Main menu

Background

ဒဗလျူတီအိုအဖွဲ့ဝင်နိုင်ငံတွေက ကုန်သွယ်မှု ကန့်သတ်ချက်အစီအမံတွေ တိုးမြှင့်ကျင့်သုံးလာ

Mon, 08/08/2016 - 14:13 -- journal_editor

     ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို) အဖွဲ့ဝင်နိုင်ငံများ အချင်း ချင်း ကုန်သွယ်မှုပြုရာမှာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး  အစီအမံ များထက် ကုန်သွယ်မှုကန့်သတ်ချက် အစီအမံများကို ပိုမိုဆောင်ရွက်လာ ကြောင်း ဂျီတီရီဗျူးသတင်းမှာ ဖော်ပြပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလလယ်မှ ၂၀၁၆ ခုနှစ် မေလလယ်ထိ ပြန်လည်သုံးသပ်တဲ့ ကာလအတွင်း အဖွဲ့ဝင်နိုင်ငံများက ကျင့်သုံးခဲ့တဲ့ ကုန် သွယ်ရေး ကန့်သတ်ချက် အစီအမံပေါင်း ၁၅၄ခု ရှိခဲ့ကြောင်း ဒဗလျူတီအိုမှ နောက်ဆုံးထုတ်ပြန်တဲ့  အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ယခုပမာဏက ယခင်စစ်တမ်း ကောက်ယူခဲ့တဲ့ကာလနဲ့ နှိုင်းယှဉ်ပါက ၄၇ရာခိုင်နှုန်း ပိုမို တိုးတက်လာတာဖြစ်ပါတယ်။  လစဉ် ပျမ်းမျှ တွက်ချက် ပါက တစ်လကို ကုန်သွယ်မှု ကန့်သတ်ချက်အစီအမံ ၂၂ခု ထုတ်ပြန်ပြီး ကုန်သွယ်မှုလွယ် ကူချောမွေ့စေရေးအစီအမံ ထုတ်ပြန်ချက်က ၁၉ ခုရှိပါတယ်။
     "ကုန်သွယ်မှု ကန့်သတ်ချက် အစီအမံသစ်တွေက လစဉ်တိုးတက် နေတဲ့အတွက် ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ လစဉ် တိုးတက်မှုနှုန်းကလည်း အမြင့်ဆုံးသို့ ရောက်ရှိနေပါတယ်။ ဒါကြောင့် စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ် နေေ ကြာင်း အစီရင်ခံစာမှာ  ဖော်ပြပါတယ်"လို့ ဒဗလျူတီအိုအထွေထွေ အတွင်းရေးမှူး အဇယ်ဗယ်ဒိုက ပြောပါတယ်။ အကြောင်းတရားအမျိုးမျိုးကြောင့်   ကိုယ်ကျိုးစီးပွားကာကွယ်မှု လုပ်ရပ်များက မြင့်တက်နေပါတယ်။ ဂလိုဘယ် လိုက်ဇေးရှင်း ဖွံ့ဖြိုးတိုးတက်မှုကို ဆန့်ကျင်တဲ့ စိတ်ဓါတ်မြင့်မားလာခြင်း၊ ကမ္ဘာ့စီးပွားရေး မတည် ငြိမ်မှုအတွက် စိုးရိမ်ခြင်း၊ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ချုပ်ဆိုခဲ့တဲ့ လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ်များကြောင့် ဖြ စ်ပေါ်လာမယ့် အန္တရာယ်များကို ကာကွယ်လိုခြင်းစတဲ့ အခြေအနေများကြောင့် ပြည်တွင်း စီးပွားရေးများကို ပြန်လည်ထိခိုက်မယ့် အခြေအနေများကို တွေ့ရကြောင်း အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ ခြုံငုံသုံးသပ်မယ် ဆိုပါက ဒီလိုအခြေအနေတွေကြောင့် ဒဗလျူတီအို က ဆောင်ရွက်နေတဲ့ လွတ်လပ်စွာကုန်သွယ်မှု မြှင့်တင်ရေး ကြိုးပမ်းချက်များအတွက် စိန်ခေါ်မှုများကို  ဖန်တီးလျက်ရှိပါတယ်။