့  BKPM အကြီးအကဲ ဖရန် ကီဆီဘာရာနီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စင်ကာပူကုမ္ပဏီက သူ့ရဲ့ထုတ်ကုန်တွေကို အင်ဒိုနီးရှားသို့  တင်ပို့လျက်ရှိပြီး ကုမ္ပဏီရဲ့ ပင်ရင်း ဖြန့်ဖြူးသူအဖြစ် ပြည်တွင်းဖြန့်ချိရေးလုပ်ငန်းတစ်ခုကို တာဝန်ပေးထား ပါတယ်။ " ဈေးကွက်ဖွံ့ဖြိုးမှု   အခြေအနေအရ အင်ဒို နီးရှားမှာ ဆေးဝါးစက်ရုံတည်ထောင်ပြီး တိုက်ရိုက် ရင်းနှီးမြှုပ်နှံဖို့ ကုမ္ပဏီက  ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်"လို့ ဆီဘာရာနီက ပြောပါတယ်။
             အင်ဒိုနီးရှားနိုင်ငံက ဆေးဝါးတင်သွင်းမှုကို လျှော့ချတော့မှာဖြစ်တဲ့အတွက်  ဆေးဝါးကဏ္ဍဖွံ့ဖြိုး ရေးကို  မဟာဗျူဟာလှုပ်ရှားမှုအဖြစ် ဆောင်ရွက်နေ ကြောင်းလည်း သူကပြောပါတယ်။ ကုမ္ပဏီရဲ့ ရင်းနှီး မြှုပ်နှံမှု စီမံ ကိန်းကို BKPM က အပြည့်အဝထောက်ခံတဲ့အတွက်  အင်ဒိုနီးရှားမှာ  ဆေးဝါးထုတ်လုပ်သူ ပြိုင်ဘက်တစ်ဦးတိုးလာကြောင်း၊ ဒါကြောင့် ဆေးဝါး ဈေးတွေ ကျဆင်းလာစေနိုင်ကြောင်း သူကပြောပါ တယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလျက်ရှိတဲ့ နိုင်ငံများအနက် စင်ကာပူနိုင်ငံက  ပထမဆုံး နေရာ မှာရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံ နေတဲ့ အာဆီယံနိုင်ငံများအနက် စင်ကာပူနဲ့   မလေးရှား နိုင်ငံတို့ကို  ပထမ ဦးစားပေးအဖြစ် ထားရှိ ပါတယ်။