Main menu

Background

မြန်နှုန်းမြင့်အင်တာနက် ဆက်သွယ်မှုဖြင့် ထိုင်းနိုင်ငံက စတုတ္ထစက်မှုတော်လှန်ရေးကို ဆောင်ရွက်မည်

Fri, 12/30/2016 - 12:48 -- journal_editor

        ကျေးရွာများအားလုံးအတွက် မြန်နှုန်းမြင့်အင်တာနက် ဆယ်သွယ်မှုအပါအဝင် စီမံကိန်းအမျိုးမျိုးကို ဆောင်ရွက်ပေးခြင်းဖြင့် စတုတ္ထစက်မှုတော်လှန်ရေးဖြစ်သည့် Thailand 4.0 ကို အကောင်အထည်ဖော်ရန်၊ ပြင်ပကမ္ဘာနှ င့် ဆက်သွယ် နိုင်ရန်အတွက် ဒစ်ဂျစ်တယ်လမ်းကြောင်းကို ဖော်ဆောင်ရန် နှင့်လာမည့်နှစ်အလယ်ပိုင်းတွင်"Thailand Digital Big Bang" ဟုခေါ်သော စီမံကိန်းကိုအကောင်အထည်ဖော်ရန် ထိုင်းဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဝန် ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း နေးရှင်းသတင်းတွင် ဖော်ပြသည်။ လုပ်ငန်းများလုပ်ဆောင်ရာတွင် ရှုပ်ထွေးမှုများကို လျှော့ချနိုင်ရန်အတွက် ဝန်ကြီးဌာနလက်အောက်ရှိ အေဂျင်စီအားလုံးကို အဖွဲ့တစ် ခုတည်းအဖြစ် ဖွဲ့ စည်းဆောင် ရွက်သွားရန် ရည်ရွယ်ကြောင်း ထိုင်းနိုင်ငံဒစ်ဂျစ်တယ် စီးပွား ရေးနှင့် လူ့အဖွဲ့အစည်းဝန်ကြီးဌာန ဝန်ကြီး ပီချက်ဒူ ရောင်း ကာဗာရိုဂျီက ပြောသည်။
      လာမည့်နှစ်တွင် ထိုင်းနိုင်ငံအတွင်းရှိ ကျေးရွာတိုင်းကို မြန်နှုန်းမြင့် ဘရော့ဘင် ဆက်သွယ်မှုရရှိအောင် ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်နေကြောင်း သူက ပြောသည်။ ဤရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန်အတွ က် စီမံကိန်းတွင် ပါဝင်သူအဖွဲ့အစည်းအားလုံးနှင့် ဝန်ကြီးဌာနတို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးဆောင်ရွက်မည် ဖြစ်ကြောင်း သူကပြောသည်။ အာဆီယံဒေသအတွင်းရှိ အခြားနိုင်ငံများနှင့် ဆက်သွယ်မှု တိုးတက်ေ ကာင်းမွန်စေရန်အတွက် ဒစ်ဂျစ်တယ် ဆက်သွယ်မှုလမ်းကြောင်း (Digital Gateways) များကို ဝန်ကြီးဌာနက အသုံးပြုသွားမည်ဖြစ်ကြောင်း သူက ပြောသည်။ ဤသို့ ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ၊ စီးပွားရေးလုပ်ငန်း များနှင့် အစိုးရ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု လုပ်ငန်းများနှင့် ဒစ်ဂျစ်တယ်ထောက်ပံ့ ပို့ဆောင်မှု လုပ်ငန်းများ စီမံကိန်းအတွင်း ပါဝင်လာအောင် အထောက်အကူပေးမည် ဖြစ်ပြီး ထိုသို့ ပါဝင်လာခြင်းဖြင့် ထိုင်းနိုင်ငံနှင့် ဒေသအတွင်း ရှိ  နိုင်ငံများအတွက် အကျိုးကျေးဇူးများကို ဖြစ်ထွန်းလာစေနိုင် ကြောင်း သူက ပြောသည်။
      "ထိုင်းနိုင်ငံကို  ဒစ်ဂျစ်တယ်စနစ် ထူထောင်ရာမှာ ဒစ် ဂျစ်တယ်အသိုက်အဝန်းတစ်ခု ဖန်တီးရေးကို ဦးတည်ဆောင် ရွက်မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်းဖြင့် ပြည်သူတွေက အွန်လိုင်းစနစ်နဲ့ စီးပွားရေးကို ဆောင်ရွက်နို င်ပြီး လူ့အဖွဲ့ အစည်းအတွင်းရှိ ပြည်သူတွေအတွက် အကျိုးစီးပွားတွေကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်"။ ဝန်ကြီးဌာနသည် "Thailand Digital Big Bang" အခမ်းအနားများကို ကျင်းပပြီး CLMV (ကမ္ဘောဒီးယား၊ လာ အို၊ မြန်မာနှင့် ဗီယက်နမ်) ၊ အာဆီယံ+၃ (တရုတ်၊ ဂျပန် နှင့် တောင်ကိုရီးယား) တို့မှ အမှုဆောင်အရာရှိများကို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ပီချက်ကပြောသည်။

 

ဉာဏ်တင်