Main menu

Background

အလုပ်သမားဆန္ဒပြမှုများကြောင့်ပို့ကုန်ထပ်မံကျဆင်းမယ်လို့ တောင်ကိုးရီးယား ကုန်သွယ်ရေးဝန်ကြီး ခန့်မှန်း

Mon, 08/08/2016 - 15:08 -- journal_editor

     မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေမှာ အလုပ်သမား သပိတ်များ  အဆက်မပြတ်  ဖြစ်ပွားခဲ့ တဲ့အတွက် တောင်ကိုရီးယား ရဲ့ဇူလိုင် ပို့ကုန်က ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် ဆက်လက်ကျဆင်းခဲ့တယ်လို့  ဇူလိုင် ၂၅ ရက် မှာ ကုန်သွယ်ရေးဝန်ကြီးက ပြောကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။ မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ ဟွန်ဒိုင်းမော်တာကုမ္ပဏီနဲ့ ကီးယာမော်တာကုမ္ပဏီ တွေမှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ် ေ ပါ် လာတဲ့ အတွက်  ဇူလိုင် မော်တော် ကားထုတ်လုပ်မှုက ကားစီးရေ ၁၆၀၀၀ ထိ ကျဆင်းနိုင်ကြောင်း ဆီဂျောင်းမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ကုန်သွယ် ရေးဝန်ကြီး ဂျူးဟွန်ရှန်က  သတင်း ထောက်တွေကို ပြောပါ တယ်။
     "ဒီနှစ် ပထမနှစ်ဝက်မှာ မော် တော်ကားထုတ်လုပ်မှုက ၂၀၁၅ ခုနှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၅ဒသမ ၄ ရာ ခိုင်နှုန်း  ကျဆင်းခဲ့ပြီး မော်တော်ကား တင်ပို့မှုကလည်း ၁၃ ဒသမ ၃ ရာခိုင် နှုန်းကျဆင်းတာ ကို တွေ့ရပါတယ်။ ေ မာ်တော် ကားထုတ်လုပ်ရေးလုပ်ငန်း တစ်ခုလုံး  ပြင်းထန်တဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပြီး  ကမ္ဘာ့ယှဉ်ပြိုင်မှုကြီးထွား နေချိန်မှာ အလုပ်သမားဆန္ဒပြမှုကြောင့် မော်တော်ကား ထုတ်လုပ်မှု ဆက်လက်ကျဆင်းမယ့် အခြေအနေ ကို ေ တွ့ရတာက  ဝမ်းနည်းစရာကောင်း ပါတယ်"လို့ ဝန်ကြီးက ပြောပါတယ်။ ဥရောပသမဂ္ဂမှ  ဗြိတိန်နိုင်ငံ နုတ်ထွက်မှု ဂယက်နဲ့အတူ ယခုနှစ် ဇူလိုင်လဆန်းမှာ အလုပ်ချိန်တွေ ကျဆင်းတဲ့အတွက် ပို့ကုန်တွေ ဆက်လက် ကျဆင်းနို င်ပါတယ်။

 

ဉာဏ်တင်