Main menu

Background

စင်ကာပူ စီးပွားရေး ကျဆင်းမှုကြောင့် အလုပ်လက်မဲ့နှုန်းနဲ့ အလုပ်မှ ထုတ်ပယ်မှု မြင့်တက်

Mon, 08/08/2016 - 15:26 -- journal_editor

      ယခုနှစ် ဒုတိယ  သုံးလပတ်မှာ အလုပ်လက်မဲ့နှုန်း မြင့်တက်ပြီး ခုနစ်နှစ်အတွင်း  အလုပ်မှ  ထုတ်ပယ်မှု အမြင့်ဆုံးကို  ရောက်ရှိလာတဲ့အတွက် စင်ကာပူ လုပ်သားဈေးကွက်မှာ အကျပ် အတည်းဖြစ်မယ့် လက္ခဏာတွေ မြင့် တက်လာခဲ့ကြောင်း စထရိတ်တိုင်းမ် သတင်းမှာ ဖော်ပြပါတယ်/ စင်ကာပူ နိုင်ငံရဲ့ ပြည်ပဝယ်လို အားကလည်း နှေးကွေးနိမ့်ကျနေဆဲ ဖြစ်ပြီး ဖော်ပြပါ ပြည်ပဝယ်လိုအားကိုပဲ စင်ကာပူစီးပွားရေးက မှီခိုနေရတဲ့ အ တွက်  လက်ရှိ အခြေအနေအတိုင်း ယခုနှစ်ကုန်ထိ   ဆက်လက်တည်ရှိနေ လိမ့်မယ်လို့   စီးပွားရေးကျွမ်းကျင်သူ တွေက ခန့်မှန်းပါတယ်။ စင်ကာပူ နိုင်ငံသားနဲ့ အမြဲတမ်း နေထိုင်ခွင့်ရသူ တွေရဲ့ အလုပ်လက်မဲ့နှုန်းက ဇွန်မှာ ၃ရာခိုင် နှုန်းရှိခဲ့ ရာ မတ်လကရှိခဲ့တဲ့ ၂ဒသမ ၇ ရာခိုင်နှုန်းနဲ့  နှိုင်းယှဉ်ရင် မြင့်တက်လာခဲ့ပါတယ်။ ၂၀၁၀ ပြည့် နှစ်နောက်ပိုင်း   အမြင့်ဆုံးနှုန်းလည်း ဖြစ်ပါတယ်။
     စုစုပေါင်း အလုပ်လက်မဲ့နှုန်းက ဇွန်မှာ ၂ဒသမ ၁ရာခိုင်နှုန်း ရှိခဲ့ပါ တယ်။ ဒီနှုန်းက လွန်ခဲ့တဲ့ သုံးလက ရှိခဲ့တဲ့ ၁ ဒသမ ၉ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ရင် မြင့်တက်နေပေမယ့် ၂၀၀၉ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အ တည်း ဖြစ်ချိန် က ရှိခဲ့တဲ့ ၃ဒသမ ၃ ရာခိုင်နှုန်း အောက် ကျဆင်းခဲ့ပါတယ်။ အလားတူ အလုပ်မှ  ထုတ်ပယ်မှုတွေလည်း မြင့် မားခဲ့ပါတယ်။ ယခုနှစ် ဒုတိယသုံးလပတ်မှာ အလုပ်မှ ထုတ်ပယ်ခံရသူ ဦးရေက ၅၅၀၀ ဦး ရှိခဲ့တဲ့အတွက်  ယခင်နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၇၀ ရာခိုင်နှုန်း နီးပါး မြင့်တက်ခဲ့ပါတယ်။ အလုပ်မှ ထုတ်ပယ်ခံရသူ အများစုမှာဝန်ဆောင် မှု ကဏ္ဍမှဖြစ်ပြီး အလုပ်မှ ထုတ်ပယ် ခံရသူ လုပ်သားဦးရေက ၃၄၀၀ အထိ ရှိခဲ့ပါတယ်။
      ကျွမ်းကျင်ပညာရှင်တွေ၊ မန်နေ ဂျာတွေနဲ့  အမှုဆောင်အရာရှိတွေက အလုပ်မှ  ထုတ်ပယ်ခံရပြီးရင် အလုပ်ပြန်ရဖို့  ရှာဖွေရတာ အချိန်ပိုကြာ တာဖြစ်လို့  သူတို့အတွက်  ပိုမိုစိုးရိမ်မိ ကြောင်း လူအင်အားဆိုင်ရာ အစိုးရ ပါလီ မန်ကော်မတီ ဥက္ကဋ္ဌ  မစ္စတာပက်ထရစ်တေက ပြောပါတယ်။ ယခုနှစ်အတွင်း အလုပ်မှ ထုတ်ပယ်ခံရသူ ဦးရေမှာ ၁၀၂၁၀ ဦး ရှိသွား ပြီဖြစ်တဲ့အတွက် တစ်နှစ်လုံး အခြေအနေကို ကြည့်ပါက ယခင်နှစ်က အလုပ်မှ ထုတ်ပယ်ခံရ သူ ဦးရေဖြစ်တဲ့ ၁၅၅၈၀ ဦးထက် ပိုမိုကျော်လွန်သွား နိုင်တယ်လို့ ဒီဘီအက်စ်ဘဏ်မှ စီးပွား ရေးပညာရှင် အိုင်ဗင်ဆီးဟားက ပြော ပါတယ်။ "အလုပ်လက်မဲ့နှုန်း ဆက်လက် မြင့်မားလာတာကြောင့်  ကားနဲ့ အိမ် ဝယ်ယူမှုအပါအ ဝင် စားသုံးသူ သုံးစွဲ မှုနဲ့  လက်လီစီးပွား ရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ထိခိုက်နိုင်ပါတယ် "လို့ သူက ပြောပါတယ်။

 

ဉာဏ်တင်