Main menu

Background

ကမ္ဘာ့ကော်ဖီတင်ပို့မှုတွင် အင်ဒိုနီးရှားနိုင်ငံက အဓိကနေရာ ရောက်လာမည်

Wed, 10/12/2016 - 14:24 -- journal_editor

      လောလောဆယ်တွင် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့ကော်ဖီဈေးကွက်၌ စတုတ္ထအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေကို အခြေခံစဉ်းစားခြင်းအားဖြင့် အင်ဒို နီးရှားနိုင်ငံ၏  စွမ်းဆော င် ရည်သည် အာရှဈေးကွက်၌လှော်ပြီး ကော်ဖီစေ့တင်ပို့မှုတွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိလာမည့် အလားအလာရှိကြောင်း အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို အန်တာရာ သတင်းတွင် ဖော်ပြသည်။
       "စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံတွေထဲမှာ ကော်ဖီစေ့ လှော်တဲ့ နည်းပညာကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပြီး ကော်ဖီ စေ့နဲ့ လှော်ပြီးကော်ဖီစေ့တွေကို တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် ထုတ် လုပ်ဖို့လည်း ပါဝင်ပါတယ်" ဟု အောက်တိုဘာ ၃ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဌာန လက်အောက်ရှိ လယ်ယာစိုက်ပျိုး ရေးလုပ်ငန်း ညွှန်ကြားရေးမှူး ပန်ဂါဆူဆန်တိုက ပြောပါတယ်။ တခြားအစီအမံ များတွင် ကော်ဖီအဖျော်ဆရာ၊ အလှော်ဆရာနဲ့ ကော်ဖီအနံ့ကို စမ်းသပ်သူများ အပါအဝင် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး အစီအစဉ် အမျိုးမျိုးနှင့် မဟာဗျူဟာမူဝါဒများ ချမှတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရက ကတိပေးထားသည်။
       ၂၀၁၅ ခုနှစ်မှ ၂၀၃၅ ခုနှစ်အထိ ဆောင်ရွက်ရန် ချမှတ်ထားသော အမျိုးသားပင်မ ဖွံံ့ဖြိုးရေးစီမံကိန်းတွင် ကော်ဖီထုတ်ရေးလုပ်ငန်းက ဦးစားပေးကဏ္ဍ တစ်ခုအဖြစ်ပါဝင်သည်။ ထို့ကြောင့် အစိုးရသည် ဘဏ္ဍာရေးနှင့် ဘ ဏ္ဍာရေးမဟုတ်သော မူဝါဒများ ချမှတ်ခြင်းနှင့်အဆင့်အတန်း သတ်မှတ်ချက်အတိုင်း အကောင်အထည်ဖော်ခြင်းဖြင့် ကော်ဖီထုတ်လုပ်မှု လုပ်ငန်း၏ စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်တိုးတက်အောင် ဆောင်ရွက်ပေးခဲ့သည်။ "ေ ကာ်ဖီလုပ်ငန်းက ကော်ဖီထုတ်ကုန်တွေကို ဖြန့်ကြက်ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။ ကော်ဖီကိုသောက်စရာအဖြစ်သာမက အခြားထုတ်ကုန်များ ဖြစ်တဲ့ အလှပြင်ပစ္စည်း၊ ဆေးဝါးနဲ့ အစားအစာအတွက် အနံ့အဖြစ် ထုတ်လုပ် သွားတော့မှာ ဖြစ်ပါတယ်" ဟု ဘူဆန်တိုက ပြောသည်။

 

ဉာဏ်တင်