Main menu

Background

အီးယူမှ ဗြိတိန်နိုင်ငံနုတ်ထွက်မှုဂယက်ကြောင့် အာရှစီးပွားရေးလုပ်ငန်းများကို ထိခိုက်

Wed, 06/29/2016 - 15:18 -- journal_editor

          ဒေလီမှအစပြုပြီး တိုကျိုအထိ အာရှ တစ်လွှားတည်ရှိနေတဲ့ စီးပွားရေးလုပ်ငန်း များက ဥရောပသမဂ္ဂ (အီးယူ) မှ ဗြိတိန်နိုင်ငံ နုတ်ထွက်မှုကြောင့် ဖြစ်ပေါ်လာမယ့်ဂယက် ကို ဝေဖန်သုံးသပ်လျက်ရှိပါတယ်။ စီးပွားရေးလုပ် ငန်းများက ဗြိတိန်နိုင်ငံ မှာ လောလောဆယ် နောက်ထပ်ရင်းနှီးမြှုပ်နံှ တော့မှာ မဟုတ်ကြောင်းနဲ့  ဗြိတိန်နိုင်ငံမှာရှိတဲ့  သူတို့ရဲ့ အနာဂတ်မှာလည်း  မရေရာသေး ကြောင်း ဂလိုဘယ်ပို့စ်သတင်းမှာ ဖော်ပြပါ တယ်။ ဂျပန်နဲ့ တောင် ကိုရီးယား ကော်ပိုရေးရှင်းကြီးတွေက မဲခွဲဆုံးဖြတ်ချက်ကြောင့် ဖြစ်လာမယ့်ဂယက်ကို လေ့လာသုံးသပ်လျက်ရှိသလို ဗြိတိန်မှာရင်းနှီးမြှုပ်နှံထားတဲ့ အိန္ဒိ စီးပွားရေးလုပ်ငန်းတွေရဲ့ ဘုံဘေစတော့အိတ် ချိန်းရှိ စတော့ရှယ်ယာတွေ ကျဆင်းခဲ့ပါတယ်။ လေ့လာဆန်းစစ်သူတွေကလည်း ဗြိတိန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအကြောင်း စဉ်းစားတဲ့အခါ အလားအလာ မှေးမှိန်နေတာကို တွေ့ရပါတယ်။ ဗြိတိန်မှာ ဒေသဆိုင်ရာရုံးချုပ်ဖွင့်ထား တဲ့ အာရှရင်းနှီးမြှုပ်နှံသူတွေ မှာလည်း ဆက် နေဖို့သို့မဟုတ် စွန့်ခွာဖို့တစ်ခုခုကိုရွေးချယ်ရ တော့မှာဖြစ်ကြောင်း ဂျစ်စုသုတေသနသိပ္ပံမှ အကြီးတန်းသုတေသီ  မာတင်ရှုက ပြောပါ တယ်။ ဘာလုပ်မယ်ဆိုတာကို  ကုမ္ပဏီတွေ အနေနဲ့ ပြန်လည်စဉ်းစားပြီး ေ လာလောဆယ်ကာလမှာ ရင်းနှီးမြှုပ်နှံမှုကို ရပ်ထားသင့်က ရပ်ထားဖို့ သူကပြောပါတယ်။ ကုမ္ပဏီတွေ အနေနဲ့ ဗြိတိန်နိုင်ငံရှိ  ရင်းနှီးမြှုပ်နှံမှုကိုသာမက ဥရောပဈေးကွက်ကြီးတစ်ခုလုံးရဲ့ ရင်းနှီးမြှုပ် နှံမှု အစီအစဉ်ကိုလည်း ပြန် လည်စဉ်းစားရပါ တော့မယ်လို့ သူကပြောပါတယ်။
       အီးယူမှ ဗြိတိန်နိုင်ငံ နုတ်ထွက်မှုကြောင့် ကျန်ရင်းနှီးမြှုပ်နှံသူတွေ အများဆုံး ထိခိုက် ခံရလိမ့်မယ်လို့ ရှုက ပြောပါတယ်။ ဗြိတိန်မှာ ဂျပန်နိုင်ငံရဲ့ တိုက်ရိုက်ရင်း နှီးမြှုပ်နှံမှုက ယန်း ၁၀ ထရီလီယံ (အမေရိကန် ဒေါ်လာ ၉၈ ဘီ လီယံ) ရှိပြီး  ဗြိတိန်မှာ ဂျပန်ကုမ္ပဏီ ၁၀၀၀ က လုပ်ငန်းလုပ်ကိုင်နေပြီး လူ ၁၄၀၀၀၀ ကို အလုပ်အကိုင်ခန့်ထားပါတယ်။ ဒီကိစ္စကိုပြောဖို့ စောလွန်းသေးကြောင်း ယူကေမှာ   ဥရောပဆိုင်ရာရုံးချုပ်ဖွင့်ထားတဲ့ တောင်ကိုရီးယား ကုမ္ပဏီဖြစ်တဲ့ဆမ်ဆောင်း အီလက်ထရွန်းနစ်က ပြောပါတယ်။ ဖြစ်နိုင်တဲ့ အလားအလာ  အားလုံးအတွက်  ပြင်ဆင်ထားပြီးဖြစ်ကြောင်း  ဗြိတိန်နိုင်ငံမှာ ရင်းနှီး မြှုပ်နှံနေတဲ့ ကိုရီးယားအမျိုးသားရေနံကော်ပို ရေးရှင်း Korea National Oil Corp က ပြောပါ တယ်။ အိန္ဒိယနိုင်ငံကိုကြည့်ပါက ဗြိတိန်နိုင်ငံ မှာ ရင်းနှီးမြှုပ်နှံထားတဲ့  စီးပွားရေးလုပ်ငန်း တွေရဲ့ ဘုံဘေစတော့အိတ်ချိန်းမှာရှိတဲ့ ရှယ်ယာတန်ဖိုးတွေကျဆင်းခဲ့ပါတယ်။

 

UNT