Main menu

Background

ပဲမျိုးစုံစိုက်ပျိုးမှု

Fri, 01/06/2017 - 11:44 -- journal_editor

 ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့သော Agri Watch ပဲမျိုးစုံ အစီရင်ခံစာတွင် ဆောင်းရာသီပဲမျိုးစုံ စိုက်ပျိုးမှုအခြေနေ ပြည်ပမှ တင်သွင်းမှုအခြေနေနှင့် ပဲမျိုးစုံ ဈေးနှုန်းများကို သုံးသပ်ဖော်ပြထားသည်။ ယခု သီတင်းပတ်အတွင်းတွင် ပဲမျိုးစုံကုန်သေတ္တာဝင်ရောက်မှုရှိပြီး၊ ဝမ်းပုံ စနစ်ဖြင့် တင်သွင်းလာသည့် ပဲမျိုးစုံလည်း ရောက်ရှိလာမည်ဖြစ်သည်၊ ဆောင်းရာသီစိုက်ပျိုးမှုကိုကြည့်ပါက ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ကြည့်ပါက ယခုနှစ် စိုက်ပျိုးမှု အခြေနေက ပိုမိုတိုတက်နေသည်ကို ကြည့်ပါက ယခင်နှစ်ကာတူနှင့် နှိုင်းယှဉ်ကြည့်ပါက ယခုနှစ် စိုက်ပျိုးမှု အခြေနေက ပိုမိုတိုးတက်နေသည်ကိုတွေ့ရသည်။ ဈေးနှုန်းအခြေနေမှာလည်း အများအားဖြင့် ကျဆင်းမည့် အလားအလာကို တွေ့ရသည်။

ပုံမှန်ဆောင်းပဲမျိုးစုံစိုက်ဧရိယာမှာ ဟတ်တာ ၁၄၀ ဒသမ ၆၇ သိန်းရှိသည့်အနက် ယခုနှစ် ယခုချိန် ထိ စိုက်ပျိုးနိုင်မှုအခြေအနေမှာ ၉၈ ဒသမ ၂၈ ရာခိုင် နှုန်းရှိနေပြီဖြစ်ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်ထိ စိုက်ပျိုးနိုင်မှု အခြေ အနေ မှာ ဟတ်တာ ၁၃၈ ဒသမ ၂၅ သိန်းရှိရာ ယခင်နှစ်ကာလတူက စိုက်ပျိုးနိုင်ခဲ့ သော ဟတ်တာ ၁၂၅ ဒသမ ၇၃ သိန်းနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၉၆ ရာခိုင်နှုန်းသာလွန်နေသည်ကိုတွေ့ရသည်။ ဆောင်းစိုက်သီးနှံများအနက် အဓိကစိုက်ပျိုးသီးနှံဖြစ် သော ကုလားပဲစိုက်ပျိုးမှုမှာ ဟတ်တာ ၈၉ ဒသမ ၂၁ သိန်းထိရောက်ရှိပြီဖြစ်သဖြင့် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဟက်တာ ၁၁ ဒသမ ၃၅သိန်း ပိုမိုသည်ကို တွေ့ရသည်။ ရာသီဥတု အခြေအနေ များ    ကောင်းမွန် နေဆဲဖြစ်သဖြင့် ကုလားပဲစိုက်ပျိုးမှုလုပ်ငန်းများကို ဒီဇင်ဘာလကုန်အထိ ဆက်လက်ဆောင်ရွက်မည်ဟု ခန့်မှန်းထားသည်။ အစိုးရကပေးသော အနိမ့်ဆုံး ထောက်ပံ့ဈေးမှာ တစ်ကွင်တယ်ကို ရူပီး ၄၀၀၀ နှုန်း ရှိသဖြင့် ယခုနှစ်တွင် တောင်သူတို့က  ကုလားပဲ ပိုမို စိုက်မည်ဟု ခန့်မှန်းရသည်။
