Main menu

Background

အိန္ဒိယနိုင်ငံမှ ကွမ်းသီးများ ပိုမိုတင်ပို့

Thu, 02/09/2017 - 12:00 -- journal_editor

        အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇန်နဝါရီ ၂၁ရက်မှ ၂၇ရက်အထိ  သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုညဒသမ ၆၄၅ သန်း တန်ဖိုးရှိ ကွမ်းသီး ၇၉၂ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ် ပတ်က ၆၁၈တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၇၄ တန်ပိုမို တင်ပို့နိုင်တယ်လို့သိရပါတယ်။ ပိုမိုရခြင်းမှာ ယခုတစ်ပတ်မှာ တမူးကုန်သွယ်ရေးစခန်းရော ရိဒ်ကုန်သွယ်ရေးစခန်းပါ ကွမ်း သီးများ ပိုမိုတင်ပို့နိုင်တဲ့အတွက်ေ ကြာင့်ဖြစ်တယ်လို့  သိရ ပါတယ်။
          စခန်းအလိုက် တင်ပို့မှုကို ကြည့်ပါက တမူးကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၁၇ သန်းတန်ဖိုးရှိ ကွမ်းသီး ၁၉တန်နဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုညဒသမ ၆၂၈ သန်းတန်ဖိုးရှိ ကွမ်းသီး ၇၇၂တန် ကို တင်ပို့နိုင်တယ်လို့သိရပါတယ်။ တမူးကုန်သွယ်ရေးစခန်းမှ ကွမ်းသီးအပြင် အမေရိကန် ဒေါ်လာ သုည ဒသမ ၃၂၁ သန်း တန်ဖိုးရှိ စီးကရက်၊ငါးလေး ခြောက်နဲ့ နန့်ဖာလုံကုန်စုံတို့ကို ၅၁တန်နဲ့ ရိဒ်ကုန်သွ ယ် ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၂၄၁ သန်း တန်ဖိုးရှိ စီးကရက်၊ စောင်၊ မဝတ်တီရှပ်၊ မစီးဖိနပ်တို့ကို ၄၃ တန် တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