Main menu

Background

တရုတ်-အာဆီယံ Code Of Conduct မူဘောင်ကို၂၀၁၇ ခုနှစ်တွင် အဆင်သင့်ဖြစ်အောင် ဆောင်ရွက်မည်

Thu, 08/25/2016 - 14:19 -- journal_editor

    တောင်တရုတ် ပင်လယ်ပြင် အငြင်းပွားမှုကြောင့် ဖြစ်ပေါ်ရသော တင်းမာမှုများကို    လျော့ပါးစေရန် အတွက်  Code Of Conduct မူဘောင် ကို ၂၀၁၇ ခုနှစ် အလယ်ပိုင်းမှာ အပြီး သတ်ဆောင်ရွက်ဖို့ တရုတ်နဲ့  အာဆီ ယံ တို့က ဆောင်ရွက်နေကြတယ်လို့ သြဂုတ် ၁၇ ရက်က နိုင်ငံပိုင် မီဒီယာ တွေမှာ ဖော်ပြထားကြောင်း ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ တရုတ်နိုင်ငံနဲ့   အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတို့က မဟာဗျူဟာရေကြောင်း လမ်းမှာ ပဋိပ က္ခဖြစ်ပွားမှုတွေ ဆက်လက်ဖြစ်ပေါ်လာမှာကို ရှောင်ရှားနိုင် ဖို့အတွက် စည်းမျဉ်းဥပဒေတွေ ချမှတ် ဖို့ ၂၀၁၀ ခုနှစ်ကတည်းက စတင်ဆောင် ရွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံက တောင် တရုတ်ပင်လယ်မှာရှိတဲ့ ဖိလစ်ပိုင်နိုင်ငံ ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ချိုးဖောက်ခဲ့တယ်လို့ ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပေးထားတဲ့ ဟိတ်မြို့ရှိ အငြင်းပွားမှု ဖျန်ဖြေရေး တရားရုံးက ဇူလိုင်လအတွင်းက ဆုံး ဖြတ်ခဲ့ပါတယ်။
         ဒါပေမယ့် တရားရုံးရဲ့ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ပယ်ချခဲ့ပြီး ပြဿနာကို ဖြေရှင်းရာမှာ သံတမန် နည်းလမ်းနဲ့ ဖြေရှင်းဖို့လိုလားကြောင်း တရုတ်နိုင်ငံက ပြသလာပါတယ်။ တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ဟာ တရုတ်နိုင် ငံ အရှေ့မြောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း စည်းမျဉ်းဥပဒေမူဘောင်ကို ၂၀၁၇ ခု  အလယ်မှာ အပြီးရေးဆွဲဖို့သဘောတူခဲ့ကြပါတယ်။ ဒါ့အပြင် ရေကြောင်းဆိုင်ရာ အရေးပေါ်အခြေအနေတွေ ပေါ်ပေါက်လာပါက ေြ ဖရှင်းနိုင်ရေးအတွက် တရုတ်-အာဆီယံ အရေးပေါ်ဆက် သွယ်ရေးလိုင်းထားရှာဖို့ သဘောတူခဲ့ ကြကြောင်း တရုတ်နိုင်ငံတော် သတင်းစာဖြစ်တဲ့ ချိုင်းနားဒေးလီးမှာ ဖော်ပြပါတယ်။
       ဒေသတွင်းမှာရှိတဲ့နိုင်ငံတွေက ၂၀၁၄ ခုနှစ်မှာ အရေးပေါ်အခြေအနေ (Unplanned Emcounters) ဖြေရှင်းရေး ဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ တောင်တရုတ် ပင်လယ်ပြဿနာကို ဖြေရှင်းရာမှာ လည်း ဒီသဘောတူညီချက်ကို လိုက်နာ ဖို့ တရုတ်နဲ့ အာဆီယံတို့က သဘောတူခဲ့ကြပါတယ်။ တောင်တရုတ် ပင်လယ်က နှစ်စဉ် ကမ္ဘာ့ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ငါးထရီလီယံဖိုးရှိ ကုန်စည်တွေ ဖြတ်သန်း သွားလာရာ ေ ဒသဖြစ်ပြီး တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါး ပိုင်ဆိုင်ခွင့်ကို တရုတ် နိုင်ငံက  တောင်းဆိုလျက်ရှိပါတယ်။ ဘရူနိုင်း ၊ မလေးရှား၊ ဖိလစ်ပိုင်၊ တရုတ်(တိုင်ပေ) နဲ့ဗီယက်နမ်နိုင်ငံတွေကလည်း  ပိုင်ဆိုင်ခွင့်ကို တောင်းဆိုလျက် ရှိပါတယ်။

 

ဉာဏ်တင်