Main menu

Background

မောင်းသူမဲ့ကား ရှေ့ပြေးပုံစံများတွင် လူသားအကူအညီ အနည်းငယ်သာလိုအပ်

Thu, 02/09/2017 - 11:59 -- journal_editor

        မောင်းသူမဲ့မော်တော်ကား ရှေ့ ပြေးပုံစံများကို ကယ်လီဖိုးနီးယားလမ်း များနှင့် အဝေးပြေးလမ်းမများပေါ်တွင် လူ့ အကူအညီမပါဘဲ စမ်းသပ်မောင်း နှင်ရာတွင်   အခြေအနေ  တိုးတက် ကောင်းမွန်သည်ဟု  ကယ်လီဖိုးနီး ယားသယ်ယူပို့ဆောင်ရေး ကြီးကြပ် ရေးအဖွဲ့က ဖေဖော်ဝါရီ ၁ ရက်တွင် အများပြည်သူသို့ ထုတ်ပြန်ချက်အရ သိရကြောင်း အေပီသတင်းတွင် ဖော်ပြသည်။ ယခုထုတ်ပြန်ချက်သည် အများ ပြည်သူလမ်းမများပေါ်တွင် မော်တော် ကား ၁၀၀ ကျော်ကို  စမ်းသပ်မောင်းနှင်ပြီး ကုမ္ပဏီ ၁၁ ခုကထုတ်ပြန်ခဲ့သည့် အစီ ရင်ခံစာများနှင့်လည်း ကိုက်ညီမှုရှိသည် ကိုတွေ့ရသည်။ ကုမ္ပဏီ ၁၁ ခု၏ စမ်း သပ်မောင်းနှင်မှုမှာ နည်းပညာဖွံ့ဖြိုး တိုးတက်ရာနေရာဖြစ်သော စီလီကွန်ဗဲလီးဝန်းကျင်ဒေသများတွင်  စမ်းသပ် ခဲ့ခြင်းဖြစ်သည်။ စမ်းသပ်မှုရလဒ် အစီ ရင်ခံစာများကို  ကယ်လီဖိုးနီးယားပြည် နယ် မော်တော်ယာဉ်ဌာနသို့ ပေးပို့ခဲ့ပြီး အဆိုပါ ဌာနက အွန်လိုင်းပေါ်သို့ တင် ပေးခဲ့ခြင်းဖြစ်သည်။
         ကုမ္ပဏီများ၏ စမ်းသပ်မှုများကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၆ ခုနှစ် နိုဝင်ဘာအထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်ကမူ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် လူများကကားပေါ်တွင် ပါရှိသော ကွန်ပျူတာဆော့ဖ်ဝဲများြ ဖင့် ထိန်းချုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဂူးဂဲလ်၏ မောင်းသူမဲ့မော်တော် ကားစီမံကိန်းအဖြစ် မကြာမီဆောင်ရွက်ခဲ့သော Waymo အစီအစဉ်က အခြားသော ကုမ္ပဏီ ၁၀ ခုထက် စမ်းသပ်မှုများကို ပိုမိုဆောင်ရွက်ခဲ့ရာ အောင်မြင် မှု များ ရရှိထားသည်။ ဂူးဂဲလ်စမ်းသပ်မှုက မိုင်ပေါင်း ၆၃၅၀၀၀ ရှိပြီး ထိုခရီးစဉ်တွင် နည်းပညာအရ အခက်အခဲ တစ်စုံတစ်ရာ ချွတ်ယွင်းမှု သို့မဟုတ် ကားလည်ပတ်မှု စနစ်ရပ်ဆိုင်းသဖြင့် လိုက်ပါလာသော ယာဉ်မောင်းက ဝင်ေ ရာက် ထိန်းသိမ် ရသော အကြိမ် ၁၂၄ ကြိမ်ရှိခဲ့သည်။ ဂူးဂဲလ်စမ်းသပ်ချက်တွင် တွေ့ရသော ချို့ယွင်းမှုမှာ မိုင်ပေါင်းတစ်သောင်း တွင်နှစ်ကြိမ်နှုန်းလောက်သာရှိသဖြင့် ယခင်နှစ်က စမ်းသပ်ချက်ရလဒ်ဖြစ် သော မိုင်တစ်သောင်း တွင် ရှစ်ကြိမ်နှုန်း အောက်များစွာ   ကျဆင်းခဲ့သည်ကို တွေ့ရသည်။
        Waymo မှ လေ့လာဆန်းစစ်ရေး မှူးက ဤအခြေအနေကို တိုးတက်မှု အဖြစ်အသိအမှတ်ပြုခဲ့သည်။   သို့သော် လည်း  အကျိုးအမြတ်မယူသော အဖွဲ့ အစည်းတစ်ခုဖြစ်သည့်  Consumer Watchdog အဖွဲ့မှ ဂျွန်ဆင် ပဆင်ကမူ ဤနှုန်းမှာ လမ်းမများပေါ်တွင် လက် တွေ့သွားလာနိုင်ရန် အသင့်မဖြစ်သေး ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

 

ဉာဏ်တင်