Main menu

Background

အစုရှယ်ယာဈေးများ မတည်မငြိမ်ဖြစ်နေ

Wed, 06/29/2016 - 15:10 -- journal_editor

          ယခုတစ်ပတ်အတွင်း အစုရှယ်ယာ ဈေးများသည် မတည်မငြိမ်ဖြစ် လျက်ရှိကာ ဈေးအတက်အကျများဖြင့် ဈေးကစားလျက်ရှိကြောင်း သိရသည်။ MTSHရှယ်ယာများသာမကFMI ရှယ်ယာများပါ ဈေးအတက်အကျ များရှိနေ ခဲ့ခြင်းဖြစ်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ်များပါးနေခဲ့ကြောင်း သိရသည်။ ယခုဇွန်လဆန်းပိုင်းက YSX က ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်းတွင် စတော့ရှယ်ယာဈေးကစားမှုများ နည်းပါးသွားသဖြင့် အတက်အကျ ရှိနေ သော်လည်း နည်းပါးခဲ့ကြောင်း သိရသည်။
        စတော့ဈေးကွက်က အခုမှ အစပိုင်းပဲရှိသေးတယ်။ စတော့ဈေးကွက်ထဲ မှာဈေးကစားတဲ့ သူတွေများလာတော့ တကယ်တမ်းစတော့ကိုစိတ်ဝင်စားလို့  ရောင်းကြဝယ်ကြမယ့်သူတွေအတွက် အခက်အခဲဖြစ်စေပါတယ်။ ဒီ တစ်ပတ်ကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ စတော့ ရှယ်ယာဈေးတွေကျဆင်းနေတဲ့ အတွက် ဒီအချက်က ကျွန်တော်တို့ဆီကိုလည်း ရိုက်ခတ်နိုင်ပါတယ် ဟု ဈေးကွက် ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ခဲ့သည်။ MTSH ရှယ်ယာဈေးနှုန်း သည် ဇွန် ၂၀ရက်တွင် ကျပ် ၅၂၀၀၀ရှိခဲ့ပြီး ဇွန် ၂၁ရက်တွင် ကျပ်၅၄၀၀၀သို့မြင့် တက်ခဲ့ကာ ဇွန် ၂၃ရက်တွင် ကျပ် ၅၁၀၀၀ သို့လည်းကောင်း၊ ဇွန်လ ၂၄ ရက်တွင် ကျပ် ၅၀၀၀၀သို့လည်းကောင်း ကျဆင်းခဲ့သည်။ FMI ရှယ်ယာေ ဈးနှုန်းများသည် ဇွန် ၂၀ရက်တွင် ကျပ် ၂၅၀၀၀ ရှိခဲ့ ရာမှ ဇွန် ၂၂ရက်တွင် ကျပ် ၂၆၀၀၀ သို့မြင့်တက်ခဲ့ကာ ဇွန်လ ၂၄ရက်တွင် ကျပ် ၂၅၀၀၀သို့ ကျဆင်းခဲ့သည်။