Main menu

Background

၂၀၁၆-၁၇ဘဏ္ဍာနှစ်ပထမလေးလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ချုပ်ပြီးအဝတ်အထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါးရရှိ

Thu, 11/17/2016 - 11:50 -- journal_editor

         ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ချုပ်ပြီးအဝတ်အထည်များ တင်ပို့ရောင်းချရမှုမြင့်တက်လာသဖြင့် လက်ရှိ ဘဏ္ဍာနှစ် (၂၀၁၆ ခုနှစ်၊ ဇူလိုင်လ မှ ၂၀၁၇ ခုနှစ်ဇွန်လအထိ)၏ ပထ မလေးလအတွင်း စုစုပေါင်း အထည်ပို့ကုန်ပမာဏ သည် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါးဖြစ်၍ နှစ်စဉ် ၇ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း၊ ယခုနှစ် အောက်တိုဘာတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၁ ဘီလီယံ တင်ပို့နိုင်ခဲ့၍ ယခင်နှစ် အောက်တိုဘာလက တင်ပို့မှုထ က် ၁၄ ဒသမ ၃၉ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပို့ ကုန် မြှင့်တင်ရေးဌာန (The Export Promotion Bureau, EPB) က ပြောကြားခဲ့သည်။
          ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ချုပ်ပြီး အဝတ်အထည် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၈ ဘီလီယံ အပါ အဝင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပို့ကုန်ပမာဏကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံ လျာ ထားကြောင်း၊ ယခုနှစ် ပထမလေးလအတွင်း ချုပ်ပြီးအထည်ပို့ကုန်မှ ရရှိခဲ့သည့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၇၉၁ ဒသမ ၆၅ သန်းအနက် တီရှပ်နှင့် ဂျင်းထည်မှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၂ ဘီလီယံ ရရှိခဲ့ကြောင်း၊ ဂုန်ေ လျှာ်မျှင်နှင့် ဂုန်လျှော် မျှင်ဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများ၊ သားရေနှင့် သားေ ရထည်ပစ္စည်းများသည်လည်း ပို့ကုန်တင်ပို့မှု ကောင်းမွန်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ယခင်ဘဏ္ဍာနှစ် (ဇူလိုင် ၂၀၁၅ - ဇွန် ၂၀၁၆) အတွင်း ပို့ကုန် ပမာဏသည် အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၂၄ ဘီလီယံ ဖြစ်ကြောင်းသိရှိရသည်။

 

Source : Xinhua

စန္ဒာထွန်း (TTI)