Main menu

Background

ထိုင်းနိုင်ငံထုတ်လက်ဆောင်ပစ္စည်း၊ အရောင်းမြှင့်တင်ရေးသုံးပစ္စည်းနှင့်အလှဆင်ပစ္စည်းများတင်ပို့မှု ပြန်လည်မြင့်တက်

Fri, 12/16/2016 - 13:31 -- journal_editor

     ထိုင်းနိုင်ငံ၏ လက်ဆောင်ပစ္စည်း၊ အရောင်းမြှင့်တင်ရေး သုံးပစ္စည်းနှင့် အလှဆင်ပစ္စည်းများ တင်ပို့မှုမှာ နှစ်နှစ်ကြာ ကျဆင်းလျက်ရှိနေရာမှ အာဆီယံဈေးကွက်သို့တင်ပို့မှု မြင့်တက်လာခြင်းနှင့် မူလက တရုတ်နိုင်ငံမှ လက်ေ ဆာင် ပစ္စည်းမှာယူသူများက ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့မှာယူလာမှု ကြောင့် ယခုနှစ်တွင် ဘတ် ၂၄ဒသမ ၅ ဘီလီယံ ဖိုး ပို့ကုန်တင်ပို့နိုင်ခဲ့သဖြင့် ယခုနှစ်တွင် ပို့ကုန်တင်ပို့မှု ပြန်လည်မြင့်တက်မည်ဟု မျှော်လင့်ရကြောင်း ထိုင်းနိုင် ငံ လက်ဆောင်ပစ္စည်း၊ အရောင်းမြှင့်တင်ရေးသုံးပစ္စည်းနှင့် အလှဆင်ပစ္စည်းများ ထုတ်လုပ်တင်ပို့ရောင်းချသူများ၏ ပြောကြားချက်အရ သိရှိ ရသည်။
        ယခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံထုတ် လက်ဆောင် ပစ္စည်း၊ အရောင်းမြှင့်တင်ရေးသုံးပစ္စည်းနှင့် အလှဆင်ပစ္စည်း များကို ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ဝယ်ယူမှုသည်၃၃ ရာခိုင်နှုန်း၊ ၂၂ ရာခိုင်နှုန်းနှင့်၂၀ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံသို့လည်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ အာဆီယံဈေးကွက်သို့ လက်ဆောင်ပစ္စည်းများနှင့် အလှဆင်ပစ္စည်းများတင်ပို့မှုမှာ မိမိတို့မူလ မျှော်မှန်းသည်ထက် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ယခုအခါအာဆီယံဒေသသည်အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံပြီးလျှင် ထိုင်းနိုင်ငံထုတ်လက်ဆောင်ပစ္စည်းနှင့် အလှဆင်ပစ္စည်းများကို တတိယအများဆုံးတင်သွင်းသည့်ဈေးကွက်ဖြစ်လာကြောင်း၊ ထိုင်းနိုင်ငံသည် လက်ေ ဆာင်ပစ္စည်း၊ အရောင်းမြှင့်တင်ရေးသုံးပစ္စည်းနှင့် အလှဆင်ပစ္စည်း စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းကို အမေရိကန်၊ ၁၆ ရာခိုင်နှုန်းကို ဂျပန်၊ ၁၄ ရာခိုင် နှုန်းကို  အာဆီယံ၊၁၂ ရာခိုင်နှုန်းကို အီးယူဈေးကွက်များသို့ တင်ပို့ မှုရှိကြောင်း၊ ၂၀၁၇ ခုနှစ်တွင်လည်း လက်ဆောင် ပစ္စည်းနှင့် အလှဆင်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေး ပို့ကုန်နည်း ဗျူဟာများ ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။
        ဒစ္စနေအတွက် လက်ဆောင်ပစ္စည်းများနှင့် အရောင်းမြှင့်တင်ရေးသုံးပစ္စည်းမှာယူသူများသည် မူလက တရုတ်နိုင်ငံ မှ မှာယူသော်လည်း အလုပ်သမားခမြင့်တက်မှုနှင့် မူပိုင်ခွင့်ပြဿနာများကြောင့် ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်း များ ပြောင်းလဲ မှာယူခဲ့ရာ ထိုင်းနိုင်ငံသည် ဘတ်၁၀ဘီလီယံတန်ဖိုးရှိ ကုန်အမှာစာများ ရရှိခဲ့သဖြင့် ထိုင်းနိုင်ငံတစ်ဝှမ်းရှိ လက်ဆောင် ပစ္စည်းနှင့် အရောင်းမြှင့်တင်ရေးသုံးပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းကို အကျိုး ဖြစ်စေကြောင်း၊ လာမည့်နှစ်တွင် ဒစ္စနေအတွက် လက်ဆောင်ပစ္စည်းများနှင့် အရောင်းမြှင့်တင်ရေး သုံးပစ္စည်းများကို နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း ထုတ်လုပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံထုတ်လုပ်သူများက ထုတ်လုပ်မှုအတွက် လိုအပ်သည်များ အား ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ လက်ဆောင်ပစ္စည်းနှင့် အရောင်း မြှင့်တင်ရေးသုံး ပစ္စည်းများ ထုတ်လုပ်သူခြောက်ဦးက နည်းပညာဖြင့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံ လက်ဆောင် ပစ္စည်း၊ အရောင်းမြှင့်တင်ရေးသုံး ပစ္စည်းနှင့် အလှဆင်ပစ္စည်းများ ထုတ်လုပ်တင်ပို့ ရောင်းချသူ များကလည်း ထိုင်းနိုင်ငံကို လက်ဆောင်ပစ္စည်း ထုတ်လုပ် သည့် ဒီဇိုင်နာ၊ ကုန်သည်များနှင့် ကုန်ပစ္စည်းထုတ်လုပ်သူများ အတွက် စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာတွင် လက်ဆောင်ပစ္စည်း ထုတ်လုပ်မှုဒီဇိုင်းတွင် အာဆီယံဗဟိုချက်အဖြစ် ရောက်ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံလက်ဆောင်ပစ္စည်း၊ အရောင်းမြှင့်တင်ေ ရးသုံး ပစ္စည်းနှင့် အလှဆင်ပစ္စည်းများ ထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်းက ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

Source: Bangkok Post
စန္ဒာထွန်း (TTI)