Main menu

Background

ဒဗလျူတီအိုအဖွဲ့သို့အဇာဘိုင်ဂျန် ဝင်ရောက်ရေးအတွက်ဆွေးနွေးပွဲ ထပ်မံကျင်းပမည်

Thu, 06/30/2016 - 12:08 -- journal_editor

           ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို) သို့ အဇာဘိုင်ဂျန် ဝင်ရောက် နိုင်ရေးလုပ်ငန်းအဖွဲ့ရဲ့ အစည်းအဝေးကို ထပ်မံကျင်းပဖို့ အဇာဘိုင် ဂျန်နိုင်ငံက ပြင်ဆင်လျက်ရှိကြောင်း အဇာဘိုင်ဂျန်သတင်းစဉ်မှာ ဖော်ပြပါတယ်။ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်အတွင်း ဂျနီဗာမြို့မှာ ကျင်းပမှာဖြစ်ကြောင်း အဇာဘိုင်ဂျန်  ဒုတိယဝန်ကြီး မာမွတ် မမ်မာဂူလီယက်က ပြောပါတယ်။ လုပ်ငန်းအဖွဲ့ရဲ့ အစည်းအဝေးအပြင် ဂျနီဗာမြို့မှာ လယ်ယာလုပ်ငန်းဆိုင်ရာ ပြည်တွင်းထောက်ပံ့မှုအတွက် နိုင်ငံစုံ စေ့စပ်ညှိနှိုင်းမှုများနဲ့ ကုန်စည်နဲ့ဝန် ဆောင်မှုဆိုင်ရာ နှစ်နိုင်ငံအပြန်အလှန် စေ့စပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်သွား မှာဖြစ်ကြောင်း  မမ်မာဂူလီယက်က ပြောပါတယ်။
          အဇာဘိုင်ဂျန် ကိုယ်စားလှယ် အဖွဲ့နဲ့  ရုရှား၊ နော်ဝေနဲ့ ဆော်ဒီအာ ရေးဘီးယားနိုင်ငံတို့မှ ကိုယ်စားလှယ်များနဲ့ ဂျနီဗာမြို့မှာ ဆွေးနွေးမှာဖြစ် ကြောင်း သူကပြောပါတယ်။ အခြား နိုင်ငံများနဲ့ ဆွေးနွေးမယ့် အစီအစဉ်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ လယ်ယာလုပ်ငန်းဆိုင်ရာ ထောက်ပံ့ကြေးကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရာမှာ လွန်ခဲ့တဲ့သုံးနှစ်အတွင်း လယ်ယာကဏ္ဍထောက်ပံ့ကြေး အစီအစဉ် ပြောင်းလဲမှုအခြေအနေများကို အဇာဘိုင်ဂျန်နိုင်ငံ က ဒဗလျူ တီအိုအတွင်းရေးမှူးချုပ်ရုံးသို့ တင်ပြ ထားပြီးဖြစ်ကြောင်း သူကပြောပါတယ်။
          နှစ်နိုင်ငံ အပြန်အလှန်ဆွေးနွေး ကြမယ့်နိုင်ငံများအနက် ရုရှားနဲ့ ဆော်ဒီ အာရေးဘီးယားနိုင်ငံတို့က ဝန်ဆောင် မှုနယ်ပယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေကို ဆွေးနွေးဖို့ စိတ်ဝင်စားကြောင်းသူက ပြောပါတယ်။ ဒဗလျူတီအိုသို့  ဝင်ရောက်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးရမယ့်ကိစ္စတွေ အများအပြားရှိနေသေးကြောင်း၊ လိုအပ်တဲ့စေ့စပ်ညှိနှိုင်းမှုတွေကို လုပ်ဆောင်နေရတာကြောင့် ဘယ်အချိန်မှာ အဇာဘိုင်ဂျန်ဟာ ဒဗလျူတီအိုရဲ့အဖွဲ့ဝင် ဖြစ်လာမယ်ဆိုတာ ကို အတိအကျ မသိရသေး ကြောင်း မမ်မာဂူလီယက်က ပြောပါတယ်။  ဒဗလျူတီအိုအဖွဲ့သို့ အဇာဘိုင်ဂျန် ဝင်ရောက်နိုင်ရေးအတွက်  ၁၉၉၉ ခုနှစ်ကတည်းက  စေ့စပ်ညှိနှိုင်းခဲ့ပါတယ်။

 

ဉာဏ်တင်