Main menu

Background

တောင်ကိုးရီးယားဘဏ်များက နိုင်ငံခြားငွေ အရန်ငွေ တိုးမြှင့်ထားရန်လိုအပ်

Mon, 08/08/2016 - 15:23 -- journal_editor

    နိုင်ငံခြားငွေမတည်ငွေများ အလုံးအရင်းနဲ့ စီးထွက်သွားပါက ကောင်းစွာ ထိန်းသိမ်းထားရှိနိုင်ဖို့အတွက် လာမယ့်နှစ်ကစပြီး အရန်ငွေကြေးများကို ပိုမိုထား ရှိဖို့ ပြဋ္ဌာန်းမယ်လို့ ဇူလိုင် ၂၅ ရက်က တောင်ကိုရီးယား  ထိပ်တန်း ဘဏ္ဍာရေး ကြီး ကြပ်မှုအဖွဲ့ကပြောကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။
      ပြည်တွင်းဘဏ်တွေက ထားရှိရမယ့် ငွေဖြစ်လွယ်မှု အချိုးကို ၂၀၁၇ ခုနှစ်မှာ  ၆၀ ရာခိုင်နှုန်းထားရှိရမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ၈၀ ရာခိုင်နှုန်းအထိ ထားရှိဖို့လိုကြောင်း ဘဏ္ဍာရေးလုပ်ငန်းကော်မရှင်(Financial Services Commission) က ပြောပါတယ်။ ငွေဖြစ်လွယ်မှုအချို့(Liquidity Coverage Ratio)ဆိုတာက ရက် ပေါင်း ၃၀ အတွင်း အသားတင် ပြန်လည်စီးထွက်သွားမယ့် နိုင်ငံခြားငွေကို ဖြေရှင်း ပေးဖို့ အတွက် ငွေဖြစ်လွယ်မှု ရှိတဲ့  နိုင် ငံခြားရရန် ပိုင်ခွင့်များ  လက်ဝယ်ထားရှိနိုင်မှု အချိုးဖြစ်ပါတယ်။ သဘောကတော့ ရေတိုကာလအတွင်း ပြန်လည်စီးထွက်သွားမယ့်  နိုင်ငံခြားငွေကို ဖြေရှင်းပေးဖို့ လက်ဝယ်ထားရှိရမယ့် နိုင်ငံခြားငွေပမာဏ  ဖြစ်ပါ တယ်။
    ယခုချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေကို နိုင်ငံခြားငွေများ ပြည်ပကိုအသားတင်စီးထွက်မှုရှိရင် ပြည်တွင်းဘဏ်တွေက ရေရှည်တည်ငြိမ်မှုရှိအောင် ထိန်းပေးနိုင်ဖို့အတွက် ကြိုးပမ်းမှုတစ်ရပ်အဖြစ်  အများကရှုမြင်ထားကြပါတယ်။ ဒါပေမယ့် ငွေဖြစ်လွယ်မှုတင်းကျပ်ထားတဲ့ ပြဋ္ဌာန်းမှုတွေထဲမှာ တောင်ကိုရီးယားက လာရောက် လုပ်ကိုင်နေတဲ့ နိုင်ငံခြားဘဏ်တွေနဲ့ ကိုရီးယားပို့ကုန်သွင်းကုန်ဘဏ်တွေ မပါဘူးလို့ ဆိုပါတယ်။ ပါဝင်ခြင်းမရှိတဲ့ အခြားဘ ဏ်ေ တွ ထဲမှာ နိုင်ငံခြား ကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၅၀၀ အောက်ရှိပြီး စုစုပေါင်းကြွေးမြီရဲ့ ၅ ရာခိုင်နှုန်း အထိမရောက်ရှိတဲ့ ပြည်တွင်းဘဏ်တွေ ဖြစ်ပါတယ်။ 

 

ဉာဏ်တင်