Main menu

Background

အာဖရိကမှ ဆန်ပိုမိုဝယ်ယူမှုကြောင့် အိန္ဒိယ ဆန်ဈေးမြင့်တက်

Wed, 02/01/2017 - 12:26 -- journal_editor

        တရုတ်နှစ်သစ်ကူးရာသီကြောင့် ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများရှိ ဆန်ပို့ကုန်ဈေးကွက်များတွင် ဝယ်လက်မရှိ သဖြင့် ဈေးကွက်အေးနေသော်လည်း အိန္ဒိယနိုင်ငံတွင်မူ  အစိုးရကိုယ်စားလှယ်များနှင့် ပို့ကုန်လုပ်ငန်းရှင်များက ဆန်ကို သူ့ထက်ငါ အပြိုင်အဆိုင်ဝယ်ယူလျက်ရှိခြင်းကြောင့် အိန္ဒိယနိုင်ငံတွင် ဆန်ဈေးနှုန်းသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ လ တတိယပတ်အတွင်း ဈေးတက်ခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာတွင် ဆန်အများဆုံးတင်ပို့သည့် အိန္ဒိယနို င်ငံ တွင် အစိုးရကိုယ်စားလှယ်များနှင့် ပို့ကုန်လုပ်ငန်းရှင်များ က ပြည်တွင်းဈေးကွက်ရှိ မကြိတ်ခွဲရသေးသည့် ဆန်များကို ဈေးမြှင့်၍ ဝယ်ယူမှုကြောင့် ဆန်ကွဲငါးမှတ်ပါ ပေါင်းဆန် ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၂ မှ ၃၅၇ သို့ ဈေးတက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အာဖရိကနိုင်ငံရှိ ဝယ်လက်များမှ ဆန်ဝယ်ယူမှု တိုးတက်ခဲ့ကြောင်း၊ ဆန်ဈေးကွက်တွင် ဆန်သစ် ရောင်းလို အားများသော်လည်း အစိုးရကိုယ်စားလှယ် များ အပြိုင်  ဝယ်ယူလျက်ရှိကြောင်းသိရှိရသည်။
       အိန္ဒိယနိုင်ငံ၏   စပါးအထွက်နှုန်းသည် စပါးစိုက် ရာသီဖြစ်သည့် ၂၀၁၇ ခုနှစ် ဇွန်လတွင် တန်ချိန် ၉၃ ဒသမ ၈၈ သန်း ထွက်ရှိနိုင်မည်ဖြစ်ပြီး အဆိုပါပမာဏသည် ယမန် နှစ်က ထွက်ရှိမှုထက် ၂ ဒသမ  ၈၁ ရာခိုင်နှုန်းမြင့် တက်မည် ဖြစ်ကြောင်းသိရှိရသည်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်တွင် ဆန်ကွဲငါးမှတ်ပါ ထိုင်းဆန် (FOB) ဗန်ကောက် သတ်မှတ်ဈေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၀ မှ ၃၆၅ အတွင်းရှိ ခဲ့ပြီး၊ တရုတ်နှစ် သစ် ကူးပိတ်ရက်များကြောင့် သင်္ဘောတင် ပို့မှုလုပ်ငန်းများ ရပ်နားထားသဖြင့် ကုန်အမှာစာများ မရှိ ခဲ့ကြောင်း သိရှိရသည်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဆန်ကွဲ ငါးမှတ်ပါ ဗီယက်နမ်ဆန်  (FOB) Saigon ဈေးနှုန်း သည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၅ မှ ၃၅၀ အတွင်း ရှိသော်လည်း ပြည်ပဝယ်လိုအား မရှိခြင်းကြောင့် ဇန်န ဝါရီလ တတိယပတ်အတွင်း တစ်တန်လျှင်   အမေရိကန် ဒေါ်လာ ၃၃၅ မှ ၃၄၅ သို့ ဈေးကျဆင်းခဲ့ကြောင်း ဟိုချီမင်းရှိ ဆန်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

 

စန္ဒာထွန်း(TTI)