Main menu

Background

CLMVT ဖွံ့ ဖြိုးတိုးတက်ရေးဖိုရမ်ကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

Wed, 06/15/2016 - 15:03 -- journal_editor

          ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့်  CLMV ဖိုရမ်ကို ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါ ဖိုရမ်ကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက် နမ်နဲ့ ထိုင်းနိုင်ငံတို့မှ အစိုးရများနဲ့ ပုဂ္ဂလိက လုပ်ငန်းများမှ ကိုယ်စားလှယ်များတက်ရောက်မည်ဖြစ် ပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေး သွားမှာဖြစ်ကြောင်း နေးရှင်းသတင်းမှာ  ဖော်ပြ ပါတယ်။ တစ်နိုင်ငံချင်းရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး အတားအဆီးများကိုလည်း ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။
        ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အတူတကွ ဆောင်ရွက်ရာမှာ ဆက်ဆံရေးတည်တံ့ခိုင်မြဲဖို့အတွက် ဒီဖိုရမ်က အခွင့်အလမ်းကောင်းများကို ဖော်ထုတ်သွားမှာဖြစ်ကြောင်း ထိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ြ ကီး အပီရာဒီတန်ထရာပွန်က ပြောပါတယ်။ ဖိုရမ်မှာ ပြုလုပ်မယ့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ အဖွဲ့ဝင်ငါးနိုင်ငံမှ မူဝါဒရေးဆွဲသူများ၊ စွန့်ဦး တီထွင်သူများ၊ စီးပွားရေးလုပ်ငန်းခေါင်းဆောင် များ၊ ပညာရှင်များနဲ့ လူငယ်ခေါင်းဆောင်များ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ CLMV  နိုင်ငံ များနဲ့အတူ ဥရောပနဲ့ ဂျပန်နိုင်ငံတို့မှလည်း ပါဝင်မည်ဖြစ်ရာ  စုစုပေါင်းတက်ရောက်သူ ၆၀၀ ဦးရှိမယ်လို့ခန့်မှန်းထားပါတယ်။ တက်ရောက်လာတဲ့ ကိုယ်စားလှယ်များအား ထိုင်းနိုင်ငံ အတွင်းရှိ ခရီးသွားလုပ်ငန်းဒေသများကို လိုက်လံပို့ဆောင် ပေးမှာ ဖြစ်ပါတယ်။ ကဏ္ဍအသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရင်း ပြဿနာများကို အဖြေရှာဖြေ ရှင်းရန်အတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေကို ဖိုရမ်က  ဖော် ထုတ်ပေးမှာဖြစ်တဲ့အတွက် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလုပ်ငန်းတွေ မှာ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းရာမှာ အထောက်အကူဖြစ်စေနိုင်ကြောင်း  အပီရာဒီက ပြောပါ တယ်။ ယခင်နိုင်ငံ လေးနိုင်ငံပါတဲ့   CLMV အ ဖွဲ့က လူဦးရေများပြားပြီး ဝယ်ယူနိုင်မှုစွမ်းအား မြင့်မားတဲ့အတွက် ထိုင်းပို့ကုန်လုပ်ငန်း ဖွံ့ဖြိုးရေး အတွက် အလားအလာကောင်းတဲ့ ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက အခြားတစ်နိုင်ငံ ကို ကုန်ပစ္စည်းတင်ပို့ရာမှာ လ ည်း ဒီလေးနိုင်ငံက ပေါင်းကူးသဖွယ်ဖြစ်နေပါတယ်။ ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ  CLMV  နိုင်ငံများသို့ ထိုင်းနိုင်ငံမှတင်ပို့မှုက ထိုင်းနိုင်ငံ စုစုပေါင်းကုန် သွယ်မှု တန်ဖိုးရဲ့ ၁၀ ဒသမ ၄ ရာခိုင်နှုန်း ရှိပါ တယ်။ အဲဒီနိုင်ငံတွေ မှာ ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ် နှံမှုက စုစုပေါင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရဲ့ ၁၀ ရာခိုင်နှုန်းရှိပြီး  ထိုင်းနိုင်ငံအတွင်းသို့ လာရောက် လည်ပတ်တဲ့ခရီးသည်များအနက် ၁၀ ရာခိုင်နှုန်း က  CLMV  နိုင်ငံတွေက ဖြစ်ပါတယ်။ ဖိုရမ်ကို  ဒူးဇ စ်သာ နီဗန်ကောက်ဟိုတယ် မှာ ဇွန် ၁၆ ရက်မှ ၁၈ ရက်အတွင်း သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

 

UNT