Main menu

Background

အာဆီယံပင်လယ်ရေကြောင်း အကျပ်အတည်းကြောင့် ကုန်သွယ်မှုကဏ္ဍတွင်အမေရိကန်ဒေါ်လာ ငါးထရီလီယံကျော် ထိခိုက်နိုင်

Mon, 08/08/2016 - 14:08 -- journal_editor

     တောင်တရုတ်ပင်လယ်အတွက် ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုတွေ ကြီး ထွားနေတာကို အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)က ရပ်တန့် အောင် မဆောင်ရွက်နိုင်ရင် ဒေသတွင်းမှာ စီးပွားရေးဂယက်ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့  ကျွမ်းကျင်သူတွေက သတိပေးထားကြောင်း စတန်းဒတ် ဘစ္စနက်သတင်းမှာ ဖော်ပြပါတယ်။ "တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီး နှစ်စဉ် ကုန်သွယ်ရေး လမ်းကြောင်း ဖြတ်သန်းမှုက အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ထရီလီယံအထိရှိပါတယ်။ စုစု ပေါင်းကုန်သွယ်မှုအနက် အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၁ဒသမ ၂ထရီလီယံရှိပါတယ်။ အကျပ်အတည်း ပေါ်လာပြီဆိုရင် အာမခံကြေး တိုးတက် လာပြီး တစ်ဆင့်ခံသယ်ယူမှုလမ်းကြောင်းမှ သယ်ယူစရိတ်  မြင့်တက်လာမှာဖြစ်တဲ့အတွက် ကုန်သင်္ဘောတွေ လမ်း ကြောင်းပြောင်းလဲမှုကြောင့် ဒေသတွင်း  စီးပွားရေးတွေကို  ထိခိုက်နိုင်ပါ တယ်"လို့ အာရှ မဟာဗျူဟာနဲ့ အပြည်ပြည် ဆိုင်ရာ လေ့လာရေးစင်တာမှ အကြံပေး ဘွန်နီဂလက်ဆာက ပြောပါတယ်။
     ဖိလစ်ပိုင်ပင်လယ်ပြင် အငြင်းပွားမှုနဲ့ပတ်သက်ပြီး အငြင်းပွားမှု ဖျန် ဖြေရေး တရားရုံးကဖိလစ်ပိုင်နိုင်ငံကို အနိုင်ပေးဆုံးဖြတ်ပြီးနောက် အရေးယူဆောင်ရွက်မှုတွေကို အာဆီယံက အမှန်တကယ်  အကောင်အထည်ဖော် ေ ဆာင် ရွက်သင့်ကြောင်း ဂျကာတာအခြေစိုက် ဟာဘီဘီစင်တာမှ အေအီ ဘရာဟင်အယ်လ်မွတ်တာဂီက ပြောပါတယ်။ "ဆုံးဖြတ်ချက်ချနိုင်ဖို့သက်သက်ဆောင်ရွက်နေတာတောင် အာဆီယံ အတွက် အခက်အခဲရှိနေတာကို ေ တွ့ရပါတယ်။ တောင်တရုတ်ပင်လယ် ပြဿနာဖြေရှင်းရာမှာ အာဆီယံက အရေးပါ  အရာရောက်တဲ့နေရာက ပါဝင် နိုင်ရေးအတွက် ဆောင်ရွက်စရာတွေ အများကြီး ရှိနေပါတယ်"လို့ မာကာ တီစီးတီးမှာပြုလုပ်တဲ့ ဖိုရမ်တစ်ခုမှာ အယ်လ်မွတ်တာဂီက ပြောပါတယ်။