Main menu

Background

အိန္ဒိယပဲဈေးကွက်

Thu, 01/19/2017 - 15:47 -- journal_editor

ဇန်နဝါရီ  ၉ ရက်က ထုတ်ပြန်ခဲ့သော အဂရီ  ဝပ်ချ် ရက်သတ္တပတ် အစီရင်ခံစာတွင် အိန္ဒိယနိုင်ငံ ဆောင်းရာသီပဲမျိုးစုံ စိုက်ပျိုးမှုအခြေအနေနှင့် မွမ် ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်လျက်ရှိသော ပြည်တွင်း ပဲဈေးနှုန်း၊ မြန်မာ ပဲမျိုး စုံနှင့် ပြည်ပမှဝင်ရောက်လာ သော ပဲမျိုးစုံတို့၏  ဈေးနှုန်းများကို ဖော်ပြထားသည်။
ပဲမျိုးစုံဆောင်းရာသီစိုက်ပျိုးမှု
ဆောင်းရာသီပဲမျိုးစုံ  စိုက်ပျိုးမှု အခြေအနေမှာ ၂၀၁၇ ခုနှစ်ဇန်နဝါရီ ၆ ရက်အထိ ဟက်တာ ၁၅၂ ဒသမ ၆၃ သိန်းထိရှိခဲ့ရာ ပုံမှန်စိုက်ပျိုးဧရိယာဖြစ်သော ဟက်တာ ၁၅၀ ဒသမ ၆၇ သိန်းထက်  ၈ ဒသမ ၅၀ ရာခိုင်နှုန်း၊ ယခင်နှ စ်ကာလတူက စိုက်ပျိုးခဲ့သော ဧရိ ယာဖြစ်သည့် ဟတ်တာ ၁၃၄ ဒသမ ၅၄ သိန်းထက် ၁၃ ဒသမ ၄၃ ရာခိုင်နှုန်း ပိုမိုစိုက်ပျိုးခဲ့သည်ကို တွေ့ရ သည်။ ဆောင်းစိုက်ပဲမျိုးစုံတွင် အဓိကသီးနှံဖြစ်သော ကုလားပဲသီးနှံစိုက်ပျိုးမှုမှာ ဟက်တာ ၉၆ ဒသမ ၈၆ သိန်းရှိခဲ့ရာ ယခင်နှစ်ကာလတူက စိုက်ပျိုးမှုထက်သာ လွန်ခဲ့သည်။ ရာသီဥတုအခြေအနေက ကောင်းမွန် လျက်ရှိသဖြင့် ပုံမှန်စိုက်ပျိုးမှုဧရိယာဖြစ်သော ဟက် တာ ၈၈ ဒသမ ၃၇ သိန်းကိုလ ည်း ကျော် လွန် စိုက်ပျိုး နိုင်သည်ကိုတွေ့ရသည်။ အနိမ့်ဆုံးထောက်ပံ့ ဈေးနှုန်း (MSP) မှာလည်း ဘောနပ်အပါအဝင် တစ်ကွင် တယ်ကို ရူပီး ၄၀၀၀ အထိ  ရှိခဲ့သည့်အတွက်ကြောင့် လည်းကောင်း၊ ဈေးကွက်ဈေးနှုန်းများ၏  ဆွဲဆောင် မှုကြောင့်လည်းကောင်း ပဲတောင်သူတို့က ကုလားပဲကို တိုးချဲ့စိုက်ပျိုးလာကြသည်။ သို့သော်လည်း အန္ဒရာ ပရာဒေ့ရှ်နှင့် ကာနာတာကာ ဒေသတို့တွင် စိုက်ပျိုး မှုမှာ ၂၁ ရာခိုင်နှုန်းနှင့် ၃၀  ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သည်။
