Main menu

Background

နယူးဇီလန်နိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ် ရေလွှမ်းမိုးမှုနှင့်အတူ မြေပြိုကျမှုပေါင်း တစ်သိန်းကျော် ဖြစ်ပေါ်

Wed, 11/23/2016 - 15:08 -- journal_editor

         နယူးဇီလန်နိုင်ငံတွင် နိုဝင်ဘာလ ၁၄ ရက် က အင်အားရစ်ချ်တာစကေး ၇ ဒသမ ၈ အဆင့် ရှိအင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း weather.com တွင် ေ ဖာ်ပြထားသည်။ အဆိုပါအင်အားပြင်းငလျင်သည်  Christchurch ၏အနီးတွင် လှုပ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် မြေပြိုမှုပေါင်း ရှစ်သောင်းမှ တစ်သိန်းေ ကျာ်အထိ ဖြစ်ပွားခဲ့ကြောင်း နယူးဇီလန်နိုင်ငံမြေပြင်တိုင်းတာရေးအဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။
         မြေပြိုမှုအကြီးဆုံးနေရာမှာ ကမ်းခြေဒေသ မြို့တစ်မြို့ဖြစ်သည့် Kaikoura တွင်မြေပြိုကျမှု များကြောင့် လမ်းပန်းဆက်သွယ်ရေးများပြတ် တောက်သွားခဲ့ရသည်။ ငလျင် လှုပ်ခတ်ပြီးနောက် ပိတ်မိနေသည့် ဒေသခံများနှ င့် နိုင်ငံခြားသား ခရီးသွားနှစ်ထောင် ခန့်ကို ကယ်ဆယ်ရေးတပ်ဖွဲ့များက ရဟတ်ယာဉ် များဖြင့် ကယ်တင်ခဲ့ရေ ကြာင်း၊ နိုဝင်ဘာ ၁၆ ရက်အထိ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင် ရွက်နေရဆဲပင်ဖြစ်ကြောင်း၊ အေ ပီသတင်း ဌာနက ရေးသားဖော်ပြ ခဲ့သည်။ အေပီသတင်းဌာန၏ရေး သားဖော်ပြချက်တွင် ပျက်စီးဆုံးရှုံးမှုများကို ထည့် သွင်းဖော်ပြထားခြင်းမရှိပေ။
      ထို့ပြင် အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ပင်လယ်ရေမျက်နှာပြင်သည် အမြင့်နှစ်မီတာခန့် အထိ မြင့်တက်လာခဲ့ကာ ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဆူနာမီရေ လှိုင်းကြောင့် လူ နှစ်ဦးသေဆုံးခဲ့ရ ကာ ရေလွှမ်းမိုးမှု များ ဖြစ်ပေါ်ခဲ့ ရသည်ဟု ဆိုသည်။ ပင်လယ်ရေလှိုင်းရိုက်ခတ်မှုကြောင့် ကမ်း ခြေဒေသတွင် ပင်လယ်ရေမှော် များဖုံးလွှမ်း သွားခဲ့ ရပြီး ပင်လယ်နေသတ္တဝါများလည်း အဆိုပါ ပင်လယ်ရေနှင့်အတူ ကမ်းခြေများပေါ်တွင် ဖုံးလွှမ်း သွားခဲ့ကြောင်း စီအန်န်အန်န်သတင်းတွင် ရေးသားဖော်ပြထားသည်။ အင်အားပြင်းငလျင်လှုပ်ခတ်မှု ကြောင့် အိမ်ခြေအများအပြားပျက်စီးခဲ့ရပြီးလမ်းများ လည်းပျက်စီးခဲ့ရကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ အဆိုပါ အင်အားပြင်း ငလျ င် လှုပ်ခတ်ပြီး နောက် နေ့လယ် ၁ နာရီခွဲခန့်တွင် အင်အား ၆ ဒသမ ၂ အဆင့်ရှိ သည့် အင်အားပြင်းထန်သည့် နောက်ဆက်တွဲငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး အင်အား ၄ ဒသမ ၆ အဆင့်ရှိ အင်အားအသင့်အ တင့် ရှိ သည့်နောက်ဆက် တွဲငလျင်များ အများအပြား လှုပ်ခတ်ခဲ့ကြောင်း သတင်းများက ဖော်ပြထား သည်။

 

မယ်သီတာ