Main menu

Background

ဗီယက်နမ် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အတားအဆီးများနှင့်ရင်ဆိုင်နေရဆဲဖြစ်

Thu, 10/20/2016 - 15:39 -- journal_editor

      ဗီယက်နမ် ပြည်တွင်း စီးပွားရေးလုပ်ငန်းများမှာ အတားအဆီးများနှင့်ရင်ဆိုင် တွေ့ကြုံနေရကြောင်းနှင့်စီးပွားရေးလုပ်ငန်းများ၏  ဖွံ့ဖြိုးတိုးတက်မှုကို အားပေး နိုင်ရန်အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းဝန်းကျင်ကို တိုး တက်အောင် အစိုးရကဆောင်ရွက်ပေးလိမ့်မည်ဟုမျှော်လင့်ကြောင်း ဗီယက်နမ် နယူးစ်သတင်းတွင် ဖော် ပြသည်။ အောက်တိုဘာ ၁၃ရက်ကို "စီးပွားရေးလုပ်ငန်းရက်"အဖြစ်သတ်မှတ်ပြီး ဗီယက်နမ်အွန်လိုင်းမဂ္ဂဇင်း Biz Live က အခမ်းအနားတစ်ခုကို အောက်တိုဘာလ ၁၁ရက်တွင် ကျင်းပပေးခဲ့သည်။ အခမ်းအနားတွင် စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာ ၌ ကြုံတွေ့နေရသော အတားအဆီးများကို ဖယ်ရှားရေးကို ဆွေးနွေးခဲ့ကြသည်။
        လွန်ခဲ့သည့်နှစ်များက ဗီယက်နမ်နိုင်ငံသည်  ဒေသတွင်းနှင့် ကမ္ဘာတွင် စုစု ပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) တိုးတက်နှုန်း မြင့်မားခဲ့သော်လည်း ယခုအခါ အကျဘက်သို့ ဦးတည်နေကြောင်း ဗီယက်နမ်ကုန်သည်ကြီး များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (VCCI) ဒုတိယ ဥက္ကဋ္ဌ ဒိုအန်ဒိုင်ကောင်းက အဆိုပါ ဆွေးနွေးပွဲတွင် ပြောသည်။ ဒေသတွင်းရှိ နိုင်ငံများနှင့်နှိုင်းယှဉ်ပါက ယှဉ်ပြိုင်နိုင်မှု အဆင့်ကို မြှင့်တင်နိုင်ရန် VCCI က အာဆီယံ စီးပွားရေးကောင်စီနှင့် လီကွမ်ယူး ပြည်သူ့မူဝါဒကျောင်းတို့နှင့် ပူးတွဲဆောင်ရွက်လျက်ရှိသည်။ ဗီယက်နမ်ရှိ ဘဏ္ဍာရေးဝန်းကျင်အခြေအနေနှင့် အခြေခံအဆောက်အအုံအားနည်းသည့်အတွက် ရလဒ်မှာအလားအလာမကောင်းေ ကြာင်း ကောင်းက ပြောသည်။ ဗီယက်နမ်စီးပွားရေးမှာ အောင်မြင်မှုများရရှိခဲ့ပြီး စိန်ခေါ်မှုများကိုပင် ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ကြောင်း ဗဟိုစီးပွားရေးစီမံခန့်ခွဲမှု အင်စတီကျူ ဒုတိယဥက္ကဋ္ဌဟောင်း ဗိုထရီသန်းက ပြောသည်။
        မကြာသေးမီနှစ်များအတွင်းက ဗီယက်နမ်နိုင်ငံက စီမံခန့်ခွဲမှုဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် အထူးသဖြင့် စီးပွားရေးလုပ်ငန်းများတွင် ပိုမိုပွင့်လင်းမြင်သာမှုများ ပိုမိုရှိလာကြောင်း သူကပြောသည်။ သို့သော်လည်း စီးပွားရေးလုပ်ငန်းများ၏ ကုန်ကျစရိတ်က စီးပွားရေးလုပ်ငန်းကြီးများ၏ ဝင်ငွေကို ထိခိုက်နိုင်သည့်အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်း များ ကြီးထွားမလာရသည့် အကြောင်းရင်းများအနက် လုပ်ငန်းဆောင်ရွက် ရာတွင် ကုန်ကျစရိတ်မြင့်မားမှုကလည်း အကြောင်းအရင်းတစ်ခုအဖြစ်ပါဝင်ကြောင်းသူကပြောသည်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အခက်အခဲကြုံတွေ့စေနိုင်သော အကြောင်းတရားသုံးခုရှိကြောင်း၊ ထိုသုံးခုမှာစီးပွားရေး လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသော အတားအဆီးများ၊ နည်းပညာစံနှုန်းများနှင့် အုပ်ချုပ်ရေး လုပ်ထုံးလုပ်နည်းများဖြစ်ကြောင်း ဘာစီကို ဥပဒေရေးရာ ကုမ္ပဏီဥက္ကဋ္ဌ ထရောင်သန်း ဒပ်က ပြောသည်။ ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများ တွေ့ကြုံနေရသော အတားအဆီး များ လျော့ပါးစေပြီး အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးနိုင်ရန် သက်ဆိုင်ရာ အစိုးရရုံးများနှင့်ဒေ သဆိုင်ရာ စီးပွားရေးအသိုက်အဝန်းတို့က ဥပဒေရေးဆွဲ ပြုစုရန် ကြိုးပမ်း လျက်ရှိကြောင်း ကောင်းက ပြောသည်။

 

ဉာဏ်တင်