Main menu

Background

အိန္ဒိယ ဒစ်ဂျစ်တယ်စီးပွားရေးအနာဂတ်အတွက် အနုပညာတီထွင်ဖန်တီးမှုကို ဦးစားပေးဆောင်ရွက်မည်

Mon, 08/08/2016 - 14:27 -- journal_editor

    အိန္ဒိယဒစ်ဂျစ်တယ် စီးပွားရေးရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် အွန်လိုင်းမှဆက်သွယ်မှု  လွယ်ကူ ရေး၊ ဆက်သွယ်မှု ကုန်ကျစရိတ်သက်သာရေး၊ အရည် အသွေးပြည့်  အနုပညာဖန်တီးမှု ပေါ်ပေါက်ရေးနဲ့ အွန်လိုင်းမှမီဒီ ယာ တင်ဆက်မှုများရဲ့ ပိုင်ဆိုင်ခွင့် များကို အကာအကွယ်ပေးရေးတို့က အဓိက မောင်း နှင်အားဖြစ်လိမ့်မယ်လို့ အိန္ဒိယကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (FICCI) က မကြာ သေးမီက ဆောင်ရွက်ခဲ့ တဲ့ နှီးနှော ဖလှယ်ပွဲမှာ အိန္ဒိယ ရုပ်ရှင်လုပ်ငန်းနဲ့  ဒစ်ဂျစ်တယ်  စီးပွားရေးလုပ်ငန်းမှ အကြီးတန်း အမှုဆောင်များကပြောကြောင်း  တယ် လီဗီးရှင်းပို့စ်သတင်းမှာ ဖော်ပြပါတယ်။
     FICCI က လော့စ်အိန်ဂျယ်လိ အိန္ဒိယရုပ်ရှင် ကောင်စီနဲ့ပူးတွဲပြီး အိန္ဒိယဒစ်ဂျစ်တယ်  အနုပညာစီးပွားရေးလုပ်ငန်းကို လေ့လာစိစစ်တဲ့ "Fast Track Inldia: Bolstering Growth In The Digital Content Econo my"  ဆိုတဲ့ နှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပါ တယ်။ နှီးနှောဖလှယ်ပွဲမှာ ရုပ်ရှင်လုပ်ငန်းက အိန္ဒိယ ဒစ်ဂျစ်တယ်စီးပွားရေးရဲ့  အဓိက မောင်းနှင်အား အဖြစ် ပါဝင်မှုအနေအထားကို သုံးသပ်ခဲ့ပါတယ်။ အနုပညာ တီထွင်ဖန်တီးမှု လုပ်ငန်းများမှ အမှု ဆောင်တွေက လက်ရှိဖြစ်ပေါ်နေတဲ့  ကြီးကြပ်ထိန်း သိမ်းရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ စိန်ခေါ်မှု တွေကို အကဲဖြတ်သုံးသပ်ပြီး အနာဂတ်ဖွံ့ဖြိုးမှုအလား အလာများကို သုံးသပ်ခဲ့ပါတယ်။ အိန္ဒိယ ဒစ်ဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးမှုကို လှုံ့ဆော်အားပေးနိုင်ရေးအတွက် ဒစ်ဂျစ်တယ် အနုပညာဖန်တီးမှု လုပ်ငန်းများမှ ငွေ ကြေးရရှိနိုင်မယ့် နည်းလမ်းများကို ဖော်ထုတ်ခဲ့ကြ ပါတယ်။
     ဆက်သွယ်မှု နည်းပညာတီထွင်ဆန်းသစ်မှုနဲ့ အနုပညာတင်ဆက်နိုင်မယ့် ပလက်ဖောင်းတွေတိုး တက်များပြားလာမှုတွေ ပေါင်းစည်းဖြစ်ပေါ်မှုက စီးပွားရေးဖွံ့ဖြိုးမှုကို မြှင့်တင်နိုင်မှာဖြစ်ကြောင်း ရုပ်ရှင်ထုတ်လုပ်သူနဲ့ FICCI ရဲ့ အနုပညာဖျော်ဖြေရေး ဌာနခွဲ  ပူးတွဲဥက္ကဋ္ဌ ရာမက်စစ်ပီက နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲမှာ ပြောပါတယ်။  အနုပညာတင်ဆက်မှု ပလက် ဖောင်းတွေ  အကာအကွယ်ပေးဖို့နဲ့   လျင်မြန်စွာ ပြောင်းလဲနေတဲ့ ဈေးကွက်မှာရှိနေတဲ့ အလား အလာ တွေကို အပြည့်အဝသုံးနိုင်ဖို့  အနုပညာလုပ်ငန်းဖြင့်  ငွေရရှိအောင် ရှာဖွေဖို့အတွက် ဆောင်ရွက်ရာမှာ အစိုးရရဲ့  အခန်းကဏ္ဍကလည်း  အရေးပါကြောင်း သူကပြောပါတယ်။

 

ဉာဏ်တင်