Main menu

Background

ဆော်ဒီအာရေးဘီးယားမှာ သောင်တင်နေတဲ့ လုပ်သားများကို အိန္ဒိယနိုင်ငံက ပြန်လည်ခေါ်ယူမည်

Mon, 08/15/2016 - 15:24 -- journal_editor

        ဆော်ဒီအာရေးဘီးယား နိုင်ငံ မှာ အလုပ်လုပ်ကိုင်လျက်ရှိကြတဲ့ အိန္ဒိယနိုင်ငံသား အလုပ်သမား အများ အပြားဟာ အလုပ်မှထုတ်ပယ်ခံရတဲ့ အတွက် စားသောက်ရေးကိစ္စသာမက လေယာဉ်လက်မှတ် ဝယ်ယူဖို့အတွက် ပါ ငွေကြေးအခက်အခဲ ကြုံတွေ့နေရ တာကြောင့် ဆော်ဒီအာရေးဘီးယား မှာ သောင်တင်လျက်ရှိပါတယ်။ အဆိုပါ အလုပ်သမားများအား ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အိန္ဒိယ Junior Foreign Minister ဗီဂျေးကူမာ ဆင်း က သြဂုတ် ၃ ရက်မှာ ဆော်ဒီအာ ရေးဘီးယားနိုင်ငံသို့ သွားရောက်ခဲ့ပါ တယ်။  ဒီအခက်အခဲများကို   အမြန်ဆုံး ဖြေရှင်းပေးမှာဖြစ်ကြောင်း ဆော်ဒီအာ ရေးဘီးယားကလည်း ပြောပါတယ်။
         လက်ဘနွန် ဝန်ကြီးချုပ်ဟောင်း ဆာအတ်အယ်လ်ဟာရီရီ တည်ထောင် ထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ ဆော်ဒီအိုဂါကုမ္ပဏီက ဆော်ဒီအာရေး ဘီးယားမှာ သောင်တင်နေတဲ့ အိန္ဒိယ လုပ်သား ၆၂၀၀ ကို ငှားရမ်းထား တာ ဖြစ်ပါတယ်။ ငွေကြေးအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့အတွက် ဆော်ဒီအိုဂါ ကုမ္ပဏီဟာ အဲဒီအိန္ဒိယအလုပ်သမား ၆၂၀၀ ကို လစာပေးချေနိုင်ခဲ့ခြင်း မရှိ ခဲ့တာ ကြာခဲ့ပြီဖြစ်ပါတယ်။ ရေနံဈေးနှုန်းတွေ တစ်ဟုန်ထိုး ကျဆင်းမှုေ ကြာင့် ကမ္ဘာ့ထိပ်တန်း ရေနံတင်ပို့နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဘီးယားရဲ့  နိုင်ငံတော်ဘတ် ဂျက်သုံးစွဲငွေ ကျဆင်းခဲ့ပါတယ်။  အဲဒါ ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ မှာ ငွေကြေး အကျပ်အတည်းနဲ့ တွေ့ ကြုံနေ ရပြီး တောင်အာရှနဲ့ နိုင်ငံရပ် ခြားမှ နိုင်ငံခြားသား  လုပ်သားထောင် ပေါင်းများစွာကို အလုပ်မှရပ်စဲခဲ့ရပါ တယ်။
        အကျပ်အတည်းနဲ့ ကြုံတွေ့နေ ရတဲ့ ဆော်ဒီအိုဂါကုမ္ပဏီကို လွှဲပြောင်း ယူဖို့ အဆိုပြုချက်ကို ဆော်ဒီအစိုးရက သဘောတူထားပြီးဖြစ်ကြောင်း သြဂုတ် ၃ ရက်နေ့က ထုတ်ဝေတဲ့ သတင်းစာ တစ်စောင်မှာ ဖော်ပြ ပါတယ်။ ေ စ့စပ် ညှိနှိုင်းမှုအရ ဆော်ဒီအိုဂါကုမ္ပဏီက တာဝန်ယူရမယ့် ကြွေးမြီနဲ့ ငွေကြေး တာဝန်အားလုံးကို ကုမ္ပဏီကို ဝယ်ယူမယ့်သူက လွှဲပြောင်းတာဝန်ယူရမှာ ဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကုမ္ပဏီမှ တစုံတရာ ပြောကြားြ ခင်း မရှိ သလို လွှဲပြောင်းရယူရေး အဆိုပြုချက် နဲ့ ပတ်သက်၍လည်း ဆော်ဒီအစိုးရရဲ့ တာဝန်ရှိသူတို့ကလည်း  ဝေဖန်ပြော ကြားခြင်း မရှိခဲ့ပါဘူး။

 

ဉာဏ်တင်