Main menu

Background

အခြေခံအဆောက်အအုံကဏ္ဍ၌ နိုင်ငံတကာအဆင့်ရှိသည့် ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် အိန္ဒိယလယ်သမားများ ဆန္ဒရှိ

Thu, 09/01/2016 - 13:37 -- journal_editor

အိန္ဒိယနိုင်ငံတစ်ဝန်းရှိ တောင်သူ လယ်သမားများသည် လက်လီ စားသောက်ကုန်လုပ်ငန်းများ၌ ရာနှုန်း ပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ကြိုဆိုလျက်ရှိသည်။ နိုင်ငံတကာအဆင့်မီကုမ္ပဏီများဝင်ရောက်လာပြီး အခြေခံ အဆောက်အအုံကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ ကာ၊ စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နေသည့် လူ့အသိုက်အဝန်း အား ကူညီမှသာလျှင် ၎င်းင်းတို့အနေဖြင့် ကိုယ်တိုင်   ရပ်တည်လာနိုင်မည်ဖြစ် သည်။ နိုင်ငံတကာ  ကုမ္ပဏီ များ ဝင် ရောက်လာမှသာလျှင် လက်ဝါးကြီးအုပ် ခြယ်လှယ်ခြင်းနှင့်ထိန်းချုပ်မှု အလေ့ အထများဖြင့် အကျည်းတန်နေသည့် ဈေးကွက်တွင်ယှဉ်ပြိုင်မှုများပေါ်ပေါက် လာမည်ဖြစ်သည်ဟု လယ်သမားများက ယုံကြည် ထား သည်။ သို့ရာတွင် ၎င်းတို့အား ကန့်သတ် ကာလတစ်ခုအတွင်း အဆင့်ဆင့်ထုတ် လုပ်မှုနည်းစနစ်များ၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ဒီဇိုင်း၊ အရည်အသွေးထိန်း ချုပ်ခြင်း၊  သယ်ယူပို့ဆောင်ရေး၊ သို လှောင်ရုံစသည့် စိုက်ပျိုးရေးထုတ်ကုန် ပစ္စည်းများ     ထုတ်လုပ်ရန်အတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ အားလုံးပါဝင်သည့်   back-end infrastructure  များတွင်ရင်းနှီးမြှုပ်နှံမှုပြု ရန်   တိုက်တွန်းတောင်းဆိုရမည်ဟု လယ်သမားများကဆိုသည်။ ထို့ပြင် ၎င်းင်းတို့အတွက်လည်း ဒေသတွင်းနည်း စနစ်များအား သိနားလည်လာစေရန် လုံလောက်သည့် အချိန်ကာလတစ်ခုကိုပေးအပ်ရမည်ဖြစ်ကြောင်း Consortium of  Indian  Farmers  Association (CIFA)၏Secretary General ဖြစ်သူ Chengal Reddyက ပြောကြားထား ကြောင်း သိရပါသည်။လယ်သမား များဖြင့် ပါဝင်ဖွဲ့စည်းတည်ထောင်ထားသည့် ၤFarmer Producer Companies (FPO)ခေါင်း ဆောင်များကလည်း ၎င်းတို့ အနေဖြင့်  နိုင်ငံတကာအဆင့် ကုမ္ပဏီကြီးများနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ရန် စိတ်အား ထက်သန်လျက်ရှိကြောင်းပြောကြားလျက်ရှိသည်။ နိုင်ငံခြားလုပ်ငန်းရှင် များထံမှပိုမိုများပြားသော ရင်းနှီး မြှုပ်နှံ မှုနှင့် အသိပညာတို့၏အကျိုး ကျေးဇူးများရရှိလိုသည့်အပြင် အဆိုပါ ကုမ္ပဏီကြီးများသည် ဖွံ့ဖြိုးပြီးနိုင်ငံများ ရှိ စားသုံးသူများ၏ ဝယ်လိုအားကို သိရှိ နားလည်လိမ့်မည်ဟု ယူဆထားကြ သည်။ သို့ဖြစ်၍ တောင်သူလယ်သမား များအနေဖြင့်စားသုံးသူလိုအပ်ချက်  များနှင့်ကိုက်ညီမည့် ကျွမ်းကျင်မှုများ ရရှိအောင် အဆင့်မြှင့်တင်ရာ၌ အကူ အညီဖြစ်စေနိုင်မည်ဖြစ်သည်။ လက်ရှိ တွင် လယ်သမားများမှာ ငွေကြေးအင် အားနည်းပါးပြီး ၊ နေရာအနှံ့အပြား တွင်နေထိုင်နေကြသည့်အတွက် ၎င်းင်းတို့နှင့် ဆက်သွယ်၍ ပမာဏများများ ရင်းနှီး မြှုပ်နှံမှုပြုမည့် ကုမ္ပဏီကြီးများ လိုအပ် လျက်ရှိကြောင်း၊ ၎င်းကုမ္ပဏီကြီးများ သည် လယ်ယာထွက်ကုန်ပစ္စည်းများ၏စံနှုန်းသတ်မှတ်ချက်များ၊ ကုန်အမှတ် တံဆိပ်နှင့်လယ်သမားများ၏စွမ်းရည် များ အဆင့်မြှင့်တင်ခြင်းတို့အတွက် အစပျိုးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ျွနိပ ကထပ်မံပြောကြားခဲ့သည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ နယူးဒေလီမြို့