ဆောင်းရာသီပဲမျိုးစုံ စုစုပေါင်း စိုက်ပျိုးမှုဧရိယာ အနက် ယခုနှစ် ဇန်နဝါရီ ၆  ရက်အထိ ပဲနီလေး စိုက်ပျိုးမှု  အခြေအနေမှာ ဟက်တာ ၁၆ ဒသမ ၃၇ သိန်းရှိသည့်အတွက် ယခင်နှစ်ကာလတူ  စိုက်ပျိုးခဲ့ သော ဟက်တာ ၁၃ ဒသမ  ၈၆ သိန်းထက် ၁၈ ဒသမ ၁၁ ရာခိုင်နှုန်း၊  ပဲစိမ်းလုံးက ယခင်နှစ်က စိုက်ပျိုးခဲ့ သော ဟက်တာ ၁၁ ဒသမ ၀၇ သိန်းထက် ၁၉ ဒသမ ၅၅ ရာခိုင်နှုန်း ပိုမိုပြီး ဟက်တာ ၉ ဒသမ ၂၆ သိန်းထိ စိုက်ပျိုးနိုင်ခဲ့သည်။ ပဲတီစိမ်းကို ဇန်နဝါရီလကုန်အထိ ဆက်လက်စိုက်ပျိုးဦးမည် ဖြစ်သည့်အတွက် ပုံမှန်စိုက် ပျိုးဧရိယာကို ပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဟု ခန့် မှန်းထားသည်။ မတ်ပဲစိုက်ပျိုးမှုမှာလည်း ယခင်ရက် သတ္တပတ် စိုက်ပျိုးမှုနှင့်  နှိုင်းယှဉ်ပါက ၆ ဒသမ ၅၉ ရာခိုင်နှုန်းပိုမိုပြီး ဟက်တာ ၇ ဒသမ ၆ သိန်းထိ စိုက် ပျိုးနိုင်ခဲ့သည်။ မိုးရာသီစိုက်ပျိုးမှုကလည်း အထွက် ကောင်းခဲ့သည့်အပြင် ဆောင်းရာသီစိုက်ပျိုးမှုက လည်း အလားအလာကောင်းမည့်  အခြေအနေဖြစ် သည့်အတွက်   ဈေးနှုန်းအပေါ်တွင် အကျိုးသက် ရောက်မှုရှိခဲ့သည်။
အစိုးရဝယ်ယူဖြည့်တင်းမှု
၂၀၁၇ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ အိန္ဒိယ အမျိုးသားလယ်ယာစိုက်ပျိုးရေး ကျေးလက်သမဝါယမ ဈေးကွက် ရှာဖွေရေးဖက်ဒရေးရှင်း (NAFED)  က ပဲမျိုးစုံ တန်ချိန် ၁၅၆၄၃၄ တန်ကို အနိမ့်ဆုံးထောက် ပံ့ ဈေးနှုန်း (MSP)  ဖြင့် ဝယ်ယူဖြည့်တင်းခဲ့သည်။ စုစုပေါင်း ဝယ်ယူခဲ့သော ပဲမျိုးစုံအနက် ပဲတီစိမ်း ၁၀၃၀၁၁ တန်၊ မတ်ပဲ ၄၆၁၆၀ တန်၊ ပဲစင်းငုံ ၇၂၆၃ တန်ကို ဝယ်ယူ ဖြည့်တင်းခဲ့သည်။ မတ်ပဲကို ဝယ်ယူရာတွင် ဈေးကွက် ပေါက်ဈေးဖြင့် ဝယ်ယူ ခဲ့သည်။
ပဲမျိုးစုံဈေးကွက် ဝင်ရောက်မှု
အိန္ဒိယတောင်ပိုင်းရှိ ပဲမျိုးစုံတင်သွင်းသူများက ဒီဇင်ဘာ နောက်ဆုံးရက်သတ္တပတ်မှာ ပဲမျိုးစုံကုန် သေတ္တာ ၃၂၆ လုံး တင်သွင်းခဲ့သည်။ စုစုပေါင်းတင် သွင်းခဲ့သော ကုန်သေတ္တာများအနက် ပဲနီလေးက ကုန်သေတ္တာ ၁၇၁ လုံး၊ မတ်ပဲက ၈၆ လုံးနှင့် ကုလားပဲ က ၆၅ လုံးရှိသည်။ ပဲတီစိမ်းနှင့် ပဲစင်းငုံက ၂၅ လုံးနှင့် ၁၈ လုံး အသီးသီးရှိခဲ့သည်။ထို့ပြင်၂၀၁၇  ခုနှစ်  ဇန်နဝါရီ ၆  ရက်တွင် သြစတြေးလျမှ ကုန်သေတ္တာ ၂၃၇ လုံး   နာဗာရှီဗာ ဆိပ်ကမ်း သို့ ရောက်ရှိခဲ့သည်။ ရောက်ရှိခဲ့သော ပဲမျိုးစုံ အနက် မတ်ပဲက ကုန်သေတ္တာ ၁၄ လုံးနှင့် ပဲတီစိမ်း ၂ လုံးပါရှိကြောင်း သိရသည်။
