Main menu

Background

ကမ္ဘာ့ကုန်သွယ်မှု တိုးတက်နှုန်း ခန့်မှန်းချက်ကို ဒဗလျူတီအိုက လျှော့ချ

Wed, 10/05/2016 - 15:02 -- journal_editor

      ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗ လျူတီအို)က ကမ္ဘာ့ကုန်သွယ် ရေးတိုး တက်မှုနှုန်း ခန့်မှန်းချက်ကို မူလခန့်မှန်း ထားသည့်အောက်သို့ စက်တင်ဘာ ၂၇ ရက်ကလျှော့ချခန့်မှန်းလိုက်ပြီး ဂလို ဘယ်လိုက်ဇေးရှင်းပုံစံကို အချို့နိုင်ငံ များက ဆန့်ကျင်မှုနှင့် အီးယူမှ ဗြိတိန် နုတ်ထွက်မှုစသည့် ဂယက်တို့ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးဖွံ့ဖြိုးမှု နှုန်းကို ကမ္ဘာ့ ဘဏ္ဍာရေးအကျပ်အတည်းကာလ နောက်ပိုင်း အနိမ့်ဆုံး နှုန်းသို့ ရောက်ရှိ သွားစေနိုင်သည်ဟုလည်း သတိေ ပး ထားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
      ဒဗလျူတီအို၏ သတိပေးချက် သည် ဥရောပသမဂ္ဂနှင့်  အမေရိကန် ပြည်ထောင်စုတို့၏ သမိုင်းဝင် လွတ် လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ်အတွက် ဆွေးနွေးမှုများကို ပြင်းထန် သော ဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေ ရချိန်နှ င့် အီးယူမှ ဗြိတိန်နိုင်ငံ နုတ်ထွက်မှုကိစ္စကို အမျိုးမျိုး ဝေဖန်ပြောကြားနေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ကုန်သွယ်ရေး ဖွံ့ဖြိုး တိုးတက်မှုကို ဧပြီက ၂ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားခဲ့ရာမှ ယခုအခါ ၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု ဒဗလျူတီအိုက ခန့်မှန်းထားသည်။ ယခုနှစ်အတွက် ကုန်သွယ် ရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ယခင်နှစ် ခန့်မှန်းချက်အရ ၃ ဒသမ ၉ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားခဲ့ရာ ယခုတစ် ကြိမ် ခန့် မှန်းချက်က အဆိုပါ ခန့်မှန်း ချက်နှင့် နှိုင်းယှဉ်လျှင် လွန်စွာ နိမ့်ကျ လျက်ရှိနေသည်။ ကုန်သွယ်ရေး ဖွံ့ဖြိုးမှု နှုန်းသည် ကမ္ဘာ့ဘဏ္ဍာရေး အကျပ် အတည်း ဆိုက်ရောက်ခဲ့သည့် နောက် ပိုင်း လွန်ခဲ့သည့် ခုနစ်နှစ်အတွင်း အနိမ့်ဆုံး သို့ရောက်ရှိနေသည့်အတွက် ဤ အခြေအနေမှာ အားလုံးကို လှုပ်နှိုး လိုက်သော အချက်ပြသတိပေးသံတစ်ခု ဖြစ်ကြောင်း ဒဗလျူတီအိုက ပြောသည်။
         နောင်အနာဂတ်တွင် ဖြစ်ပေါ် လာမည့် အခြေအနေကို ကြိုတင် ခန့်မှန်းကြည့်မည်ဆိုပါက အီးယူမှ ဗြိတိန်နိုင်ငံ နုတ်ထွက်မှုဂယက် အပါ အဝင်ပြဿနာ အမြောက်အများက ကမ္ဘာ့ကုန်သွယ်မှုအပေါ် လွှမ်းမိုးလာ သည့်အတွက် ၂၀၁၇ ခုနှစ် အလား အလာမှာလည်း လျော့ကျနိုင်ဖွယ်ရှိ ကြောင်း ဒဗလျူတီအိုက ပြောသည်။

 

UNT