Main menu

Background

ထိုင်းနိုင်ငံတွင် ဆန်အရောင်းအဝယ်ပြုလုပ်နိုင်မည့် ဗဟိုဈေးကြီး Central Market ဖွင့်လှစ်ရန် စီစဉ်လျက်ရှိ

Tue, 12/20/2016 - 13:38 -- journal_editor

         ထိုင်းနိုင်ငံတွင်ဆန်ကုန်သည် များနှင့် ဆန်စပါးစိုက်ပျိုးသူတောင်သူများအတွက် ဆန်အရောင်းအဝယ် ပြုလုပ်နိုင်မည့်ဗဟိုဈေးကြီး (Central Market) တစ်ခု ဖွင့်လှစ်ရန် ထိုင်း နိုင်ငံအစိုးရက စဉ်းစားနေကြောင်း သိရှိရ သည်။ ထိုင်းနိုင်ငံအနေဖြင့် ဆန်ထုတ် လုပ်မှုနှင့် ပြည်ပသို့ဆန်တင်ပို့မှုများ အများဆုံးပြုလုပ်နေသည့် နိုင်ငံတစ် နိုင်ငံ ဖြစ်သော်လည်း ဆန်အရောင်း အဝယ်အတွက် ထိုင်းနိုင်ငံတွင် ဗဟို ဈေးကြီးမရှိသေးကြောင်း၊ တရုတ် နိုင် ငံ၊ Guangdong ပြည်နယ်တွင် ကောက်ပဲသီးနှံနှင့် ဆီများ အရောင်း အဝယ်ပြုရာ လက်ကားဈေးကြီးဖြစ် သည့် Sanyanqiao Grain and Oil Wholesale Marketသည် စတုရန်း မီတာ ၁ သိန်းကျယ်ဝန်းပြီး တစ်နှစ် လျှင် ေ ကာက်ပဲ သီးနှံတန်ချိန် ၂ ဒသမ ၅ သန်း အရောင်းအဝယ်ပြုလုပ်လျက်ရှိနေကြောင်း၊ မိမိတို့အနေ ဖြင့်လည်း ဆန်အတွက် ဗဟိုဈေးကြီး ဖွင့်လှစ်နိုင်ရေး အစိုးရအရာရှိများ၊ တောင်သူများ၊ ဆန်စက်ပိုင်ရှင်များ၊ ပို့ကုန်လုပ်ငန်းရှင်များ အပါအဝင် သက်ဆိုင်သူအားလုံးကို ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ မကြာ ခင် ဖိတ်ခေါ်ကာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနဝန်ကြီး က ပြောကြားခဲ့သည်။  
        ဗဟိုဈေးကြီးဖွင့်လှစ်ရန် အများ သဘောတူပါက ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနမှ ရင်းနှီးမြှုပ်နှံမှုပုံစံ၊ စီမံခန့်ခွဲမှုဆိုင်ရာဖွဲ့စည်းမှု၊ ဖွင့်လှစ်မည့်နေရာ၊ ထောက်ပံ့ပို့ဆောင်ရေးကောင်းမွန်စေမှုနှင့် ငွေပေးချေမှု စနစ် အစ ရှိသည်တို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊အဆိုပါဗဟိုဈေးကြီးတွင် ဆန်ပို့ကုန်လုပ်ငန်းရှင်များ၊ ဆန်စက်ပိုင်ရှင်များ နှင့် တောင်သူများအနေဖြင့် အလားအလာရှိသည့် ဝယ်လက်များနှင့် တိုက်ရိုက် ချိတ်ဆက် အေ ရာင်း အဝယ်ပြုနိုင်မည်ဟု မိမိတို့မျှော်လင့် ထားကြောင်း၊ ဆန်အရည်အသွေးစစ်ဆေးခြင်းနှင့် ကုန်သွယ်မှုပြုရာတွင် ပွင့်လင်းမြင်သာမှုရှိရေးတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထိုင်းနိုင်ငံ၌ လောလောဆယ်တွင် စပါး အတွက်သာ ဗဟို ဈေးကြီးတစ်ခု ရှိသေးကြောင်း၊ ဆန်အတွက် ဗဟိုဈေးကြီး ဖွင့်လှစ်နိုင် ပါက ပြည်တွင်းစီးပွားရေး ကောင်း မွန်လာရန် အကူအညီပေးနိုင်မည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ ကျေးလက်နှင့် ပြည်နယ် များဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်တွင်းလုပ် ငန်းများ စီးပွားရေးပိုမိုကောင်းမွန် စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ် နှစ်လယ်အတွက် သုံးစွဲရန်ထပ်မံလျာထားသည့် ဘတ်ဘီလီယံ ၁၉၀ အတွက် ခန့်မှန်းရသုံးငွေစာရင်း ဌာနမှ တင်ပြ မှုကို ထိုင်းနိုင်ငံအစိုးရအဖွဲ့က သဘော တူခဲ့ကြောင်း သိရှိရသည်။
       ထိုင်းနိုင်ငံသည်လာမည့် ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုကို ယခုနှစ်တင်ပို့မှုထက် ၁၀ ရာခိုင် နှုန်းတိုး၍ တင်ပို့ရန် ရည်ရွယ်ထားကြောင်း၊ ၂၀၁၅ ခုနှစ်က ထိုင်း နိုင်ငံသည် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၉ သိန်း ၃ သောင်းကျော် တင်ပို့ ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် ပထမ ၁၀ လအတွင်း ဆန်တန်ချိန် ၆ သိန်း ၄ သောင်းကျော် တင်ပို့ထားပြီးဖြစ် ကြောင်း သိရှိရသည်။ ဗီယက်နမ် နိုင်ငံပြီးလျှင် ထိုင်းနိုင်ငံသည် တရုတ် နိုင်ငံသို့  ဒုတိယအများဆုံး ဆန်တင် ပို့သည့် နိုင်ငံဖြစ်သည်။

 

Source: Bangkok Post
စန္ဒာထွန်း(TTI)