Main menu

Background

ပဲပုပ်စေ့တင်သွင်းမှုအား အကောက်ခွန်ကင်းလွတ်ခွင့် သုံးနှစ်ပေးမည့်အစီအစဉ်ကို ထိုင်းနိုင်ငံအစိုးရခွင့်ပြု

Thu, 12/08/2016 - 15:24 -- journal_editor

        ပဲပုပ်စေ့ စိုက်ပျိုးမှုမြှင့်တင်ရန်နှင့် ပြည်တွင်းမှထွက်ရှိသည့် ပဲပုပ်စေ့အား ဈေးပိုပေး၍ ဝယ်ယူနေရသဖြင့် နိုင်ငံတွင်း ပဲပုပ်စေ့ လိုအပ်ချက်ကာမိစေရန်အတွက် ပဲပုပ်စေ့တင်သွင်းမှုအား အကောက်ခွန်ကင်းလွတ်ခွင့် သုံးနှစ် ေ ပးမည့်အစီအစဉ်ကို ယခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ အစိုးရက ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။ ပဲပုပ်ဆီထုတ်ရန်အတွက် ပြည် တွင်းမှထွက်ရှိသည့် ပဲပုပ်စေ့များကို တစ်ကီလိုဂရမ်လျှင် ၁၇ ဒသမ ၅၀ ဘတ်ဖြင့် လ ည်းကောင်း၊ တိရိစ္ဆာန်အစာ ထုတ်လုပ်ရန်အတွက် ပြည်တွင်းမှထွက် ရှိသည့် ပဲပုပ်စေ့ တစ်ကီလို ဂရမ်လျှင် ၁၇ ဒသမ ၇၅ ဘတ် ဖြင့်လည်းကောင်း၊ အစားအစာ ထုတ်လုပ်ရန်အတွက် ပြည် တွင်းမှထွက်ရှိသည့် ပဲပုပ်စေ့ တစ် ကီ လို ဂရမ်လျှင် ၁၉ ဒသမ ၇၅ ဘတ် ဖြင့် ဝယ်ယူနေရကြောင်း ထိုင်းနိုင်ငံ ဟင်းရွက်ဆီ ထုတ်လုပ်မှုဆိုင်ရာ ကော်မတီ အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်သူ ဒုတိယဝန်ကြီး ချုပ် ပရာဂျင်ဂျင်တောင်း ပြောကြားကြော င်း သိရှိရသည်။
        ထိုင်းနိုင်ငံသည် တစ်နှစ်လျှင် ပဲပုပ်စေ့ တန်ချိန် ၆၀ဝဝဝ ခန့် ထွက်ရှိ သော်လည်း နိုင်ငံ၏ ပဲပုပ်စေ့ လိုအပ်ချက်ပမာဏမှာ တန်ချိန်သုံးသန်းနီးပါးရှိရာ၊ အဆိုပါ ပမာဏမှာ စုစုပေါင်း လိုအပ်ချက်၏ ၂ ရာခိုင်နှုန်းသာ ရှိကြောင်း ထိုင်းနိုင်ငံအနေဖြင့် ပဲပုပ်စေ့ တန်ချိန် နှစ်သိန်းခန့် နှစ်စဉ်  ပြည်ပမှ တင်သွင်း နေရကြောင်း၊ ကော်မတီအနေဖြင့် အကောက်ခွန်ကင်းလွတ်ခွင့် အစီအစဉ် ကို အတည်ပြုချက်ရရှိရေးအတွက် အစိုးရအဖွဲ့သို့ အဆိုပြုလွှာ ပေးပို့သွား မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုကဲ့သို့ ပဲပုပ်စေ့ ဝယ်ဈေးမြင့် မားမှုက ဆန်စပါးရိတ်သိမ်းပြီးနောက်ပိုင်းတွင် လယ်သမားများ ပဲပုပ်စေ့ စိုက် ပျိုးရန်အတွက် အားပေးရာရောက် ကြောင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ ေြ မာက်ပိုင်းရှိ လယ်သမားများ ပဲပုပ်စေ့ ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးအသင်းအဖွဲ့များဆိုင်ရာ အစိုးရဘဏ်က ဘဏ်တိုးနှုန်း သုညဒသမသုည တစ်ရာခိုင်နှုန်းထက်နည်းပါးသည့် အထူးအတိုး နှုန်းြ ဖင့် လယ်သမားများအား ထုတ်ချေးပေးမည်ဟု အစိုးရက ကတိပေးထား ကြောင်း သိရှိရသည်။
        ထိုင်းနိုင်ငံတွင် ပဲပုပ်စေ့ စိုက်ပျိုးစရိတ်မြင့်မားမှုကြောင့် လွန်ခဲ့သည့်နှစ် များစွာကပင် ပဲပုပ်စေ့ အထွက်နှုန်း သိသိသာသာ ကျဆင်းခဲ့ကြောင်း၊ ပြောင်း နှင့် ဆန်ကဲ့သို့ သီးနှံများနှင့် နှိုင်းယှဉ်ပါက ပဲပုပ်စေ့ စိုက်ပျိုးမှုသည် လယ် သမားများအတွက် အကျိုးအမြတ် နည်းပါးကြောင်း၊ အထွက်နှုန်းကောင်း သည့် ပဲပုပ်စေ့မျိုးစေ့များ မရရှိနိုင်မှုကလည်း တောင်သူများ ပဲပုပ်စေ့ စိုက်ပျိုးမှု အပေါ် စိတ်ဝင်စားမှုနည်းပါးလာရသည့် အကြောင်းရင်းဖြစ်ကြောင်း သိရှိရ သည်။

 

Source : Bangkok Post
စန္ဒာထွန်း (TTI)