Main menu

Background

အခွန်ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကို အိန္ဒိယ ပါလီမန်အတည်ပြု

Mon, 08/15/2016 - 15:10 -- journal_editor

       အိန္ဒိယအထက် လွှတ်တော် (ပါလီမန်)က အခွန်ပြောင်း လဲရေး ဥပဒေကြမ်းကို သြဂုတ် ၃ ရက်က အတည် ပြုခဲ့ကြောင်း အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။ ဥပဒေကြမ်းကိုအတည် ပြုပေးခြင်းအားဖြင့် အမျိုးသားရောင်း ခွန် ဥပဒေသစ်ကို စတင် မိတ်ဆက်ပေးနိုင်တော့မှာဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးမှာ ဘုံဈေးကွက် တစ်ခုကို ပထမအကြိမ်အဖြစ် ထူထောင်ပေးနိုင်တော့မှာ ဖြစ် ပါတယ်။ ဥပဒေမူကြမ်းကို လွှတ်တော်သို့ မတင်ပြမီ ဝန်ကြီးချုပ် နရိန္ဒရာ မိုးဒိအစိုးရအဖွဲ့က ကွန်ဂရက်ပါတီနဲ့ တခြား အတိုက် အခံပါတီဝင်များရဲ့ သဘောတူညီမှုရရှိအောင် ဆောင်ရွက် နိုင်ခဲ့ပါတယ်။ လွှတ်တော်မှာ နာရီပေါင်း များစွာဆွေးနွေးပြီး နောက် ကုန်စည်နဲ့ ဝန်ဆောင်မှုအခွန် (Goods and Services Tax -GST) ကို လွှတ်တော်ကိုယ်စားလှယ်များက တညီတညွတ်တည်း ထောက်ခံမဲပေးခဲ့ကြပါတယ်။ ဗဟိုနဲ့ ပြည်နယ်အစိုးရတွေက ကျင့်သုံးနေတဲ့ ကုန်စည် နဲ့ ဝန်ဆောင်မှုအခွန်နေရာမှာGST ကို အစားထိုး ကျင့် သုံး သွားမှာဖြစ်ပြီး ယခုပြောင်းလဲမှုက ၂၀၁၄ ခုနှစ် မေလက အစိုးရတာဝန်ကို လွှဲပြောင်းယူခဲ့ပြီးနောက်ပိုင်း ဘရာတီယာ ဂျာနာတာပါတီဦးဆောင်တဲ့ အစိုးရရဲ့ အကြီးမားဆုံးပြုပြင် ပြောင်းလဲမှု ဖြစ်ပါတယ်။ ဥပဒေ ကို ပြဋ္ဌာန်းနို င်ခြင်းက သမိုင်းဝင် အဖြစ်အပျက် တစ်ခုဖြစ်ပြီး ယခုကဲ့သို့ ထောက်ခံမှုပေးတဲ့အတွက် ပါတီ အားလုံးမှ ကိုယ်စားလှယ်များကို ကျေးဇူးတင်ကြောင်း မိုးဒိက ပြောပါတယ်။GST ဥပဒေမူကြမ်းကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က တည်း က ကွန် ဂရက် ပါတီက အကြိမ်ကြိမ် ကန့်ကွက်ခဲ့ပါတယ်။ ဥပဒေကြမ်းမှာပြင်ဆင်မှု များကို အမျိုးမျိုး ပြုလုပ်ပြီးနောက် ပိုင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် GST ဥပဒေ ကြမ်းကို အတည်ပြုရေးလုပ်ငန်းက မိုးဒိရဲ့ ဝန်ကြီး ချုပ်သက် တမ်းမှာ အပြင်းထန်ဆုံးတိုက်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ "ဒီအခွန်ပြုပြင်ပြောင်းလဲရေးက လွတ်လပ်ရေးရပြီး နောက်ပိုင်း အကြီးမားဆုံး ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်"လို့ ဘဏ္ဍာရေးဝန်ကြီး အရန်ဂျိတ်တလေက သြဂုတ် ၃ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ တယ်လီဗီးရှင်းချန်နယ်မှာပြောပါတယ်။

 

ဉာဏ်တင်