Main menu

Background

အိန္ဒိယအရှေ့ မြောက်ဒေသအား နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ချိတ်ဆက်ရန် အိန္ဒိယမီးရထားဝန်ကြီးဌာနစီစဉ်

Tue, 10/11/2016 - 14:12 -- journal_editor

        အိန္ဒိယ မီးရထားဝန်ကြီးဌာနသည် အိန္ဒိယအရှေ့ မြောက်ဒေသအား နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ချိတ်ဆက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ သည်။ အိန္ဒိယ နိုင်ငံအနေဖြင့် နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်တို့ကဲ့ သို့ေ သာ အိမ်နီးချင်းနိုင်ငံများနှင့် ရထားလမ်းဆက်သွယ်မှု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ နိုင်ငံများသို့ ရထားလမ်းသစ်များ ဖောက်လုပ်နိုင်ရေး တိုင်းတာမှုလုပ်ငန်းများကို အိန္ဒိယရထားလမ်းဖောက်လုပ်ရေး အဖွဲ့မှ ဆောင် ရွက်ခဲ့ပြီး ဖြစ်သည်။Northeast Frontier Railway (NFR) သည် ဆင်ဟာဘတ်မြို့၌ ဘင်္ဂ လားဒေ့ရှ်နိုင်ငံနှင့် ဆက်သွယ်သည့် ရထားလမ်းကို ဖောက်လုပ်ခဲ့ပြီးဖြစ်ရာ Radhikapur မြို့နှင့် Haldibari မြို့တို့ အား ဆက်သွယ်မည့် ရထားလမ်းကို လည်း ဖောက်လုပ်လျက်ရှိသည်။  NFR မှ အဆိုပြုတင်ပြ ထားသည့် Agartala နှင့် Akhaura မြို့တို့ကို ချိတ်ဆက်မည့် အပြည်ပြည်ဆိုင်ရာ ရထားလမ်းစီမံကိန်း သည် ထရိုင်ပူရပြည် နယ် အတွက် သာမက အရှေ့မြောက်ဒေသတစ်ခုလုံးနှင့် အိန္ဒိယတစ်နိုင်ငံလုံး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့် တင်ပေးနိုင်လိမ့်မည်ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် နိုင်ငံ ဖြတ်ကျော်အာရှ ရထား လမ်းကွန်ရက် (Trans Asian Railway network) ၏အစိတ်အပိုင်းတစ်ခု ဖြစ်လာနိုင်ပြီး၊ ထရိုင်ပူရ ပြည်နယ်မှ ကိုလ်ကတ္တားမြို့သို့ ဆက်သွယ်ရာတွင် ခရီးအလွန် တိုတောင်းသွားမည် ဖြစ်သည်။ ယခုအကောင်အထည်ဖော်နေ သည့် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ရထားလမ်းစီမံကိန်းသည် အိန္ဒိယ အရှေ့ မြောက်ဒေသသို့ ဝင်ပေါက်၊ ထွက်ပေါက် ဖြစ်ပြီး အိန္ဒိယအရှေ့ မြောက်ဒေသရှိ Ashuganj မြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စစ်တကောင်း ဆိပ်ကမ်းတို့နှင့် ဆက်သွယ်မည် ဖြစ်သည်။ ထို့ပြ င် Agartala မြို့မှ ကိုလ်ကတ္တားမြို့တို့အား ဒါကာ မြို့မှတစ်ဆင့် ခရီးလမ်းတိုတောင်းစွာ ဖြင့် ဆက်သွယ်မည်ဖြစ်ရာ Agartala နှင့် ကိုလ်ကတ္တားမြို့တို့ကို လက်ရှိဆက် သွယ်ထားသော အကွာအဝေးမှာ ၁၆၁၃ ကီလိုမီတာရှိရာ အဆိုပါလမ်းဖောက်လုပ်ပြီးစီးပါက ကီလိုမီတာ ၉၀၀ ဝန်းကျင် သို့ လျော့နည်းသွားမည်ဖြစ်ကြောင်း သိရပါသည်။
         လက်ရှိတွင် အိန္ဒိယနိုင်ငံအနေဖြင့် ဘူတန်နိုင်ငံနှင့် ရထားလမ်းဆက်သွယ်မှု မရှိသေးပေ။ သို့ရာတွင် ဘူတန် သို့ ရထားလမ်းတိုးချဲ့ဖောက်လုပ်ရေးအတွက် နေရာငါးခုတွင် မြေပြင် ကွင်းဆင်းတိုင်းတာလေ့လာ မှုများ ပြုလု ပ်ပြီး ဖြစ်သည်။ နီပေါနိုင်ငံနှင့်မူ အိန္ဒိယနိုင်ငံ၊ Jogvani မြို့နှင့် နီပေါ နိုင်ငံ၊ Birathagar မြို့တို့အကြား အကြမ်းဖျဉ်း ၁၈ ဒသမ ၉၀ကီလိုမီတာ အကွာအဝေးရှိ ရထားလမ်းတစ်ခုကို ဖောက် လုပ်လျက်ရှိသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့