Main menu

Background

ဒေါ်လာတန်ဖိုးနှင့် ရေနံစိမ်းဈေးနှုန်းများ မြှင့်တက်မှုကြောင့် အိန္ဒိယဗဟိုဘဏ် အတိုးနှုန်းလျှော့ချပေးမည့် အလားအလာနည်း

Tue, 12/27/2016 - 12:57 -- journal_editor

       ဒေါ်လာနှင့် ဖလှယ်ရာတွင် ရူပီးတန်ဖိုးအဆက်မပြတ်ကျဆင်းနေမှု၊  အမေရိကန်အတိုးနှုန်းမြင့်တက်မှုနှင့် ရေနံစိမ်းဈေးနှုန်းများ မြင့်တက်နေမှုတို့ကြောင့် အိန္ဒိယဗဟိုဘဏ်အတိုးနှုန်း မြှင့်တင်ပေးမည့် အလားအလာမှာ မှေး မှိန်နေဆဲဖြစ် ကြောင်း အစီရင်ခံစာတစ်စောင်တွင် ဖော်ပြသည်။ ငွေစက္ကူတရားမဝင်ကြေညာခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းလျော့ကျခြင်းစသည်တို့ ဖြစ်ပွားပြီးနောက်ပိုင်း ဘဏ်လုပ်ငန်းစနစ်တွင် ငွေဖြစ်လွယ်မှု မြင့်မား လာခဲ့ေ သာ် လည်း ဤအခြေအနေမှာ ပုံမှန်အခြေအနေမဟုတ်နိုင်ကြောင်း သုံးသပ် ကြသည်။ တရားမဝင်ကြေညာခဲ့သော ရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန်တို့ နေရာတွင် အစားပြန်ထိုးပေးနိုင်ပြီး ဘဏ်လုပ်ငန်းစနစ်အတွင်းသို့ ငွေများ ထပ်မံဖြည့် ဆည်း ပေးနိုင်မည်ဆိုပါက အခြေအနေမှာတစ်မျိုးတစ်ဖုံ ပြောင်းလဲ သွားနိုင်သည်။ ထို့ပြင် သကြားနှင့် ဂျုံတို့ကဲ့သို့ ဈေးနှုန်းခိုင်မာနေသော ကုန်စည်များလည်း ရှိနေသေး ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
        အကြီးမားဆုံး ကြုံတွေ့ရသည့် အန္တရာယ်များမှာ ကမ္ဘာ့စီးပွားရေး အလားအလာ၊ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်မှုနှင့် အမေရိကန် စီးပွားရေးအတွင်း သို့ အပြည်ပြည်ဆိုင်ရာငွေကြေးများ ပြန်လည်ဝင်ရောက်လာမှု စ သည် တို့ဖြစ်ကြောင်း Assocham အသင်းက ဝေဖန် ဆန်းစစ်ထားသည်။ ထို့ပြင် ထွန်းသစ်စ ဈေးကွက်အများစုမှာ ငွေကြေးစီးထွက်မှုကို ခံစားနေရ ကြောင်း အသင်းကပြောသည်။ အိန္ဒိယနိုင်ငံသည် ရေနံတင်သွင်းမှု အများဆုံး နိုင် ငံများတွင် ပါဝင်ပြီး ရေနံတင်ပို့မှုမရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

 

ဉာဏ်တင်