Main menu

Background

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုလိုငွေပြမှုကို ထိန်းချုပ်ရန် အိန္ဒိယနိုင်ငံစီစဉ်

Tue, 11/08/2016 - 13:59 -- journal_editor

             အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ကုန်သွယ်မှုလိုငွေပြမှုမြင့်တက်နေသည်ကို ထိန်းချုပ်ရန်အတွက် တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စ ည်းအပေါ် ပေးအပ်မည့် အကောက်ခွန်သက် သာခွင့် ဆိုင်ရာ အကျိုးခံစားခွင့်အား တတ်နိုင်သမျှ နောက်ကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက် (၆) နိုင်ငံများအကြား ဒေသတွင်းဘက်စုံစီးပွား ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (Regional Comprehensive Economic Partner-ship, RCEP) အကောင်အ ထည်ဖော်ရာတွင် အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် အကောက်ခွန်လျှော့ချမပေးမည့် ကုန်စည်များ စာရင်း (Negative Lists of items) အား သီးခြားထားရှိဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်ကို ဖိလစ်ပိုင်နိုင်ငံ၌ ယခုနှစ် နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် ကျင်းပပြုလုပ်မည့် RCEP အဖွဲ့ဝင် ဝန်ကြီးများအဆင့် အစည်းအဝေး တွင် အိန္ဒိ ယနိုင်ငံ၊ စီးပွားရေးဝန်ကြီးက အဆိုပါ အစီ အစဉ်ကို ဆွေးနွေးမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၊ စီးပွားရေးဌာနက ပြောကြားခဲ့ပါသည်။
        ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံ သို့ တင်ပို့သည့် အိန္ဒိယနိုင်ငံ၏ ပို့ကုန်ပမာဏသည် အမေရိကန် ဒေါ်လာ ၉ ဘီလီယံသာရှိသော်လည်း အိန္ဒိယနိုင်ငံသို့ တရု တ်နိုင်ငံမှ တင်သွင်းသည့် သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၇ ဘီလီယံရှိခြင်းကြောင့် ကုန်သွယ်မှု လိုငွေပြမှုပမာဏသည် အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၇ ဘီလီယံရှိကြောင်း၊ RCEP အစီအစဉ်တွင် အိန္ဒိယနိုင်ငံအနေဖြင့် သွင်းကုန်ပစ္စည်းများအပေါ် နည်း လမ်းသုံးမျိုးဖြင့် အခွန်လျှော့ချသွားရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင် ရွက်မှုသည် အိန္ဒိယ နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ကုန်သွယ်မှုလိုငွေပြမှုမြင့်တက် နေမှုအား ထိန်းချုပ်နိုင်မည့် နောက် ဆုံးမျှော် လင့်ချက်ဖြစ်နိုင်ေ ကြာင်းပြောကြားခဲ့သည်။
        RCEP သည် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် ၎င်း၏ ဆွေးနွေးဖက်နိုင်ငံ (၆) နိုင်ငံဖြစ်သည့် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံ တို့ အကြား ဘက်စုံလွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်တစ်ရပ်ကို အကောင်အထည်ဖေါ်မည့် အစီအစဉ်ဖြစ်ပြီး အဆိုပါအစီအစဉ်တွင် ကုန်စည်၊ ဝန်ဆောင်မှု၊ ရ င်းနှီးမြှုပ်နှံမှု၊ ယှဉ်ပြိုင်မှု၊ စီးပွားရေးနှင့် နည်း ပညာပူးပေါင်းဆောင်ရွက်မှု၊ အငြင်းပွားမှု ပြဿနာ ဖြေရှင်းမှုနှင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စသည့် ကဏ္ဍများ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

စန္ဒာထွန်း (TTI)