Main menu

Background

ဗီယက်နမ်မှဒစ်ဂျစ်တယ်မားကက်တင်းက ကုန်အမှတ်တံဆိပ်များ ဈေးကွက်ဝင်ရေးအတွက် အရေးပါ

Mon, 08/08/2016 - 14:40 -- journal_editor

   အပြည်ပြည်ဆိုင်ရာ  ဈေးကွက် အတွင်းသို့  ဗီယက်နမ် ကုန်အမှတ်တံ ဆိပ်များက ထိုးဖောက် ဝင်ရောက်ရာမှာ ဒစ်ဂျစ်တယ်နည်းနဲ့ ဈေးကွက်ရှာဖွေမှု (ဒစ်ဂျစ်တယ်မားကက်တင်း)က ပေါင်း ကူးသဖွယ် ဆောင်ရွက်ပေးတယ်လို့ ဇူလိုင် ၂၇ ရက်က ဟနွိုင်းမြို့မှာ ကျင်းပ တဲ့ ၂၀၁၆ခု ဗီယက်နမ်စီးအီးအို ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာသူ တွေကပြောကြောင်း ဗီယက်နမ်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ဒစ်ဂျစ်တယ်မားကက်တင်းက ကုန်ပစ္စည်း သစ်တွေကို ဈေးကွက်သို့ လျင်မြန်စွာ စတင်တင်ပို့ပေးနိုင်တဲ့အတွက် အနာဂတ်ကာလမှာ ဒီလုပ်ငန်းက ဗီယက်နမ်မှာ ခိုင်မာစွာ ဖွံ့ဖြိုးနိုင်ပါတယ်။ ဒါကြောင့် ကုန်အမှတ်တံဆိပ် တွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် သမားရိုး ကျ ကြော်ငြာလုပ်ငန်းတွေက ဒစ်ဂျစ်တယ် မားကက်တင်းကို အသုံးပြု  သင့်ပါတယ်။
      ဖောက်သည်တွေအကြောင်းကို နက်နက်ရှိုင်းရှိုင်း  နားလည်မယ်ဆိုရင် စွမ်းအားကောင်းတဲ့  ဈေးကွက်ရှာဖွေ ရေး မဟာဗျူဟာတွေကို ချမှတ်နိုင်မှာ ဖြစ်ကြောင်း၊ ဟားဗတ်တက္ကသိုလ်မှ ပါမောက္ခဂျွန်ကွဲက  ထိပ်သီးအစည်း အဝေးမှာပြောပါတယ်။ ဒီလိုဆောင်ရွက်ပေးခြင်းဖြင့် ကုန်အမှတ်တံဆိပ်များအတွက်  စီးပွားရေးမဟာဗျူဟာများ၊ ထုတ်ကုန်များ၊ ဆက်သွယ်ရေးနဲ့ ဈေး နှုန်းများအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ ဈေးကွက်များကလ ည်း ေ ဈးကွက် အစိတ်အပိုင်း အသီးသီးမှ ဝယ်လို အားတွေနဲ့အညီ ချိန်ညှိပေးရန် လိုအပ်သလို ပြောင်းလဲလာတဲ့ နည်းပညာ၊ ဖောက်သည်နဲ့ လူ့အဖွဲ့အစည်းတို့နဲ့ လိုက်လျောညီထွေရှိဖို့ လိုအပ်ပါတယ်။ ငါးနှစ်ကျော်ကာလအတွင်း အမေ ရိကန်ပြည်ထောင်စု၊ ဂျပန်၊ တရုတ်နဲ့ အရှေ့တောင်အာရှဒေသမှာ လုပ်ငန်းသစ်တွေ အများကြီး ပေါ်ထွန်း ခဲ့ပါတယ်။ လူငယ်လူရွယ်ဦးရေ ဖွံ့ဖြိုး မှုနဲ့ စမတ်ဖုန်းသုံးစွဲမှု မြင့်တက်လာတဲ့ အခြေအနေတွေက လူတွေရဲ့ စားသုံးမှု ပုံစံ နဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်တဲ့ နည်းလမ်းကို ပြောင်းလဲစေခဲ့ပါတယ်။ ဒါကြောင့် ဗီယက်နမ်မှာ လုပ်ငန်းသစ် ထူထောင်ရာမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ လုပ်ငန်းသစ်များအနေဖြင့် မိမိတို့အခြေအနေနဲ့ သင့် ေ တာ်တဲ့ ဈေးကွက်မဟာဗျူဟာ  ချမှတ်လိုကြောင်း ပါမောက္ခက ပြောပါ တယ်။

 

ဉာဏ်တင်