Main menu

Background

မလေးရှားဘဏ်များရဲ့ ဝင်ငွေနဲ့ ချေးငွေလုပ်ငန်းများ ယခုနှစ်အတွင်း ကျဆင်းနိုင်

Wed, 06/15/2016 - 14:16 -- journal_editor

        ချေးငွေလုပ်ငန်းများ ကျဆင်းလာခြင်းနဲ့ ငွေကြေးဈေး ကွက်လုပ်ငန်းများမှ  အခကြေးငွေရရှိမှု  ကျဆင်းလာတဲ့ အတွက် မလေးရှားဘဏ်လုပ်ငန်းကဏ္ဍမှာ   ယခုနှစ်အတွင်း ဖိအားပေး မှုအသစ်များနဲ့ ရင်ဆိုင်တွေ့ကြုံနိုင်ေ ကြာင်း စတား အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ မေ ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ ယခုနှစ်ချေးငွေဖွံ့ဖြိုးမှုနှုန်း က ၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ခန့်မှန်းပြီး စုစုပေါင်း အသားတင်အမြတ်က ၅ ဒသမ ၃ ရာခိုင်နှုန်းမှ ၂ ဒသမ ၁ ရာခိုင်နှုန်းသို့  ကျဆင်းမယ်လို့ ခန့်မှန်း ထားကြောင်း မေရင်းနှီးမြှုပ်နှံမှုဘဏ်သုတေသနဌာနက ပြော ပါတယ်။
       "အီကွီတီရှယ်ယာမှအမြတ်ငွေ(ROE) က ၂၀၁၅ ခုနှစ် က ၁၁ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်မှာ ၁၀ ဒသမ ၄ ရာခိုင်နှုန်းသို့  ကျဆင်းမယ်လို့ ခန့်မှန်းပါတယ်။ ၂၀၁၆ ခုနှစ် အတွက် လုပ်ငန်းပေါ်မှအမြတ်  (Operati -ng Profit) က ၅ ဒသမ ၅ ရာခိုင်နှုန်းရှိရာမှ ၅ ဒသမ သုည ရာခိုင်နှုန်းသို့ ရောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ အသားတင်အမြတ်က ၅ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ ၂ ဒသမ ၁ ရာခိုင်နှုန်းအထိကျဆင်းမယ်လို့ ခန့်မှန်းထားတဲ့အတွက် ၂၀၁၆ ခုနှစ်ပထမသုံးလ ပတ် ဝင်ငွေကျဆင်းမယ်လို့ ကျွန်တော်တို့ခန့်မှန်းထားပါတယ်"လို့ သုတေသနအဖွဲ့က ပြောပါတယ်။
        သုတေသနအဖွဲ့က စစ်တမ်းကောက်ယူတွက်ချက်တဲ့ မလေးရှားဘဏ်ခုနစ်ခုရဲ့ စုစုပေါင်းချေးငွေဖွံ့ဖြိုးတိုးတက်မှုက ၂၀၁၆ ခုနှစ် မတ်လကုန်ဆုံးချိန်အထိ  စာရင်းအရ နှစ် အလိုက်တိုးတက်မှုနှုန်းက ၆ ဒသမ ၃ ရာခိုင်နှုန်း သာရှိပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကုန်ဆုံးချိန်အထိစာရင်းအရ ရှိခဲ့တဲ့ ၁၀ ရာခိုင်နှုန်းကနေကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။