ရာသီဥတုကောင်းမွန်မှုကို အခြေခံ၍ ၂၀၁၇-၁၈ ခုနှစ် ပဏာမခန့်မှန်းချက်အရ ၂၀၁၇-၁၈ သီးနှံ ရာသီတွင် ကုလားပဲထွက်ရှိမှုမှာ တန်ချိန်  သိန်း ၉၀ ရှိမည့်ဟု ခန့်မှန်းထားသည်။ သို့ဖြစ်ရာ ယခင်နှစ်ထွက် ရှိမှုနှင့် နှိုင်းယှဉ်ပါက ၁၃ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသည်။ ရာသီအစတွင် ကုလားပဲအဝင်မှာ တန် ၁ ဒသမ ၆  သိန်းရှိမည်ဟု ခန့်မှန်းထားသည်။ ၂၀၁၇-၁၈ သီးနှံရာသီတွင် ကုလားပဲတင်သွင်းမှုကို တန်ချိန် ၁၀ သိန်းမှ ၅ သိန်းထိ ၅၀ ရာခိုင်နှုန်း လျှော့ချ တင်သွင်းမည်ဟု ခန့်မှန်းထားသည်။
ပဲမျိုးစုံဈေးနှုန်း
လက်လီဈေးကွက်များမှ ဝယ်လိုအားကျဆင်း မှုနှင့် လက်ကားဝယ်ယူမှုများတွင်လည်း   အကန့် အသတ်ဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် လက်ငင်းဝယ် ယူသော ဈေးကွက်တွင် ဈေးနှုန်းကျဆင်းလျက်ရှိသည်။ သွင်းကုန်စီးဝင်မှု များပြားသည့်အတွက် ရောင်းလိုအား က မြင့်မားခဲ့သည်။  မွမ်ဘိုင်းဈေးကွက်တွင် ပဲစင်းငုံနီ ဈေးက တစ်ကွင်တယ်ကို  ရူပီး ၄၃၀၀နှုန်းရှိခဲ့သည့် အတွက် ယခင်ရက်သတ္တပတ်ဈေးအောက် ရူပီး ၃၀၀ နှုန်းကျဆင်းခဲ့သည်။ မတ်ပFAQျ ဈေးမှာ ရူပီး ၅၀၀ ကျဆင်းပြီး တစ်ကွင်တယ်ကို   ရူပီး ၄၃၀၀ နှုန်းရှိ ခဲ့သည်။ အခြားပဲဈေးနှုန်းများလည်း ကျဆင်းလျက် ရှိသဖြင့် ဈေးနှုန်းဆက်လက်ကျဆင်းမည့် လက္ခဏာရှိ သည်။ မတ်ပဲSQ  က တစ်ကွင်တယ်ကို ရူပီး ၆၅၀၀ နှုန်းရှိသည်။
မြန်မာပဲစင်းငုံဈေးမှာ တစ်တန်ကို  အမေရိကန် ဒေါ်လာ ၆၆၀ ပေါက်ဈေးရှိသည်။ ပဲဟောင်းဈေးမှာ မွမ်ဘိုင်းဈေးကွက်တွင်   တစ်တန်ကို   အမေရိကန် ဒေါ်လာ ၆၅၀ ပေါက်ဈေးရှိသည်။ မတ်ပဲFAQ  ဈေးမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ  ၈၉၀ နှင်SQ  က ၉၆၅ ဒေါ်လာနှုန်းရှိသည်။  ပခုက္ကူပဲတီစိမ်းဈေးမှာ တစ်တန်ကို အမေရိကန်ဒေါ်လာ ၆၃၀ နှုန်းရှိခဲ့သည်။
