Main menu

Background

အိန္ဒိယဗဟိုဘဏ်က မူဝါဒအတိုးနှုန်းကို ဆက်လက်ထိန်းသိမ်း

Wed, 06/15/2016 - 14:20 -- journal_editor

         ဗဟိုဘဏ် ပင်မအတိုးနှုန်းကို ၆ ဒသမ ၅ ရာခိုင်နှုန်းအတိုင်းမပြောင်း လဲဘဲ အိန္ဒိယဗဟိုဘဏ်အုပ်ချုပ်ရေးမှူး  ရာဟူးရမ်ရာဂျန်က ဇွန် ၇ ရက်က ဆက်လက်ထားရှိခဲ့ရာ လေ့လာဆန်းစစ်သူတို့ရဲ့ ခန့်မှန်းချက်နဲ့ ကိုက်ညီခဲ့ကြော င်း တိုင်းမ်အော့အိန္ဒိယရဲ့ သတင်းမှာ ဖော်ပြပါတယ်။ စက်တင်ဘာမှာ သူ့ရဲ့ရာထူးသက်တမ်း   ကုန်ဆုံးချိန်မှာ ဖြစ်ပေါ်လာမယ့် အခြေအနေနဲ့ သူရဲ့အနာဂတ်ရေးရာကို သူကပြောကြားခြင်းမရှိသေးပါဘူး။
         "အိန္ဒိယဗဟိုဘဏ် အုပ်ချုပ်ရေးမှူးနဲ့ပတ်သက်တဲ့  အနာဂတ်ကို အစိုးရက အဆုံးအဖြတ်ပေးပါလိမ့်မယ်"လို့ သူကပြောပါတယ်။ ဗဟိုဘဏ်အတိုးနှုန်းဖြစ်တဲ့Rapo Rate ကလည်း ၆ ရာခိုင်နှုန်းအတိုင်း အပြောင်းအလဲမရှိ ဆက် လက်ထားရှိကြောင်း ဗဟိုဘဏ်ကပြောပါတယ်။ စာရင်းဝင်ဘဏ်များရဲ့ ငွေသားနဲ့ အရန်ထားရှိငွေအချိုးက ၄ ဒသမ သုည ရာခိုင်နှုန်းအတိုင်း မပြောင်းလဲဘဲ  တည်ရှိနေပါတယ်။ ယခုကြေညာချက်က နှစ်လတစ်ကြိမ်ကျင်းပတဲ့ အစ ည်းအဝေးအပြီးမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါ တယ်။
         ဧပြီက ရှိခဲ့တဲ့ ငွေကြေးဖောင်းပွမှုအခြေအနေတွေကြောင့်လည်း အတိုး နှုန်းပြောင်းလဲမှုအခြေအနေကို အတိုင်းအတာတစ်ခုအထိ မရေမရာဖြစ်စေ ခဲ့ကြောင်း ဗဟိုဘဏ်က ပြောပါတယ်။ အိန္ဒိယကုမ္ပဏီတွေရဲ့ အကျိုးအမြတ် ရရှိမှုနဲ့ စားသုံးမှုမြင့်တက်လာမှုကြောင့် ၂၀၁၆-၁၇ ခုနှစ်အတွက် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းက ၇ ဒသမ ၆ ရာခိုင်နှုန်းရှိမယ်လို့  အိန္ဒိယဗဟိုဘဏ်က ခန့်မှန်း ထားပါတယ်။