Main menu

Background

ဈေးနှုန်း အခြေအနေကြောင့် ရေနံဝယ်လိုအား ကျဆင်းခဲ့တာကို အမေရိကန်စိုးရိမ်

Mon, 08/08/2016 - 15:06 -- journal_editor

         အမေရိကန် ပြည်ထောင်စုရဲ့ ရေနံစိမ်းဈေးနှုန်းက ဇွန်လ အတွင်းမှာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၅၀ အထိ ရောက်ရှိပြီး အမြင့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ နှစ်နှစ်ကြာ ရေနံ စိမ်းဈေးနှုန်း ကျဆင်းမှုလည်း အဆုံးသတ်ပြီလို့ ယူဆလာ ကြကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ နောက် ထပ်ရက်သတ္တပတ် ခြောက်ပတ်အကြာမှာတော့ ရေနံဈေးတွေ ပြန်လည်နာလန်ထူမယ်ဆိုတဲ့  ရည်မှန်းချက်  မပြည့်ဝသေး တာကို တွေ့ရပါတယ်။ ထုတ်လုပ် မှုများတိုးတက်ပြီး ရေနံတွင်းတူးစင်များ ပိုမို များပြားလာချိန်မှာ ဝယ်လိုအားက မျှော်မှန်းထားသလောက် ဖြစ်မလာတဲ့အတွက် ရေနံဈေးနှုန်းတွေ ပြန်လည်နာလန်ထူ မြင့်တက်လာဖို့အတွက် နောက်ထပ်တစ်နှစ်  သို့မဟုတ် တစ် နှစ်ကျော်လောက် အချိန်ယူရဦးမယ်လို့  လေ့လာဆန်းစစ်သူ တွေက ယုံကြည်ထားပါတယ်။
         ရေနံစိမ်းဈေးနှုန်းတွေက တစ်စည်ကို အမေရိကန် ဒေါ်လာ ၆၀ အထိ တိုးတက်လာမယ့်အစား ဝယ်လိုအားက ပြဿနာဖြစ်နေခြင်းနဲ့  ရောင်းလိုအားအတွက် စိုးရိမ်မှုများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် ရေနံစိမ်းဈေးနှုန်းတွေ  ထပ် မံ ကျဆင်းမယ့်သဘောကို ပြသနေပါတယ်။  ယခုနှစ် ကျန်ကာလ များမှာ ဓာတ်ဆီဝယ်လိုအား အလားအလာကျဆင်းမယ်လို့ အမေရိကန်ပြည်ထောင်စု စွမ်းအင်ဝန်ကြီးဌာနက  ခန့်မှန်း ထားပါတယ်။ မူလက ဓာတ်ဆီအ သုံးပြုမှု ကို တစ်ရက် စည် ၂၂၀၀၀၀ ရှိမယ်လို့  ခန့်မှန်းထားရာမှ ၁၆၀၀၀၀ ရှိမယ်လို့ ဝန်ကြီးဌာနက ပြင်ဆင်ခန့်မှန်းထားပါတယ်။
      ဘရက်ဇစ်ဂယက်ကြောင့် ဥရောပဒီဇယ်ဝယ်လိုအားကလည်း ခန့်မှန်းထားတာထက် ပိုမိုကျဆင်းနိုင်တယ်၊ တရုတ် နိုင်ငံကလည်း ဒီဇယ်ကိုသိုလှောင်ထားပြီး ဖြစ်တဲ့အတွက် အာရှဝယ်လိုအားကို ထိန်းချုပ်မှုဖြစ်စေနိုင်တယ် လို့ ခန့်မှန်း ကြပါတယ်။

 

ဉာဏ်တင်