Main menu

Background

ဟောင်ကောင်မြို့ အတွင်းရှိ အများပြည်သူများအတွက် အန္တရာယ်ဖြစ်စေနိုင် သော ဆိုင်းဘုတ်များအား ဖယ်ရှား

Thu, 08/18/2016 - 11:07 -- journal_editor

     ဟောငေ်ကာင်မြို့အတွင်းရှိ လမ်းမများ၊ လမ်းသွယ်များပေါ်တွင် အချို့ဆိုင်းဘုတ်များမှာ မှေးမှိန်၍ ကာလရှည်ကြာပြီး အိုမင်းဆွေးမြေ့ ကာ ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့် အများပြည်သူများအတွက် အန္တရာယ်ဖြစ်စေနိုင်ေ သာ ဆိုင်းဘုတ်များအား အာဏာပိုင်များမှတရားမဝင်သော၊ ခွင့်မပြုသောဆိုင်းဘုတ်အဖြစ် သတ်မှတ်ပြီး ဖယ်ရှားသွားမည်ဖြစ် ကြောင်းနှင့် ဆိုင်းဘုတ်တစ်ရာကျော်အားလည်း ဖြုတ်ချဖယ်ရှားခဲ့ပြီးဖြစ်ကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုး တက်ရေးဌာနအတွင်းဝန် Paul Chan Mopo ပြောကြားခဲ့သည်။
      ၎င်းဆိုင်းဘုတ်များသည် မြို့တော်၏ပုံရိပ်ကိုထိခိုက်စေသည့် အပြင်ဟောင်ကောင်၏ ယဉ်ကျေးမှုအမွေအနှစ်ကိုလည်း ထိခိုက်စေခဲ့ကြောင်း၊ ပြည်သူများ၏ အန္တရာယ်ကင်းရှင်းရေးမှာ အာဏာပိုင်များ၏ တာဝန်သာဖြစ်ကြော င်း ပြောကြားခဲ့သည်။ အဆောက်အဦ အမိန့်ကြေညာချက်အရ ဆိုင်းဘုတ်တင်ခြင်းမှာ အဆောက်အဦး ကော်မတီ၏ထိန်းချုပ်မှုအောက်တွင် ရှိကြောင်း၊လိုအပ်သောသတ်မှတ်ချက်နှင့် ပြည့်မီခြင်းမရှိသည့် ဆိုင်းဘုတ်များအား ခွင့်ပြုမည်မဟုတ်ဘဲ ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း၊ အဆောက်အဦ ဌာနမှ ပြောကြားခဲ့သည်။
      ပိုင်ရှင်များအနေဖြင့် ကျွမ်းကျင်ပညာရှင်များအား အသုံးပြု၍ ဆိုင်းဘုတ်တင်ရန် လျှောက်ထားနိုင်ကြောင်း၊အဆောက်အဦဆိုင်ရာ ပညာရှင်များနှင့်မှတ်ပုံတင်ထားသော အဆောက်အဦဆောက်လုပ်သူများက ဆိုင်းဘုတ်များ အား သတ်မှတ်ချက်နှင့်ကိုက်ညီခြင်းရှိ၊ မရှိ စစ် ဆေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဟောင်ကောင်မြို့