မွမ်ဘိုင်းဈေးကွက်တွင် ကုလားပဲဈေးမှာ ရူပီး ၃၀၀ ကျဆင်းပြီး တစ်ကွင်တယ်ကို ရူပီး ၆၂၀၀ နှုန်း ရှိခဲ့သည်။ အီသီယိုးပီးယားနှင့် တန်ဇန်နီးယားမှ  လာ သော ကုလားပဲဈေးမှာ မွမ်ဘိုင်းဈေးကွက်တွင် တစ် ကွင်တယ်ကို ရူပီး ၆၅၀၀ နှင့် ၆၃၀၀ ဈေး အသီးသီး ရှိခဲ့သည်။ ကုလားပဲစိုက်ပျိုးဧရိယာမှာ မြင့်တက်လျက် ရှိသဖြင့် ဈေးကျနိုင်သည့် အလားအလာရှိနေသည်။ ဖေဖော်ဝါရီလတွင် ပဲသစ်များဝင်ရောက်လာမည် ဖြစ်သည့်အတွက်  လောလောဆယ်တွင်  ဈေးတက် မည့် လက္ခဏာမရှိသေးပါ။  ဒေလီဈေးကွက်တွင် ရာဂျက်စသန် ကုလားပဲဈေးက တစ်ကွင်တယ်ကို ရူပီး ၆၉၀၀၊ မဒ္ဒယာပရာဒေ့ရှ်  ကုလားပဲက  ရူပီး ၆၄၀၀ နှုန်းရှိခဲ့သည်။ အားလုံးခြုံကြည့်မည်ဆိုပါက ကာလတို နှင့်  ကာလလတ်တွင် ဈေးနှုန်းကျဆင်းနေဦးမည် ဖြစ် သည်။ ကုလားပဲဈေးကို အခြေပြုလျက် မွမ်ဘိုင်း ဈေးကွက်တွင်  ပဲစိမ်းလုံးဈေးမှာ  တစ်ကွင်တယ်ကို ၂၃၇၁ ရူပီးနှုန်းရှိခဲ့ပြီး  ဈေးတက်ဦးမည့် လက္ခဏာ မတွေ့ရပေ။မွမ်ဘိုင်းဈေးကွက်တွင် ရုရှားနှင့် ဟာဝီရာ ပဲစိမ်းလုံးပေါက်ဈေးမှာ တစ်ကွင်တယ်ကို ၂၃၅၁ ရူပီး နှင့် ၂၄၂၁ ရူပီးနှုန်း အသီးသီးရှိခဲ့သည်။ ပြည်တွင်း ဈေးကွက်တွင် ပဲသစ်များ ဇန်နဝါရီမှ စတင်ဝင်ရောက် လာတော့မည် ဖြစ်သဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ မတ်လတို့တွင် ပဲစိမ်းလုံးဈေးမှာ ရူပီး ၂၀၀၀ ဝန်းကျင် သာရှိနိုင်သည်။
ပဲနီလေးဈေးကွက်တွင်လည်း  ထုတ်လုပ်မှုမြင့် တက်မည့် အလားအလာ၊ ကနေဒါနှင့် သြစတြေးလျ ပဲနီလေးတင်သွင်းမှု   မြင့်တက်မည့် အခြေအနေတို့ ကြောင့် ဈေးနှုန်းအခြေအနေမှာ   ကျဈေးဘက်သို့ အလေးသာနေသည်။ အိန္ဒိယနိုင်ငံတစ်ဝန်းလုံးရှိ ဈေး ကွက်အများစုတွင် ပဲနီလေးဈေးက တစ်ကွင်တယ်ကို ရူပီး ၄၆၀၀ နှုန်းဖြင့် ရောင်းချလျက်ရှိနေပြီး မွမ်ဘိုင်း ဈေးကွက်တွင် ကနေဒါပဲနီလေးဈေးက တစ်ကွင်တယ် ကို ရူပီး ၄၃၀၀ နှုန်းနှင့် သြစတေးလျ ပဲနီလေးက တစ်ကွင်တယ်ကို ရူပီး ၄၆၅၀ နှုန်းရှိခဲ့သည်။ ငွေစက္ကူ တရားမဝင်ကြေညာမှုကြောင့်   ပုံမှန်အရောင်းအဝယ် လုပ်ငန်းကို ထိခိုက်မှုရှိခဲ့ပြီး ဝယ်လိုအားကျဆင်းနေဦး မည့် အခြေအနေရှိသည်။