Main menu

Background

(၄၉) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးမှတောင်တရုတ်ပင်လယ်ပြင် အငြင်းပွားမှုအတွက် ပူးတွဲကြေညာချက်ထုတ်ပြန်

Mon, 08/08/2016 - 14:19 -- journal_editor

      (၄၉)ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေး (AMM)ကို လာအိုနိုင်ငံ  ဗီယင်ကျန်းမြို့မှာ ဇူလိုင် ၂၆ ရက်က ကျင်းပပြီးဆုံးခဲ့ပါ တယ်။ အစည်းအဝေးအပြီးမှာ တောင် တရုတ်ပင်လယ်ပိုင်နက်နယ်မြေ အငြင်း ပွား မှုနဲ့ ပတ်သက်ပြီး ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ " သဘောတူညီချက်အရ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဟာ ဘုံအကျိုးစီးပွားကို ညီညီညွတ်ညွတ် ကာကွယ်ဆောင် ရွက်နေတယ်ဆိုတဲ့အချက်ကို ပြသ လျက်ရှိနေတာ ကို တွေ့ရပါတယ်"လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက် တနိုမာဆုဒီက ပြောပါတယ်။
       အာဆီယံမူဘောင်နဲ့ အာဆီယံမူ ဘောင်ကို ကျော်လွန်နေတဲ့ ပြဿနာ တွေကို   ဖြေရှင်းရာမှာ ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအရ  ပြဋ္ဌာန်းချက်နဲ့အညီ ဥပဒေရေးရာနဲ့  သံတမန်ရေးရာ ကိစ္စ များကို အဖွဲ့ဝင်နိုင်ငံ များက လေးစား လိုက်နာသွားမှာဖြစ်ကြောင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ "အာဆီယံနိုင်ငံတွေက ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို လေးစားလိုက်နာမှာ ဖြစ်ေ ကြာင်းကို ပူးတွဲကြေညာချက်က ဖော်ပြနေပါ တယ်"ဟု ရက်တနိုက ပြောပါတယ်။ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံ ရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့် ရှောက်ရေးဆိုင်ရာ  ပူးတွဲကြေညာချက် ကိုလည်း အင်ဒိုနီးရှားနိုင်ငံက  ဦး ဆောင်ပြီး အစည်းအဝေးမှာ ထုတ်ပြန် ခဲ့ပါတယ်။ နှစ်နိုင်ငံ အပြန်အလှန် ဆက် ဆံရေးကို အကောင်အထည်ဖော်ရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံများက ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၊   အာဆီယံပဋိညာဉ် စာချုပ်နဲ့ အရှေ့တောင် အာရချစ်ကြည် ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် တွေကို  လိုက်နာသွားမှာဖြစ်ကြောင်း လည်း သူက ပြောပါတယ်။
         အာဆီယံနဲ့   တရုတ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေက တောင် တရုတ်ပင်လယ် အငြင်းပွားမှု ဖြေရှင်း ရာတွင် Declaration of Conduct အကောင်အထည် ဖော်ရေးဆိုင်ရာ ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ပါ တယ်။ ပူးတွဲကြေညာချက်မှာ  အခြား အရေးကြီးတဲ့ ပြဿနာတွေကိုလည်း ဖော်ပြခဲ့ရာ တရားမဝင်ငါးဖမ်းမှု ကာ ကွယ်ရေး၊ ရွှေ့ပြောင်းလုပ်သားများကို အကာအကွယ်ပေးရေး၊ လူကုန်ကူးမှု ကာကွယ်ရေးနဲ့ အကြမ်းဖက်တိုက် ခိုက်မှု ဖြိုခွင်းရေးဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ ပူးတွဲကြေညာချက်တွင် နျူ ကလီးယားလက်နက်သုံးစွဲမှု ရှောင်ကြဉ် ရေး၊ ပါလက်စတိုင်း  လွတ်လပ်ရေးကို ထောက်ခံရေး၊ အာဆီယံဆက်သွယ်ရေး တိုးတက် ကောင်းမွန်ရေး တို့အပြင် ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အဝန်း ရည်မှန်းချက်များ အကောင်အထည် ဖော်ရေးနဲ့ ရေရှည်တည်တံ့တဲ့  ဖွံ့ဖြိုး ရေးအတွက် ၂၀၃၀ ပြည့်  ကုလသမဂ္ဂ ရည်မှန်းချက်  အကောင်အထည်ဖော် ရေးတို့ပါဝင်ပါတယ်။

 

ဉာဏ်တင်