Main menu

Background

အစားအစာဈေးနှုန်းမြင့်တက်မှုကို အင်ဒိုနီးရှားစီးပွားရေးယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကြီးကြပ်ရေးကော်မရှုင်က စူးစမ်းဖော်ထုတ်

Wed, 06/15/2016 - 10:21 -- journal_editor

           တစ်နိုင်ငံလုံးရှိ  ဈေးကွက်များ တွင် အဓိကအစားအစာများ အဆမတန် မြင့်တက်နေရသည့်  အဓိကအကြောင်းရင်းမှာ ကုမ္ပဏီစုကြီးများ ကြောင့်ဖြစ်ကြောင်း အင်ဒိုနီးရှား စီးပွား ရေးလုပ်ငန်းယှဉ်ပြိုင်မှုစွမ်းရည် ကြီး ကြ ပ် ရေးကော်မရှင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး  ဂျကာတာပို့စ်သတင်းမှာ ဖော်ပြပါတယ်။လယ်သမားတွေက  ဖြန့်ဖြူးသူ တွေကို ရောင်းချလိုက်တဲ့ဈေးနဲ့ ဖြန့်ဖြူးသူတွေက  ဈေးကွက်ထဲမှာ ရောင်းချခဲ့တဲ့ လက်လီလက်ကားေ ဈး နှစ်ခုကြား   ကွာဟချက်ကြီးမားနေတာကို တွေ့ရကြောင်း စီးပွားရေးယှဉ်ပြိုင်နိုင်မှုစွမ်းရည်  ကြီးကြပ်ရေးကော်မရှင်KPPUအကြီးအကဲ ဆရာကာဝီရော့ က ဇွန် ၇ ရက်က ပြောပါတယ်။
          "ဒီအခြေအနေကို  ကြည့်ခြင်း အားဖြင့် ထုတ်လုပ်သူနဲ့   နောက်ဆုံး ပစ္စည်းသုံးစွဲသူကြားမှာ ပြဿနာရှိနေ တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်" လို့ အောက်လွှတ်တော် အဆောက်အဦး မှာ ဆရာကာဝီက သတင်းထော က်တွေ ကိုပြောပါတယ်။ ဥပမာအားဖြင့် အရှေ့ဂျာဗား ပြည်နယ် နမ်ဂျူမှာရှိတဲ့ လယ်သမား တွေက ကြက်သွန်နီတစ်ကီလိုကို ရူပြား ၁၆၀၀၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၉) နှုန်းနဲ့ ဖြန့်ဖြူးသူတွေကိုရောင်းပါတယ်။ ဖြန့်ဖြူး သူေ တွက ဒီကုန်စည်တွေကိုပဲ ဈေးကွက်မှာ  တစ်ကီလိုရူပြား ၄၀၀၀၀ နှုန်းနဲ့   ပြန်ရောင်းပါတယ်။ ဝယ်တဲ့ဈေးထက်  သုံးဆနီးပါးတင်ပြီး ရောင်းတာ ဖြစ်ပါတယ်။
          ဂျကာတာ  အုပ်ချုပ်ရေးဌာနက တင်ထားတဲ့ အဓိကအစားအစာ ဈေး နှုန်းဝက်ဘ်ဆိုက်အရ ကြက်သွန်နီ ရောင်း ချတဲ့ပျမ်းမျှဈေးက  သမားရိုးကျဈေး ကွက်တွေမှာ တစ်ကီလိုကို   ၃၉၁၁၉ ရူပြားနှုန်းရှိပါတယ်။ ကြက်သွန်နီ အပြင် အမဲသား၊ ဆန်နဲ့ သကြားဈေးကွက် တွေကလည်း ဥပုသ်လရောက်ခါနီး အချိန်မှာ ထူးထူးခြားခြားမြင့်တက်လာ ခဲ့ပါတယ်။KPPU နဲ့ အမျိုးသားရဲအဖွဲ့ တို့ ပူးပေါင်းပြီး ဈေးနှုန်းမြင့်တက်ရတဲ့ နောက်ကွယ်က အကြောင်းရင်း ကို စုံစမ်းလေ့လာဖို့ ဆောင်ရွက်ခဲ့ပါတယ်။

 

ဉာဏ်တင်