ဆောင်းရာသီတွင်  ကုလားပဲသီးနှံပြီးလျှင် ရှေ့ကပြေးနေသော သီးနှံမှာ ပဲနီလေးဖြစ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင်  ဧရိယာဟတ်တာ ၁၃ ဒသမ ၀၃ သိန်း စိုက်ပျိုးခဲ့ရာမှ ယခုနှစ်တွင် ဟတ်တာ ၁၅ ဒသမ ၇၃ သိန်း စိုက်ပျိုးနိုင် ခဲ့သဖြင့် ၂၀ ဒသမ ၇၂ ရာခိုင်နှုန်း ပိုမိုစိုက်ပျိုးနိုင်ခဲ့သည်။ အလားတူပင် ပဲစိမ်း လုံးက ၆ ဒသမ ၆၈ ရာခိုင်နှုန်းပိုမို စိုက်ပျိုး နိုင်ခဲ့သည်။ သို့သော်လည်း မတ်ပဲ၊ ပဲတီစိမ်း စသည့် ပဲများ၏ စိုက် ပျိုးမှုအခြေအနေမှာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ် ပါက ကျဆင်းလျက်ရှိသည်ကို တွေ့ရသည်။ သို့သော် လည်း ပဲတီစိမ်းစိုက်ပျိုးရာသီက ဇန်နဝါရီအထိ ဆက် လက်တည်ရှိနေပြီမည်ဖြစ်သဖြင့်   ယခင်နှစ်များက ပုံမှန်စိုက်ပျိုးခဲ့သော ဧရိယာ ကို ပြည့်မီနိုင် မည်ဟု ခန့် မှန်းရသည်။ မတ်ပဲစိုက်ပျိုးသော ဒေသများတွင်အခြား ပဲမျိုးစုံနှင့် ငရုတ်ကောင်းတို့ကို အစားထိုး စိုက်ပျိုး လျက်ရှိသဖြင့် မတ်ပဲစိုက်ပျိုးမှုမှာအနည်းငယ် ကျဆင်း နိုင်သည်။
ပဲမျိုးစုံတင်သွင်းမှု
အိန္ဒိယနိုင်ငံ နာဗာရှီဗာဆိပ်ကမ်းမှာ ဒီဇင်ဘာ ၂၂ ရက်က ပဲမျိုးစုံကုန်သေတ္တာအလုံး ၂၇၀ ရောက်ရှိ ခဲ့သည်။ ရောက်ရှိသော ပဲမျိုးစုံ ကုန်သေတ္တာများအနက် ၂၇ ဒသမ ၀၄ ရာခိုင်နှုန်းမှာ သြစတြေးလျနှင့် ရုရှားမှ တင်သွင်းသော ကုလားပဲများဖြစ်သည်။ ပဲနီလေး တင် သွင်းမှုမှာ အချိုးအစား  အများဆုံးဖြစ်သည်။ ကုန် သေတ္တာ စုစုပေါင်း၏ ၃၁ ဒသမ ၈၅ ရာခိုင်နှုန်းရှိပြီး ယူဂန္ဓာနှင့် ကနေဒါမှ တင်သွင်းသောပဲများ ဖြစ်သည်။ အလားတူပင် မာလာဝီနှင့် မိုဇမ်ဘစ်နိုင်ငံတို့မှ တင် သွင်းသော ပဲတီစိမ်းနှင့် ပဲစင်းငုံတို့လည်းပါဝင်သည်။ ပဲမျိုးစုံကို ဆက်လက်တင်သွင်းဦးမည့် အလားအလာ ရှိသဖြင့် ပြည်တွင်းပဲဈေးနှုန်းအပေါ်တွင်   အကျိုး သက်ရောက်မှု ရှိနိုင်သည်။ဝမ်းပုံ အလိုက်တင်သွင်းသည့် ပဲအခြေအနေကို ကြည့်ပါက ဒီဇင်ဘာ ၂၈ ရက်တွင် မွမ်ဘိုင်းဆိပ်ကမ်းသို့  သြစတြေးလျကုလားပဲ ၁၉၉၅၀ တန်ရောက်ရှိမည်ဖြစ် သည်။ ထို့ပြင် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် မန်ဒရာဆိပ်ကမ်းသို့ ၂၇၂၇၇ တန်ကျော် ရောက်ရှိမည် ဟု ခန့်မှန်းထားသည်။
ပဲဈေးနှုန်းအခြေအနေ
မဟာရရှတ္တရပြည်နယ် လာတာမြို့တွင် ပဲစင်း ငုံဈေးက တစ်ကွင်တယ်ကို ရူပီး ၂၅၀ မြင့်တက်ပြီး ရူပီး ၅၀၀၀ မှ ၅၁၂၅ ရူပီး နှုန်းအကြား အတက်အကျရှိသည်။ ဝီဂျေဝါရာတွင် ကုလားပဲဈေးမှာ  တစ်ကွင်တယ်ကို ရူပီး ၉၁၀၀ နှုန်း ရှိသည်။ မတ်ပဲဈေးက ရူပီး ၇၀၀၀ မှ ၇၁၀၀ အကြားတွင်ရှိသည်။  မွမ်ဘိုင်းဈေးကွက်တွင် ယခင်ရက်သတ္တပတ်အတွင်းက အချို့ပဲမျိုးစုံဈေးနှုန်း များ မြင့်တက်မှုအနည်းငယ်ရှိခဲ့သော်လည်း အားလုံး ခြုံကြည့်ပါက ဈေးကျလျက် ရှိနေသည်ကို တွေ့ရသည်။
မွမ်ဘိုင်းဈေးကွက်တွင် ပဲစင်းငုံဈေးကွက်က တစ်ကွင်တယ်ကို ၄၇၇၅ ရူပီးမှ ရူပီး၄၈၀၀ နှုန်းကြား ရှိခဲ့သည်။ ပဲသစ်များပေါ်လာမည်ဖြစ်သဖြင့် ပဲစင်းငုံနီ ဈေးနှုန်းမှာ ဈေးတန့်နေရာမှ ကျဆင်းမည့်လက္ခဏာ ကို တွေ့ရသည်။ မတ်ပဲဈေးမှာလည်း တစ်ကွင်တယ်ကို ရူပီး ၆၈၀၀ မှ ရူပီး ၆၅၀၀ သို့ ကျဆင်းခဲ့ပြီး ဆက်လက် ကျဆင်းမည့်လက္ခဏာကို တွေ့ရသည်။ မတ်ပဲဝယ်လို အား ကျဆင်းမှု၊ အခြားဈေး ချိုသော ပဲများရရှိမှုတို့ ကြောင့် မတ်ပဲေ ဈး မြင့်တက်မည့် အရှိန်အဟုန်ကို ကျဆင်းစေခဲ့သည်။
မွမ်ဘိုင်းဈေးကွက်တွင် သြစတေးလျ ကုလားပဲ ဈေးမှာ ရူပီး ၉၀၀၀ မှ  ၉၁၀၀ ကြားရှိပြီး အီသီယိုး ပီးယားနှင့် တန်ဇန်နီယား ကုလားပဲဈေးများမှာ  ရူပီး ၈၂၀၀ နှင့် ၉၁၀၀ ဈေး အသီးသီးရှိခဲ့သည်။ ဒီဇင်ဘာ နှင့် ဇန်နဝါရီတွင် အမြောက်အမြား တင်သွင်းလာမည့် လက္ခဏာများ ကြောင့် ကုလားပဲဈေးက အကျဘက်သို့ ဆက်လက်ဦးတည်နေသည်။မွမ်ဘိုင်းဈေးကွက်တွင်  ပဲနီလေးအဖွင့်ဈေးက တစ်ကွင်တယ်ကို ရူပီး ၄၅၅၀ နှင့် ၄၇၀၀ ကြားတွင် ရှိပြီး ကနေဒါပဲစိမ်းလုံးက ၂၃၉၁ ရူပီးနှင့် ၂၄၀၁ ရူပီး နှုန်းကြားတွင်ရှိသည်။ ရုရှားပဲ စိမ်းလုံးဈေးမှာ တစ် ကွင်တယ်ကို ၂၃၅၁ ရူပီးနှုန်းရှိသည်။ ပြည်တွင်းဈေး ကွက်မှာ ဝယ်လိုအား ကျဆင်းလျက်ရှိပြီး ဝယ်လက် များက အသုံးလိုမှသာ ဝယ်ယူလျက်ရှိသည်။ ပဲအမျိုး မျိုးထုတ်လုပ်မှုမှာ မိုးရာသီတွင် ကောင်းမွန်ခဲ့ပြီးနောက် ဆောင်းရာသီမှာလည်း အလားအလာများ ကောင်း မွန်လျက်ရှိသည်။ ရုရှား၊ ကနေဒါနှင့် သြစတေးလျတို့မှ ပဲများဆက်တိုက် ဝင်နေ သဖြင့် ရောင်းလိုအားမှာ မြင့် တက်လျက်ရှိသည်။
အပြည်ပြည်ဆိုင်ရာ ပဲမျိုးစုံဈေးကွက်
အမေရိကန်ပြည်ထောင်စု လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန၊ အမျိုးသားလယ်ယာစိုက်ပျိုးရေးစာရင်းအင်းလုပ်ငန်း(NASS) က ပဲစိမ်းလုံး၊ ပဲနီလေးနှင့် ကုလားပဲတို့၏ စိုက်ပျိုး၊ ရိတ်သိမ်း၊ ထုတ်လုပ်မှုကိန်း ဂဏန်းများကို ယခုရက် သတ္တပတ် အတွင်း  ထုတ်ပြန် ခဲ့သည်။ အမေရိကန်ပြည်ထောင်စု ပဲအထွက်နှုန်းက(Dry Pea and Lentil Council) က ၁၂၅၅၉၁၁ တန်ထွက်ရှိမည် ခန့်မှန်းထားသော်လည်းNASS  ကမူ ၁၂၂၆၀၂၇ တန်ရှိမည်ဟု ဒီဇင်ဘာ အစီရင်ခံစာတွင် ခန့်မှန်းထားသည်။ ပဲနီးလေးကိုမူNASS က ၅၆၄၀၉၃ တန် ထွက်ရှိမည်ဟု ခန့်မှန်းပြီးDPLC  ကမူ ၆၂၃၃၀၇ တန် ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။ ကုလားပဲ ထုတ်လုပ် မှုမှာ ၃၃၆၄၉၇ တန်ရှိမည်ဟDPLC  က ခန့်မှန်းသည်။
အမေရိကန်ပြည်ထောင်စု ပဲတင်ပို့မှုမှာ စက် တင်ဘာလအတွင်းက စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် အောက်တိုဘာ တင်ပို့မှုမှာ ပြန်လည်ကျဆင်းခဲ့သည်။ ပဲစိမ်းလုံးတင်ပို့မှုမှာ စက်တင်ဘာက တန်ချိန်တစ် သိန်းရှိ ခဲ့ရာ မှ အောက်တိုဘာ တွင် ၃၈၆၀၀ တန်သာ ရှိခဲ့သည်။ အများအားဖြင့် ပို့ကုန်ကျဆင်းခဲ့သည်မှာ အိန္ဒိယသို့တင်ပို့မှု  ကျဆင်းသောကြောင့် ဖြစ်သည်။ ပဲနီလေးတင်ပို့မှုမှာလည်း စက်တင်ဘာနှင့် နှိုင်းယှဉ်ပါ က အောက်တိုဘာတွင် ကျဆင်းခဲ့သည်။ပဲမျိုးစုံ ဈေးနှုန်းအလားအလာမှာ  ဈေးနှုန်းတန့် နေရာမှ ကျဆင်းနိုင်သည့် အခြေအနေရှိသည်။

            စံမီအောင်