Main menu

Background

တရုတ်ဗဟိုဘဏ်က ဈေးကွက်အတွင်းသို့ ငွေကြေးများပိုမိုဖြည့်တင်းပေး

Wed, 06/29/2016 - 15:27 -- journal_editor

      တရုတ်ဗဟိုဘဏ်က လက်အောက်ခံဘဏ်များမှ ယွမ်ဘီလီယံ ၁၇၀ (အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ) ဖိုးရှိ  အာမခံစာချုပ်စာတမ်းများကို ဝယ်ယူဖို့သဘောတူခဲ့ကြောင်း ရှင်ဝှာသတင်းအေဂျင်စီက ဖော်ပြပါတယ်။ အဆိုပါ ဝယ်ယူမှုအစီအစဉ်ကို Reverse Repurchase Agreement (Repo) ဟုခေါ်ဆိုပြီး ဒီစာချုပ်စာတမ်းတွေကို   ဗဟိုဘဏ်က သူ့ရဲ့လက် အောက်ခံဘဏ်တွေကို ပြန်လည်ရောင်းချမှာ ဖြစ်ပါတယ်။ Repo သဘော တူညီချက်အရ သတ်မှတ်တဲ့  အတိုးနှုန်းက ၂ ဒသမ ၂၅ ရာခိုင်နှုန်း ဖြစ်ပါ တယ်။ ဇွန် ၁၇ ရက်ကလည်း တရုတ်ဗဟိုဘဏ်က ယွမ်ဘီလီယံ ၄၀ ဖိုးဝယ်ယူ ခဲ့ပြီး သတ်မှတ်အတိုးနှုန်းက ၂ ဒသမ ၂၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။
      ဇွန် ၂၀ ရက်မှာ ဘဏ်တွေက ပြန်လည်ဝယ်ယူဖို့ အချိန်စေ့ရောက်နေတဲ့ စာချုပ်စာတမ်းတွေရဲ့တန်ဖိုးက ယွမ်ဘီလီယံ ၁၁၀ ရှိပါတယ်။ ဒါကြောင့် သဘောတူညီမှုအရ သတ်မှတ်တဲ့အထိက ယွမ်ဘီလီယံ ၆၀ ကိုဈေးကွက်ထဲ ကို ဖြည့်ဆည်းတဲ့အနေနဲ့ လက်အောက်ခံဘဏ်တွေရဲ့ စာချုပ်စာတမ်းတွေကို တရုတ်ဗဟိုဘဏ်က ဝယ်ယူခဲ့ပါတယ်။ ဒီလိုဝယ်ယူခြင်းအားဖြင့် ဈေးကွက်ထဲမှာ ငွေဖြစ်လွယ်မှုကို ပိုမိုမြင့်တက်အောင် ဗဟိုဘဏ်ကဆောင်ရွက်ပေး တာ ဖြစ်ပါတယ်။

 

ဉာဏ်တင်