Main menu

Background

တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ ပူးပေါင်း၍ ဖွံ့ဖြိုးတိုးတက်မှုရေးရာ ကိစ္စရပ်များကို ဆောင်ရွက်သွားမည်

Wed, 12/07/2016 - 16:08 -- journal_editor

      တရုတ်နိုင်ငံသည် လာအိုနိုင်ငံ တွင် မီးရထားလမ်းဖောက်လုပ်ခြင်း နှင့် ဖွံ့ဖြိုးတိုးတက်မှုဇုန်များ တည် ဆောက်ခြင်းအပါအဝင် အဓိကနယ်ပယ်များတွင် ပူးပေါင်းဆောင် ရွက်ရန် ဆန္ဒရှိကြောင်း လာအိုနိုင်ငံ ဝန်ကြီးချုပ် Tho -ngloun Sisoulith ၏ တရုတ်နိုင်ငံသို့ နိုဝင်ဘာလ ၂၈ ရက် နေ့မှ စတင်သည့် ၄ ရက်ကြာ ချစ်ကြည် ရေးခရီးစဉ်၌ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ပေကျင်းမြို့ရှိGreat Hall of the People တွင် လာအိုနိုင်ငံဝန်ကြီး ချုပ်နှင့် တ ရုတ်နိုင်ငံဝန်ကြီးချုပ်လီကာရှင်းတို့ တွေ့ဆုံစဉ်အတွင်း ဝန်ကြီးချုပ်လီက ပြောကြားခဲ့ကြောင်း သိရှိရသည်။ ကုန်ပစ္စည်းများ ထုတ်လုပ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန်အတွက် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုး တက် မှုဆိုင်ရာ ဇုန် များနှင့် မီးရထားလမ်းများ တည် ဆောက်ခြင်းစသည့် အထူးစီမံကိန်းများတွင် နှစ်နိုင်ငံစလုံးမှ ပါဝင် ဆောင်ရွက်ကြပါရန် ဝန်ကြီးချုပ် လီကပြောကြားခဲ့ကြောင်း၊ လာအို-တရုတ်ရထားလမ်းသည် လာအိုနိုင်ငံ အတွက် အလွန်အရေးပါပြီး အဆိုပါ ရထားလမ်းအား အမြန်ဆုံးဖောက် လုပ်ပြီးစီးနိုင်ရေးအတွက် လာအို နိုင်ငံအနေဖြင့် အစွမ်းကုန်အားထုတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လာအိုဝန်ကြီးချုပ် Thongloun က ပြောကြား ခဲ့သည်။
         တရုတ်နိုင်ငံက ဆောင်ရွက်လျက်ရှိသော One Belt One Road ၏ အဓိကကျသော စီမံကိန်းတစ်ခုဖြစ်သည့် တရုတ်-လာအို ရထားလမ်းသည် အရှည် ၄၁၄ ကီလိုမီတာရှိပြီး လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းနှင့်လာအို နို င်ငံမြောက်ပိုင်းရှိ တရုတ်နိုင်ငံနယ်စပ်ဂိတ် ဖြစ်သည့် မိုဟန်-ဘိုတန် နယ်စပ်ဂိတ်ကို ဆက်သွယ်ထားသည့် ရထားလမ်းဖြစ်သည်။ အဆိုပါ ရထား လမ်းအား ၂၀၁၅ ခုနှစ်ကုန်ပိုင်းက စတင်ဖောက်လုပ်ခဲ့ပြီး ယွမ် ၃၇ ဒသမ ၄ ဘီလီ ယံ (အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ) ဖြင့် ရင်းနှီးမြှုပ်နှံ ထားကာ စီမံကိန်းကာလမှာ ၅ နှစ် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
            မိမိတို့နှစ်နိုင်ငံအနေဖြင့် လယ် ယာစိုက်ပျိုးရေး၊ လယ်ယာထွက်ကုန် ချောများထုတ်လုပ်ရေး၊ ဆင်းရဲမှု လျှော့ချရေး၊ ဘဏ္ဍာရေးနှင့် ကာကွယ် ရေးအပါအဝင် ကဏ္ဍများစွာတွင် အတွေ့အကြုံများဖလှယ်၍ ပူးပေါင်း ဆောင် ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊လာအိုနိုင်ငံသည် မိမိတို့အတွက် ကောင်းမွန်သည့် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး တရုတ် နိုင်ငံအနေဖြင့် လာအိုနိုင်ငံနှင့် မူဝါဒ ရေးရာကိစ္စရပ်များတွင် ချစ်ကြည် ရင်းနှီးစွာ ဆက် လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသ တွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်ကောင်းမွန်ရေးတို့အတွက် လာအိုနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များတွင် တရုတ်နိုင်ငံသည် လာအို နိုင်ငံအား ခိုင်ခိုင်မာမာ အားပေး ထောက်ခံသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်လီက ပြောကြားခဲ့သည်။

 

Source: Xinhua
စန္ဒာထွန်း (TTI)