Main menu

Background

လုပ်ငန်းဆက်ခံသူ ရရှိရန် အခက်ကြုံနေရသဖြင့် ဂျပန်အသေးစားလုပ်ငန်းများ ပျောက်ကွယ်လုနီးပါးဖြစ်

Wed, 10/12/2016 - 13:37 -- journal_editor

    အသက်အရွယ် ကြီးရင့်လာသော လုပ်ငန်းပိုင်ရှင်များက လုပ်ငန်းကို ဆက်ခံနိုင်သူရရှိရန် အလူးအလဲ ရုန်းကန်နေရသည့်အတွက် ဂျပန်နိုင်ရှိ အသေးစားစီးပွားရေး လုပ်ငန်းကလေးများမှာ ဆိတ်သုဉ်းပျောက်ကွယ်ရတော့ မည့် အခြေအနေကိုရောက်ရှိနေကြောင်းနှင့် အသက်အရွယ်ကြီးရင့် သူဦးရေ လျင်မြန်စွာ တိုးတက်လာခြင်းက ဂျပန်နိုင်ငံအတွက် အခက်အခဲတစ်ခုဖြစ်လာတော့မည့် လက္ခဏာတစ်ရပ်အဖြစ် ပြသလာကြောင်း ရိုက်တာ သတင်း တွင် ဖော်ပြသည်။
     လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးရေးအတွက် အရေးပါသော လုပ်ငန်းရပ်အဖြစ် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးသည် စီးပွားရေးလုပ်ငန်းသစ်များ ထူထောင်ရေးကို ဦးတည် ချက်ထား ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ယခုအချိန်အထိ အခြေအနေကို ကြည့်ပါက ဝန်ကြီးချုပ်၏ အစီအစဉ်မှာ ထိရောက်မှု နည်းနေသည်ကို တွေ့ရပြီး လုပ်င န်း ပိတ်သိမ်းရသော အသေးစားစီးပွားရေးလုပ်ငန်းများ၏ အရေအတွက်မှာလည်း စံချိန်တင် မြင့်တက်လျက်ရှိသည်။ အသက် ၇၂ နှစ်အရွယ်ရှိ တာကာယာခုဝါတာ နာဘေးသည် ဂျပန် နိုင်ငံ အလယ်ပိုင်း နာဂိုယာရှိ သူ့ မိသားစု အစဉ်အဆက် နှစ်ပေါင်း ရှစ်ဆယ်ကြာလုပ်ကိုင်ခဲ့သော မြေဖြူ တောင့် စက်ရုံကို ပိတ်သိမ်းခဲ့သည်။
     သူသည် နည်းပညာ၊ ပစ္စည်းကိရိယာနှင့် ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်ခွင့်အားလုံးကို တောင်ကိုရီးယားကုမ္ပဏီတစ်ခုအား ယခင်နှစ်ကရောင်းချခဲ့သည်။ "ကျွန်ေ တာ့ရုပ်ခန္ဓာ အခြေအနေက ယိုယွင်းနေပြီ။ ကျွန်တော့ လုပ်ငန်း ကို ဆက်ခံမယ့်သူလည်း မရှိဘူး။ စီးပွားရေးလုပ်ငန်းအခြေအနေ ကလည်း မကောင်းဘူး"ဟု ဝါတာ နာဘေးက ပြောသည်။ သူ့သမီးသုံး ယောက်ကလည်း သူ့လုပ်ငန်းကို ဆက်ခံပြီး ဆက်လက်ဆောင်ရွက်လိုစိတ် မရှိကြောင်း သူ ကပြောသည်။ Abenomics ဟုေ ခါ်သော မူဝါဒများဖြင့် စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးရန် ဝန်ကြီးချုပ်က ကတိပြု ဆောင်ရွက်ပေးပြီးနောက်ပိုင်းမှာပင် ဂျပန်စီးပွားရေးက သုံးနှစ်ဆက်တိုက် ကျဆင်းခဲ့ကြောင်းနှင့် အသေး စားစက်မှု လုပ်ငန်းများ၏အလားအလာမှာ စက်တင်ဘာတွင် မှေးမှိန်နေဆဲဖြစ်ကြောင်း ဂျပန်ဗဟိုဘဏ်မှ အောက်တိုဘာ ၃ ရက်တွင် ထုတ်ပြန်သည့် စီးပွားရေးစစ်တမ်းအရ သိရသည်။

 

UNT